Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Baby Maung

သူမရဲ့အိမ်နားမှာ ကြက်သားဆန်ပြုတ်များကို ကိုယ်တိုင်လှူဒါန်းကာ ကုသိုလ်ပြုနေတဲ့ ဘေဘီမောင်

မင်းသမီးချောလေး ဘေဘီမောင် ကတော့ အောင်မြင်နေတဲ့သရုပ်ဆောင်တွေ ထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို အပြည့်အဝရရှိနေတဲ့သူလေးပဲဖြစ်ပါတယ် ။ မော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်အသိအမှတ်ပြုတဲ့ မင်းသမီးတစ်လက်လည်းဖြစ်နေပါပြီ ။

ဘေဘီမောင်က အချစ်ရေး မှာလည်း ကံကောင်းတဲ့သူ တစ်ဦးဖြစ်ပြီးတော့ အဆိုတော်သားဂန်း နဲ့လည်း ပျော်ရွှင်ကြည်နူးစရာ relationshipလေးကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။ ဘေဘီမောင်ဟာ အခုလက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေအပြင် စီးပွားရေးဘက်ကိုလည်း ဦးစားပေးပြီးလုပ်ကိုင်နေတာဖြစ်ပြီး ကိုယ်ပိုင်ဖက်ရှင်ဆိုင်ဖွင့်လှစ်ထားတာဖြစ်ပါတယ် ။

အလှူအတန်း ဆိုရင်လည်း ရက်ရော သူလေးဖြစ်ရာ အခုလည်း သူရဲ့ အိမ်နားမှာ ကြက်သားဆန်ပြုတ်များကို ကိုယ်တိုင် လှူဒါန်းကာ မွန်မြတ်တဲ့ အလှူလေး ပြုခဲ့ပါတယ် ။ အလှူပုံလေးတွေနဲ့ အတူ ” ဒီနေ့အဖို့ လှူချင်တဲ့ ကြက်သားဆန်ပြုတ်လေး ဒါနမြောက်စွာ လှူပြီးပါပြီရှင့် နောက်ထပ် ၄ရက်ထပ်လှူပေးအုန်းမှာပါရှင့် ချစ်ရတဲ့ပရိတ်သတ်များလည်းသာဓုခေါ်ပေးပါနော် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Baby Maung

About the author

Ms Cele

Leave a Comment