Celebrity

သူမရဲ့ ဒုတိယကိုယ်ဝန်လွယ်ထားရချိန်တွင် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေနဲ့အိပ်မက်တစ်ခုအကြောင်းကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

Written by Ms Cele





Source:Nhying Shin’s fb
TWWH(Pay Phu Hlwar)

ပရိသတ်ကြီးရေနှိုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ် ပါတယ်နော်။ကိုဘင်းနဲ့ရွှေလက်တွဲပြီး ချစ်စရာသားလေး တစ်ယောက်ကို ပိုင်ဆိုင်ထားကာသာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

လူတိုင်းအပေါ်ပွင့်လင်းစွာ ဆက်ဆံပြောဆိုတတ်တဲ့ သူမရဲ့ပုံစံကြောင့် အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ အခါမှာလည်း အောင်မြင်မှုတွေ ရရှိနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းလောက်က ပရိသတ်တွေကို ဝမ်းသာစရာသတင်းတစ်ခု ဝေမျှပေးလာတာ ဖြစ်ပါတယ်။ ဒါကတော့ ဒုတိယ ကိုယ်ဝန်လွယ်ထားတဲ့ အကြောင်းကို ပြောပြလာတာဖြစ်ပြီး ချစ်ခင်ရတဲ့ မိတ်ဆွေများက နှိုင်းယှဉ်အတွက်ဝမ်းသာ ကြည်နူးနေကြတာ ဖြစ်ပါတယ်နော်။

ဒုတိယကိုယ်ဝန်နဲ့ပတ်သက်ပြီးလည်း သူမရဲ့စိတ်ခံစားချက်နဲ့အိပ်မက်တစ်ခုမက်ခဲ့ပုံကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်ပြထားတာကို တွေ့ရပါတယ်။နှိုင်းယှဉ်က” ပထမကိုယ်ဝန် တုန်းက မျက်နှာကရင့်တယ်….စိတ်လည်းအရမ်းကြီးတယ်..ဒေါသခဏခဏထွက်တယ်….တုတ်ဆွဲ ဓားဆွဲလုပ်တယ်ရိုက်ရတဲ့ဇာတ်ကားတွေကလည်း အရမ်းကြမ်းကြမ်းတမ်းတမ်းတွေ ရိုက်ရတယ်….အသီးတွေ အရမ်းစားတယ်…အော့အန် မူးဝေတာ ပျို့တာဘာတစ်ခုမှ မဖြစ်ခဲ့ဘူး….ခု ဒုတိယကိုယ်ဝန် မျက်နှာက နုဖတ်နေတယ်မနက်မိုးလင်းထဲက ပျို့အန်မူးဝေရင်တလှပ်လှပ်ကနေ့လည် လောက်မှ ပျောက်တယ်….ချောကလက် ရေခဲမုန့် နဲ့ မြင်မြင်သမျှစားချင်တယ်…

စိတ်အရမ်းနုတယ်….ဘာသတင်းဖတ်ဖတ် မျက်ရည်ကျတယ်….ရုပ်ရှင်ကားကြည့်လည်း ငိုတယ်….ပါးစပ်က ကြမ်းတမ်းတဲ့စကားတွေ ဆဲတာတွေ စိတ်ကပြောချင်ရင်တောင် ပြောမထွက်ဘူး….ဘာလေး လိုချင်လည်းလို့မေးရင် မိန်းကလေးအိပ်မက်ထဲက မမရေ လို့ ခေါ်နေတဲ့ မိန်းခလေးးကိုဗစ်မဖြစ်ခင်ထဲက တစ်ခါအိပ်မက်မက်တယ်လို့ရေးဖူးတယ်…မမရေ မမရေ နဲ့ ခေါ်ပြီး လိုက်လာတာ ဆံရစ်ဝိုင်းလေးနဲ့နားကောက် လေးနဲ့ ချောချောလေး၁၂လပိုင်း ၂၃ရက်နေ့က ကျိုက္ခမီစက်စဲသွားပြီးပြန်လာပြီးကတည်းက ကလေးအိပ်မက်တွေ မက်တယ်…ဘယ်ကပဲ လာလာ အကောင်းဆုံးကြိုးစားပြီး ကျွေးမွေးစောက်ရှောက် ပါ့မယ်…လူတန်းစေ့ နေနိုင်အောင်ကြိုးစားပေးပါ့မယ် သားနဲ့သမီးရယ်”ဆိုပြီးရေသားထားပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Nhying Shin’s fb
TWWH(Pay Phu Hlwar)

About the author

Ms Cele

Leave a Comment