Celebrity


Written by Ms Cele




” 21.6.2021 -ဒီနေ့ဖေဖေသမီးတို့ နားကထွက်သွားတာ (11)နှစ်ပြည့်တဲ့နေ့ ဖေဖေဦးခေါင်းခွဲစိပ်ပြီး သတိတွေလွတ်ကြား ထဲဖေဖေတစ်ယောက်ကလေးတစ်ယောက်လိုကို သနားစရာကောင်းနေရင်းကဖေဖေဆုံးမဲ့နေ့ကျတော့ ဖေဖေရုတ်တရက်ကြီးအကောင်းပကတိဖြစ်တော့အရမ်းတွေပျော်သွားတယ် လမ်းတွေထလျှောက်မေမေ့ကိုဘယ်လောက်ထိကျေးဇူးတင်ကြောင်းတွေပြောဖေဖေ့မိတ်ဆွေတွေကိုမိတ်ဆက်ပြီးည 7:15 လည်းကျရော သမီးက သန်းခေါင်စားရင်းသွားတိုင် အပြန်လမ်းထိပ်မှာအစ်ကိုကြီးကိုတွေ့တယ်အစ်ကိုကြီးကစိတ်အေးအေးထားနော် ဖေဖေဆုံးပြီတဲ့ ရုတ်တရက်ရင်ထဲကနေတစ်ခုခုကိုအကြီးကျယ်ဆွဲထုတ်ခံလိုက်သလိုမိုးကအေးအေးနဲ့ဘာပြောကောင်းမလဲဖေကြီးရယ်စို့တတ်နေတာပဲ လမ်းထိပ်ကနေအိမ်ကိုပြေးဝင်ပြီးဖေဖေအိပ်နေတာလေးငေးကြည့်နေမိတယ်လူတွေကဖေဖေ့ကိုဝိုင်းအုံကြည့်နေကြတာစိတ်ထဲငါ့အဖေအိပ်နေတာပါပြုံးပြုံးလေးကိုအိပ်နေတာငါ့အဖေကအရမ်းStrong ဖြစ်တဲ့လူကြီးပါဒီလောက်လေးနဲ့ငါတို့နားကထွက်သွားမှာမဟုတ်ဘူး ဆိုပြီးလူတွေအုံနေတဲ့ဖေဖေ့အနားလာပြီးဖေဖေ့လက်ကလေးကိုင်ကြည့်တော့ပူပူနွေးနွေးလေးဖေဖေ့လက်အကြောစိမ်းလေးတွေတောင်တွေ့နေရသေးတယ်လေ ဖေဖေ့ရင်ဘတ်လေးလက်နဲ့ထိကြည့်တော့ဖေဖေတကယ်အသက်မရူတော့ဘူးပဲ စိတ်ထဲလက်မခံချင်လည်းလက်ခံရတော့မယ်ဖေဖေ သမီးဖတ်ဖူးတဲ့စာအုပ်ထဲမှာသေဆုံးသူရဲ့မိသားစုဝင်တွေကငိုကြွေးနေရင်ဆုံးတဲ့လူကတစ်ဖက်မှာအပူတွေနဲ့ပြေးနေရတယ်လို့ဖတ်ဖူးလို့သမီးမငိုခဲ့ဘူးလေ မမကြီးနဲ့မောင်လေးကတော့ငိုတာပေါ့ ဖေဖေ့ကိုနောက်ဆုံးအချိန်လိုက်ပို့တဲ့အထိသမီးမငိုခဲ့ဘူးဖေဖေ ဘာကြောင့်ဆိုဖေဖေပင်ပန်းမှာစိုးလို့ သမီးဖေဖေ့ရုပ်အလောင်းကိုကန်တော့ပြီးဖေဖေကောင်းရာသုကတိလားပါစေပဲဆုတောင်းပြီးသမီးမငိုပဲနေခဲ့တယ် ဒီလိုနဲ့ရက်လည်လည်းပြီးရောဖေဖေရယ်အိမ်မှာတိတ်ဆိတ်ပြီးလစ်ဟင်းသွားတဲ့ဖေဖေ့အိပ်ယာလေးကြည့်လွမ်းလိုက်ညအိပ်ရင်လည်းမိုးစက်လေးတစ်စက်ကျတာကအစဖေဖေ့ခြေသံလေးများလားထထကြည့်မိတယ်အရူးလိုပဲ အိမ်မက်ထဲဖေဖေသမီးကိုလာဖက်တော့လည်းတကယ်ကြီးဖေဖေရောက်လာတယ်ထင်စကားတွေထပြောသတိဝင်မှငါ့အဖေဆုံးပြီလေဆိုပြီးကြိတ်ငို တစ်မိသားစုလုံးသူ့အလွမ်းနဲ့သူ့တရားနဲ့သူဖေဖေ့ကိုသတိရနေတဲ့စိတ်တွေဖြေနေကြရတာပေါ့ မေမေ့ရှေ့ဆိုမငိုဘူးမေမေကငယ်ငယ်လေးနဲ့သူချစ်တဲ့လူကိုဆုံးရှူုံးထားရလို့မေမေဝမ်းနည်းမဲ့ဘာမှမေမေ့ရှေ့မှာမလုပ်ဘူးဒါပေမဲ့မေမေ့ကွယ်ရာဆိုဖေဖေ့ကိုလွမ်းလိုအိမ်နောက်ဖေးသွားငိုလိုက် စောင်ခေါင်းမှီးခြုံပြီးငိုလိုက် နဲ့ကြုံရင်ကြုံသလိုကိုလွမ်းပြီးငိုနေတာဖေဖေသိလား သမီးကအသဲမာတဲ့သူကြီးလိုလည်းဟန်ဆောင်ကောင်းခဲ့ပါတယ်ဖေဖေသိလားဒီနေ့အထိသမီးတစ်ခုခုလုပ်လို့ရည်ရွယ်ချက်တွေပြည့်တိုင်းငါ့အဖေသာရှိရင်ပျော်နေမှာဂုဏ်ယူနေမှာဆိုပြီးစိတ်ကအောက်မေ့နေဆဲလွမ်းဆဲချစ်ဆဲ (11)နှစ်ဆိုပေမဲ့ဖေဖေ့ကိုချစ်တဲ့အချစ်တွေအလွမ်းတွေကလက်ဆက်ဆဲ ပါဖေဖေ ဖေဖေသာရှိရင်အခုဆို(57)ထဲမှာပေါ့နော်သမီးစိတ်ထဲဖေဖေအသက်ရှိနေသေးတယ်လို့ပဲခံစားရတယ်ဖေဖေ့လိုဖခင်မျိုးကိုအဖေတော်ရလို့ဂုဏ်ယူတယ်အဖေ မိသားစုအပေါ်တာဝန်ကျေတဲ့ယောက်ျား ဇနီးမယားအပေါ်တာဝန်ကျေတဲ့ယောက်ျား မိတ်ဆွေအပေါင်းအသင်းတွေအပေါ်စေတနာထားတဲ့ယောက်ျား ဖေဖေသိလား ဖေဖေ့ကြောင့်မို့သမီးတို့မျက်နှာငယ်ခဲ့ရတယ်ဆိုတာမရှိခဲ့ဘူးဖေဖေ့ကြောင့်ဂုဏ်ယူခဲ့ရတာပဲရှိတယ်ကျေးဇူးတင်တယ်ဖေဖေ ဖေဖေကသမီးရဲ့ကမ္ဘာမှာတကယ့်ကိုသူရဲကောင်းပါဖေဖေ သမီးချစ်တယ်နော်ဖေဖေရေ သမီးအခုကြိုးစားနေတယ်ဖေဖေဂုဏ်ယူရတဲ့သမီးဖြစ်အောင်ပေါ့ ဖေဖေသိလားဖေဖေမရှိတော့တဲ့နောက်ပိုင်းမေမေ့ကိုပိုဂရုစိုက်ဖြစ်တယ်မေမေကဖေဖေ့အတွက်တကယ့်ကိုကောင်းမွန်တဲ့ဇနီးမယားကောင်းတစ်ယောက်ပါ ဖေဖေရှိစဉ်ကရောဖေဖေမရှိတော့တဲ့နောက်ရောဖေဖေ့အပေါ်အရမ်းသစ္စာရှိပြီးဖေဖေ့နေရာတောင်ဘယ်သူ့မှအစားမထိုးခဲ့ပဲသမီးတို့အပေါ်လည်းမိခင်ကောင်းပီပီသသနဲ့မေမေကရှိနေပေးတယ်ပြီးတော့ ဖေဖေဖြစ်စေချင်တဲ့အတိုင်းမိသားစုစည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ရှိပါတယ်ဖေဖေ ချစ်သောဖေဖေကောင်းရာသုကတိလားပါစေ I really miss you dad မိဘတွေရှိနေတုန်းတန်ဖိုးထားပါမိဘဆိုတာအစားထိုးမရတဲ့တစ်ခုတည်းသောအရာပါ ကမ္ဘာပေါ်မှာရှိကြတဲ့ဖခင်တိုင်းကျန်းမာကြပါစေ ” လို့ဆိုပြီး ရေးသားဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။

Credit:Cele Zone
Photo – Cherry Thin

သူမရဲ့ဖေဖေ ကွယ်လွန်ခြင်း(၁၁)နှစ်ပြည့်လေးမှာမိသားစု အကြောင်းတွေကို အမှတ်တရ ပြန်လည်ပြောပြလာတဲ့ ချယ်ရီသင်း

အဆိုတော် ချယ်ရီသင်း ကတော့ “ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” ဆိုတဲ့သီချင်းလေးနဲ့ ပရိသတ်တွေကြားမှာ အရမ်း ရေပန်းစားပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ ချယ်ရီသင်းရဲ့အသံလေးက စူးရှပြီး နားထောင်လို့ကောင်းတဲ့ အပြင် သူမရဲ့သီချင်းလေး တွေကလည်း တကယ့်ကို အနှစ်သာရ ပြည့်ဝလွန်းတာ ဖြစ်ပါတယ် ။ အချိန်ခဏလေးအတွင်းမှာတင် တစ်ဟုန်ထိုးကျော်ကြား လာခဲ့တဲ့ ချယ်ရီသင်းက ပရိသတ်တွေ အခိုင်အမာ ရရှိခဲ့ပါတယ် ။

ချယ်ရီသင်းက ခုလို အခြေအနေတွေ မှာလည်း ပရိသတ်တွေ နဲ့အတူ ရပ်တည်ခဲ့တာလည်း လေးစားစွာ တွေ့မြင်ရပါတယ် ။ မကြာခင်နာရီ ပိုင်းလောက်က သူရဲ့ အကောင့်လေးမှာ ကွန်လွန်သွားတဲ့ ဖခင်နဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေ ပြန်ပြောရင်း သတိရလွမ်းဆွတ်နေမိကြောင်းတွေ ရေးသားဖော်ပြလာပါတယ် ။ ဒါ့အပြင် ဖခင်ကွယ်လွန်ခဲ့တာ ဒီနေ့ဆို (၁၁) နှစ်ပြည့်ပြီလို့လည်း သိရပါတယ် ။

