Celebrity


Written by Ms Cele





Credit:Cele Zone
Source:Thandar Hlaing

သူမရဲ့ဘေးမှာ နားလည်မှုနဲ့ အပြန်အလှန်ဖေးမပေးမယ့် ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားတဲ့ သန္တာလှိုင်

Fitness Trainer သန္တာလှိုင်အတွက် ခင်မင်ရသူတစ်ယောက်က ပန်းစည်ကြီး လက်ဆောင်ပို့ပေးခဲ့ ပြီး ခင်ပွန်းဖြစ်သူက ဒီပန်းစည်းကြီးနဲ ့အတူ သူမတို့နှစ်ယောက်ရဲ့ အခန်းထဲမှာ ခပ်ပြောင်ပြောင်းလေးလှဲအိပ်ကာ စောင့်နေခဲ့တဲ့ပုံလေးကို သန္တာလှိုင်က သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းတစ်ယောက် ဘယ်လို စိတ်ကူးတွေများ ပေါက်သလဲလို့တောင် တွေးမိတဲ့အထိပါပဲ။

ချစ်သူတွေပဲဖြစ်စေ အိမ်ထောင်ဖက်တွေ ပဲဖြစ်စေ နှစ်ယောက်ကြားမှာ တကယ်တမ်း အရေးကြီး တာက Surprise လုပ်ပေးတာတွေ မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုနဲ့ အပြန်အလှန်ဖေးမပေးမှုတွေသာ အရေးကြီးတာပါ။ ဒီလိုခင်ပွန်းကို ပိုင်ဆိုင်ထား တဲ့ သန္တာလှိုင်အတွက်တော့ တကယ်ကို ကံကောင်းတာပါပဲ။

ပန်းစည်နဲ့အတူ ဓာတ်ဖမ်းခဲ့တဲ့ သူမတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကို ” အခန်းထဲဝင် လာတော့ ကုတင်ပေါ်က သူ့ကို မြင်မြင်ချင်း ခေါင်းထဲ ဝင်လာတဲ့ အတွေးက surprise တစ်ခါမှ မလုပ်ဘူးတဲ့ ငါ့ယောက်ကျားဘာဖြစ်သွား တာလဲပေါ့ ပါးစပ်ထဲ ကိုက်ထားတဲ့ စားလေး ဖတ်ကြည့်တော့မှ အဖြစ်မှန်ကို အဓိပ္ပါယ်ပေါက် သွားတယ်။ ကောင်မလေးတွေ Valentine’s နေ့မှာ ပန်းစည်း ကောင်းကောင်း လိုချင်ရင် ကိုယ်ကြိုက်တဲ့ ဆိုင်ကပန်းကို ဘယ်လိုမှာရသလဲဆိုတာ အချိန်မီ အောင် စောစောစီးစီး ကိုယ့်ကိုပေးစေချင်တဲ့ ကောင်လေး တွေကို သေချာအထာ ပေးထားပါ။ ပြီးမှ ကိုယ်စိတ်တိုင်းကျ မရဘူးဆိုရင် စိတ်အနှောက်အယှက် မဖြစ်ပါစေနဲ့။ မိမိစိတ်ချမ်းသာဖို့ မိမိမှာသာ တာဝန်ရှိပါတယ်နော်။ ယောက်ကျားတွေက နည်းနည်းဝေး တတ်တယ် နီးအောင် တွန်းပို့ဖို့ ဝန်မလေးပါနဲ့လို့ ” ဆိုပြီးတင်ထား တာပဲဖြစ်ပါတယ်။

Credit:Cele Zone
Source:Thandar Hlaing

About the author

Ms Cele

Leave a Comment