Celebrity

သူမရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ျမစ္ႀကီးနားၿမိဳ႕က ျပည္သူေတြအတြက္လည္း အားရွိေစမယ့္ အစားအေသာက္ေတြ လႉဒါန္းေပးသြားမယ့္ အမြန္း

Written by Ms Cele

သူမရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ျမစ္ႀကီးနားၿမိဳ႕က ျပည္သူေတြအတြက္လည္း အားရွိေစမယ့္ အစားအေသာက္ေတြ လႉဒါန္းေပးသြားမယ့္ အမြန္း

ပရိသတ္ၾကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ အဆိုေတာ္ အမြန္း ကေတာ့ သူရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ျမစ္ၾကီးနားျမိဳ႕က ျပည္သူေတြ အတြက္ အစားအေသာက္ေတြ လွဴဒါန္းေပးသြားဖို႕ စီစဥ္ေနခဲ့ပါတယ္။ အမြန္းကေတာ့ ကိုတိုင္လည္း ကိုဗစ္ကူးစက္ခံခဲ့ရျပီး ေဝဒနာေတြခံစားခဲ့ရဖူးတာေၾကာင့္ ကိုဗစ္ကူးစက္ခံရတဲ့ သူေတြအေပါ္ ကိုယ္ခ်င္းအစားစိတ္အျပည့္နဲ႕ စားေသာက္ကုန္ေတြလွဴဒါန္းေပးေနခဲ့တာပါ။

ျပီးခဲ့တဲ့ ရက္ေတြ ကလည္း ရန္ကုန္က ကိုဗစ္ကူးစက္ခံရတဲ့ ျပည္သူေတြ အတြက္ သရုပ္ေဆာင္ ေအးသီတာနဲ႕အတူ ၾကက္စြပ္ျပုတ္ နဲ႕ ၾကက္ဥေတြ လွဴဒါန္းေပးခဲ့ ပါေသးတယ္။ အခုတစ္ေခါက္ မွာလည္း အမြန္းက ေမြးရပ္ေျမက ျပည္သူေတြအတြက္ ၾကက္စြပ္ျပုတ္၊ ၾကက္ဥ (၅)လံုး၊ ရာသီစာျဖစ္တဲ့ နာနတ္သီးတစ္လံုးစီတို႕ကို လူအေယာက္ (၅၀)စာအတြက္ လွဴဒါန္းေပးသြားမွာပဲျဖစ္ပါတယ္။

အမြန္းကေတာ့ ေနာက္ထပ္ လည္း ရန္ကုန္အနီးတဝိုက္က ျပည္သူေတြအတြက္ ထပ္မံလွဴဒါန္းသြားဖို႕ စိတ္ကူးရွိျပီး စီစဥ္ေန ပါေသးတယ္တဲ့ ။ ပရိသတ္ၾကီးေရ အမြန္းရဲ႕ မြန္ျမတ္လွတဲ့ စိတ္ထားေလးနဲ႕ ကာလဒါနျပုလုပ္တဲ့ အလွဴေလးကေတာ့ တကယ္ကို သာဓုေခၚဆိုထိုက္တဲ့ အလွဴေလးပါပဲေနာ္။

Source – Ah Moon
Credit:Cele Zone

သူမရဲ့မွေးရပ်မြေဖြစ်တဲ့ မြစ်ကြီးနားမြို့က ပြည်သူတွေအတွက်လည်း အားရှိစေမယ့် အစားအသောက်တွေ လှူဒါန်းပေးသွားမယ့် အမွန်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် အမွန်း ကတော့ သူရဲ့မွေးရပ်မြေဖြစ်တဲ့ မြစ်ကြီးနားမြို့က ပြည်သူတွေ အတွက် အစားအသောက်တွေ လှူဒါန်းပေးသွားဖို့ စီစဉ်နေခဲ့ပါတယ်။ အမွန်းကတော့ ကိုတိုင်လည်း ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဝေဒနာတွေခံစားခဲ့ရဖူးတာကြောင့် ကိုဗစ်ကူးစက်ခံရတဲ့ သူတွေအပေါ် ကိုယ်ချင်းအစားစိတ်အပြည့်နဲ့ စားသောက်ကုန်တွေလှူဒါန်းပေးနေခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်တွေ ကလည်း ရန်ကုန်က ကိုဗစ်ကူးစက်ခံရတဲ့ ပြည်သူတွေ အတွက် သရုပ်ဆောင် အေးသီတာနဲ့အတူ ကြက်စွပ်ပြုတ် နဲ့ ကြက်ဥတွေ လှူဒါန်းပေးခဲ့ ပါသေးတယ်။ အခုတစ်ခေါက် မှာလည်း အမွန်းက မွေးရပ်မြေက ပြည်သူတွေအတွက် ကြက်စွပ်ပြုတ်၊ ကြက်ဥ (၅)လုံး၊ ရာသီစာဖြစ်တဲ့ နာနတ်သီးတစ်လုံးစီတို့ကို လူအယောက် (၅၀)စာအတွက် လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။

အမွန်းကတော့ နောက်ထပ် လည်း ရန်ကုန်အနီးတဝိုက်က ပြည်သူတွေအတွက် ထပ်မံလှူဒါန်းသွားဖို့ စိတ်ကူးရှိပြီး စီစဉ်နေ ပါသေးတယ်တဲ့ ။ ပရိသတ်ကြီးရေ အမွန်းရဲ့ မွန်မြတ်လှတဲ့ စိတ်ထားလေးနဲ့ ကာလဒါနပြုလုပ်တဲ့ အလှူလေးကတော့ တကယ်ကို သာဓုခေါ်ဆိုထိုက်တဲ့ အလှူလေးပါပဲနော်။

Source – Ah Moon
Credit:Cele Zone

About the author

Ms Cele

Leave a Comment