” 21.6.2021 -ဒီနေ့ဖေဖေသမီးတို့ နားကထွက်သွားတာ (11)နှစ်ပြည့်တဲ့နေ့ ဖေဖေဦးခေါင်းခွဲစိပ်ပြီး သတိတွေလွတ်ကြား ထဲဖေဖေတစ်ယောက်ကလေးတစ်ယောက်လိုကို သနားစရာကောင်းနေရင်းကဖေဖေဆုံးမဲ့နေ့ကျတော့ ဖေဖေရုတ်တရက်ကြီးအကောင်းပကတိဖြစ်တော့အရမ်းတွေပျော်သွားတယ် လမ်းတွေထလျှောက်မေမေ့ကိုဘယ်လောက်ထိကျေးဇူးတင်ကြောင်းတွေပြောဖေဖေ့မိတ်ဆွေတွေကိုမိတ်ဆက်ပြီးည 7:15 လည်းကျရော သမီးက သန်းခေါင်စားရင်းသွားတိုင် အပြန်လမ်းထိပ်မှာအစ်ကိုကြီးကိုတွေ့တယ်အစ်ကိုကြီးကစိတ်အေးအေးထားနော် ဖေဖေဆုံးပြီတဲ့ ရုတ်တရက်ရင်ထဲကနေတစ်ခုခုကိုအကြီးကျယ်ဆွဲထုတ်ခံလိုက်သလိုမိုးကအေးအေးနဲ့ဘာပြောကောင်းမလဲဖေကြီးရယ်စို့တတ်နေတာပဲ လမ်းထိပ်ကနေအိမ်ကိုပြေးဝင်ပြီးဖေဖေအိပ်နေတာလေးငေးကြည့်နေမိတယ်လူတွေကဖေဖေ့ကိုဝိုင်းအုံကြည့်နေကြတာစိတ်ထဲငါ့အဖေအိပ်နေတာပါပြုံးပြုံးလေးကိုအိပ်နေတာငါ့အဖေကအရမ်းStrong ဖြစ်တဲ့လူကြီးပါဒီလောက်လေးနဲ့ငါတို့နားကထွက်သွားမှာမဟုတ်ဘူး ဆိုပြီးလူတွေအုံနေတဲ့ဖေဖေ့အနားလာပြီးဖေဖေ့လက်ကလေးကိုင်ကြည့်တော့ပူပူနွေးနွေးလေးဖေဖေ့လက်အကြောစိမ်းလေးတွေတောင်တွေ့နေရသေးတယ်လေ ဖေဖေ့ရင်ဘတ်လေးလက်နဲ့ထိကြည့်တော့ဖေဖေတကယ်အသက်မရူတော့ဘူးပဲ စိတ်ထဲလက်မခံချင်လည်းလက်ခံရတော့မယ်ဖေဖေ သမီးဖတ်ဖူးတဲ့စာအုပ်ထဲမှာသေဆုံးသူရဲ့မိသားစုဝင်တွေကငိုကြွေးနေရင်ဆုံးတဲ့လူကတစ်ဖက်မှာအပူတွေနဲ့ပြေးနေရတယ်လို့ဖတ်ဖူးလို့သမီးမငိုခဲ့ဘူးလေ မမကြီးနဲ့မောင်လေးကတော့ငိုတာပေါ့ ဖေဖေ့ကိုနောက်ဆုံးအချိန်လိုက်ပို့တဲ့အထိသမီးမငိုခဲ့ဘူးဖေဖေ ဘာကြောင့်ဆိုဖေဖေပင်ပန်းမှာစိုးလို့ သမီးဖေဖေ့ရုပ်အလောင်းကိုကန်တော့ပြီးဖေဖေကောင်းရာသုကတိလားပါစေပဲဆုတောင်းပြီးသမီးမငိုပဲနေခဲ့တယ် ဒီလိုနဲ့ရက်လည်လည်းပြီးရောဖေဖေရယ်အိမ်မှာတိတ်ဆိတ်ပြီးလစ်ဟင်းသွားတဲ့ဖေဖေ့အိပ်ယာလေးကြည့်လွမ်းလိုက်ညအိပ်ရင်လည်းမိုးစက်လေးတစ်စက်ကျတာကအစဖေဖေ့ခြေသံလေးများလားထထကြည့်မိတယ်အရူးလိုပဲ အိမ်မက်ထဲဖေဖေသမီးကိုလာဖက်တော့လည်းတကယ်ကြီးဖေဖေရောက်လာတယ်ထင်စကားတွေထပြောသတိဝင်မှငါ့အဖေဆုံးပြီလေဆိုပြီးကြိတ်ငို တစ်မိသားစုလုံးသူ့အလွမ်းနဲ့သူ့တရားနဲ့သူဖေဖေ့ကိုသတိရနေတဲ့စိတ်တွေဖြေနေကြရတာပေါ့ မေမေ့ရှေ့ဆိုမငိုဘူးမေမေကငယ်ငယ်လေးနဲ့သူချစ်တဲ့လူကိုဆုံးရှူုံးထားရလို့မေမေဝမ်းနည်းမဲ့ဘာမှမေမေ့ရှေ့မှာမလုပ်ဘူးဒါပေမဲ့မေမေ့ကွယ်ရာဆိုဖေဖေ့ကိုလွမ်းလိုအိမ်နောက်ဖေးသွားငိုလိုက် စောင်ခေါင်းမှီးခြုံပြီးငိုလိုက် နဲ့ကြုံရင်ကြုံသလိုကိုလွမ်းပြီးငိုနေတာဖေဖေသိလား သမီးကအသဲမာတဲ့သူကြီးလိုလည်းဟန်ဆောင်ကောင်းခဲ့ပါတယ်ဖေဖေသိလားဒီနေ့အထိသမီးတစ်ခုခုလုပ်လို့ရည်ရွယ်ချက်တွေပြည့်တ်ိုင်းငါ့အဖေသာရှိရင်ပျော်နေမှာဂုဏ်ယူနေမှာဆိုပြီးစိတ်ကအောက်မေ့နေဆဲလွမ်းဆဲချစ်ဆဲ (11)နှစ်ဆိုပေမဲ့ဖေဖေ့ကိုချစ်တဲ့အချစ်တွေအလွမ်းတွေကလက်ဆက်ဆဲ ပါဖေဖေ ဖေဖေသာရှိရင်အခုဆို(57)ထဲမှာပေါ့နော်သမီးစိတ်ထဲဖေဖေအသက်ရှိနေသေးတယ်လို့ပဲခံစားရတယ်ဖေဖေ့လိုဖခင်မျိူးကိုအဖေတော်ရလို့ဂုဏ်ယူတယ်အဖေ မိသားစုအပေါ်တာဝန်ကျေတဲ့ယောကျ်ား ဇနီးမယားအပေါ်တာဝန်ကျေတဲ့ယောကျ်ား မိတ်ဆွေအပေါင်းအသင်းတွေအပေါ်စေတနာထားတဲ့ယောကျ်ား ဖေဖေသိလား ဖေဖေ့ကြောင့်မို့သမီးတို့မျက်နှာငယ်ခဲ့ရတယ်ဆိုတာမရှိခဲ့ဘူးဖေဖေ့ကြောင့်ဂုဏ်ယူခဲ့ရတာပဲရှိတယ်ကျေးဇူးတင်တယ်ဖေဖေ ဖေဖေကသမီးရဲ့ကမ္ဘာမှာတကယ့်ကိုသူရဲကောင်းပါဖေဖေ သမီးချစ်တယ်နော်ဖေဖေရေ သမီးအခုကြိူးစားနေတယ်ဖေဖေဂုဏ်ယူရတဲ့သမီးဖြစ်အောင်ပေါ့ ဖေဖေသိလားဖေဖေမရှိတော့တဲ့နောက်ပိုင်းမေမေ့ကိုပိုဂရုစိုက်ဖြစ်တယ်မေမေကဖေဖေ့အတွက်တကယ့်ကိုကောင်းမွန်တဲ့ဇနီးမယားကောင်းတစ်ယောက်ပါ ဖေဖေရှိစဉ်ကရောဖေဖေမရှိတော့တဲ့နောက်ရောဖေဖေ့အပေါ်အရမ်းသစ္စာရှိပြီးဖေဖေ့နေရာတောင်ဘယ်သူ့မှအစားမထိုးခဲ့ပဲသမီးတို့အပေါ်လည်းမိခင်ကောင်းပီပီသသနဲ့မေမေကရှိနေပေးတယ်ပြီးတော့ ဖေဖေဖြစ်စေချင်တဲ့အတိုင်းမိသားစုစည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ရှိပါတယ်ဖေဖေ ချစ်သောဖေဖေကောင်းရာသုကတိလားပါစေ I really miss you dad မိဘတွေရှိနေတုန်းတန်ဖိုးထားပါမိဘဆိုတာအစားထိုးမရတဲ့တစ်ခုတည်းသောအရာပါ ကမ္ဘာပေါ်မှာရှိကြတဲ့ဖခင်တိုင်းကျန်းမာကြပါစေ ” လို့ဆိုပြီး ရေးသားဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။

Credit:Cele Zone
Photo – Cherry Thin

About the author

Ms Cele

Leave a Comment