Celebrity
Written by Ms Cele
သူမရဲ့ ခန္ဓာကိုယ်လေးနဲ့ ပက်သတ်ပြီး ပေါက်ပေါက်ရှာရှာ Meme လုပ် ပြောတတ်ကြတဲ့ ပရိသတ် တွေကြောင့် သဘောတွေကျနေတဲ့ အိချောပို
မြန်မာအမျိုးသမီး တစ်ယောက်ပီပီ နက်မှောင်တဲ့ ဆံကေသာ တွေနဲ့ လှပကျစ်လစ်တဲ့ ခန္ဓာကိုယ် ကောက်ကြောင်း အလှကြောင့် နာမည်ကြီးသူလေး အိချောပို ကတော့ ဗီဒီယိုဇာတ်ကား တွေမှတဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိချောပိုကတော့ ရုပ်ရုပ် ဇာတ်ကားကြီး တွေမှာလည်း ခေါင်းဆောင် မင်းသမီးအဖြစ် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီး အကယ်ဒမီဆုတွေနဲ့တော့ အကြိမ်ကြိမ် လွဲချောနေဆဲ ဖြစ်ပါတယ်။
လုံးကြီးပေါက်လှ ခန္ဓာကိုယ်ကြောင့် ပိုမိုပြီး ထင်ရှားတဲ့ အိချောပိုက သူမနဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပက်သတ်ပြီး ပရိသတ်တွေ က စနောက် ရင်လည်း စိတ်မဆိုး တတ်သူ တစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ အိချောပိုက သူမရဲ့ ဂစ်တာရှိတ် ခန္ဓာကိုယ်လေးနဲ့ ပက်သတ်ပြီး ပေါက်ပေါက်ရှာရှာ Meme လုပ် စနောက်ကြတဲ့ ပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် သဘောအကျကြီးကျကာ ဖေ့စ်ဘုတ် My Day မှာတောင် ပြန်လည် မျှဝေပေးလာတာကို အခုလိုပဲ တွေ့ရပါတယ်။
အိချောပို ကတော့ သူမကိုချစ်ပြီး ချစ်စနိုးနဲ့ စနောက်ကြတဲ့ ပရိသတ် တွေကို ဘယ်တော့မှ အပြစ်မမြင် စိတ်မဆိုး တတ်တဲ့ သဘောထားပြည့်ဝသူလေး တစ်ယောက်ပဲဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိချောပို အတွက် ပရိသတ်တွေ လုပ်ထားတဲ့ meme လေးကို အတွေးပေါက် သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေး လိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment