Celebrity


Written by Ms Cele





Credit:Cele Zone

သူမရဲ့ ငယ်နာမည်အရင်းနဲ့ အနုပညာ လောကထဲ စတင် ဝင်ရောက်ခဲ့ရပုံ အခက်အခဲ တွေကို ပြောပြလာတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦး ကတော့ အကယ်ဒမီဆုတွေ အများကြီးကို သိမ်းပိုက်ခဲ့ပြီး တစ်ခေတ်မှာ ကြော်ငြာ ဘုရင်မလို့ တင်စားခေါ်ဝေါ်ရတဲ့ အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ထပ်ထက်က ရုပ်ရှင် ဇာတ်ကောင်းပေါင်း များစွာမှာ နေရာယူခဲ့ပြီး သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေက ထိမိပိုင်နိုင်လို့ ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံလာကြတာ ယနေ့ခေတ်အထိပါပဲနော်။

ဒါ့အပြင် ထက်ထက်မိုးဦး က ယနေ့အချိန် ထိလည်း ရှိရင်းစွဲ အသက်ထက် ငယ်ရွယ်နုပျိုပြီး ဆယ်ကျော်သက် တွေလို လှရက်နေတုန်းပဲဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အခုနောက်ပိုင်းမှာ အနုပညာ အလုပ်လေးတွေကိုလည်း ပြန်လည်လုပ်ဆောင် နေပြီဖြစ်ပြီး မပြောင်းလဲတဲ့ အလှတရားတွေနဲ့ အရွယ်တင်နေဆဲ ဖြစ်ပါတယ်။

လတ်တလော မှာတော့ အနုပညာ လောကထဲကို မှုံရွှေရည်နာမည်နဲ့ စတင်ဝင်ရောက်ခဲ့တဲ့ သူမရဲ့ ပထမခြေလှမ်း တွေကို အခုလိုပြောပြလာတာဖြစ်ပါတယ် ။ ” အနုပညာလောကထဲကို မန္တလေးက ဓာတ်ပုံဆရာမောင်မောင်လှတင့် ကနေတဆင့် ဒါရိုက်တာစိန်သံမဏိ ဆီဆက်သွယ်ပေးရင်း မှုံရွှေရည်ဆိုတဲ့ နာမည်နဲ့ရောက်လာတာပါရှင်မှုံရွှေရည် ဆိုတဲ့နာမည်အရင်းကနေ ထက်ထက်မိုးဦး ဆိုပြီး ၃လအကြာစဉ်းစားပြီး ပြောင်းခဲ့ တာက ဆရာပန်းချီစိုးမိုးပါရှင် အနုပညာလောကထဲ ချစ်ရသူတွေနဲ့ အတူရှိနေခဲ့တာ နှစ် ၃၀ ကျော်သွားခဲ့ပြီ။အားလုံးကို သတိရသလို အမြဲလည်း မေတ္တာတွေပို့ပေးပါတယ်။” ဆိုပြီး ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပုံလေးတွေကိုရေးသားထားရာ စိတ်ဝင်စားစရာကောင်းသလိုအများကြီးကြိုးစားခဲ့တဲ့ စိတ်ဓာတ်လေးကို လေးစားအားကျမိတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်

Credit:Cele Zone

About the author

Ms Cele

Leave a Comment