Celebrity


Written by Ms Cele





Credit:Celelucky

သူမရဲ့ချွေးနဲစာလေးနဲ့ဝယ်ထားတဲ့ အိမ်မှာမနေလိုက်ရတဲ့အကြောင်းကို ပြောပြလာတဲ့ ခေးဆက်သွင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ခေးဆက်သွင် ဟာ ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထား ရတာကြောင့် ရှောင်နေရသူ တစ်ယောက် ပါပဲနော်။ စစ်ကောင်စီမှ အမှုဖွင့်ရုတ်သိမ်းပေးတဲ့ အထဲမှာလည်း မပါဝင်သေးတာကြောင့် လုံခြုံတဲ့ တစ်နေရာမှာ ပုန်းခိုနေပါတယ်နော်။

ခေးဆက်သွင်ဟာ အနုပညာလောက မှာ နာမည်ပျက်မရှိဘဲ ဂုဏ်သတင်းမွှေးပျံ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်နော်။ စုဆောင်းရှာဖွေထားတဲ့ ငွေများကိုလည်း အဖက်တင်အောင် အိမ်ခြံတွေ ဝယ်ယူထားလေ့ရှိပါတယ်နော်။ အာဏာမသိမ်းခင် ကာလတုန်းက သူမနေထိုင်တဲ့ ကွန်ဒိုအခန်းကနေ ကျယ်ဝန်းတဲ့ အိမ်လေးတစ်လုံး ဝယ်ယူပြီးစိတ်တိုင်းကျ ပြင်ဆင်ခဲ့ပါတယ်နော်။

စိတ်ကြိုက် ပြင်ဆင်ပြီးခါမှ အာဏာသိမ်းမှု ဖြစ်သွားပြီး ကိုယ်တိုင်လည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ထွက်ပြေးသွားရ တာကြောင့် အိမ်အသစ်လေးမှာ စိတ်အေးချမ်းစွာ မနေခဲ့ရပါဘူးနော်။ ခေးဆက်သွင်ဟာ ချွေးနဲစာဖြင့် ဆောက်ထားပြီး အိမ်တက်တောင် မလုပ်ရသေးတဲ့ သူမရဲ့ အသစ်စက်စက် အိမ်သစ်လေးကို လွမ်းနေကြောင်း ဝန်ခံထားပါတယ်နော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment