Celebrity

သူမရဲ႕ ရင္ထဲက စကားသံကို ဖြင့္ဟေျပာဆို လိုက္ၿပီျဖစ္တဲ့ ေနျခည္ဦး

Written by Ms Cele

သူမရဲ႕ ရင္ထဲက စကားသံကို ဖြင့္ဟေျပာဆို လိုက္ၿပီျဖစ္တဲ့ ေနျခည္ဦး

ပရိတ္သတ္ေတြရဲ့ အခ်စ္ေတာ္ ေနျခည္ဦးဟာ ဆိုရင္ အရင္ရက္ေတြ တုန္းက သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွာ တိတ္ဆိတ္လြန္း ေနတာေၾကာင့္ ေဝဖန္မႈေတြကို ခံေနရတာပဲျဖစ္ပါတယ္ေနာ္…။ဒီေန႔မွာဆိုရင္လည္း သူမရဲ့ ဖခင္ျဖစ္သူစစ္သားႀကီးကို ေတာင္းပန္ၿပီး သူမရဲ့ ခံယူခ်က္ကို ရဲရဲဝင့္ဝင့္နဲ႔ ေရးသားလာခဲ့တာပဲျဖစ္ပါတယ္။

ေနျခည္ဦးက ” ကၽြန္မသည္ စစ္တပ္ မိသားစု background မွ ႀကီးျပင္းလာသူျဖစ္ပါသည္။သို႔ရာတြင္ ယခုျပည္သူ႔ဆႏၵကို မ်က္ကြယ္ျပဳသည့္ နိုင္ငံေတာ္ ပုန္ကန္မႈတြင္ ပါဝင္ပတ္သတ္ ေထာက္ခံမႈျပဳေသာ မည္သူတဦးတေယာက္ကိုမဆို ဆန႔္က်င္ရႈံ႔ခ်ပါသည္။ကၽြန္မသည္ နိုင္ငံသားတစ္ဦး၏ ရပိုင္ခြင့္ျဖင့္မဲေပးထားေသာ ၂၀၂၀ ေရြးေကာက္ပြဲတြင္ မၽွမၽွတတ ျဖင့္အနိုင္ရရွိခဲ့ေသာမိမိတို႔ ေခါင္းေဆာင္ႏွင့္အစိုးရအဖြဲ႕ကိုသာ လက္ခံပါမည္။

ကၽြန္မသည္ အစိုးရ ဝန္ထမ္းတဦး မဟုတ္ေသာ္လည္း Civil Disobedience ျပဳလုပ္၍ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ၾကေသာ ျပည္သူ႔ဝန္ထမ္း အင္ဂ်င္နီယာမ်ား၊ ျပည္သူ႔ဝန္ထမ္း ဆရာဝန္မ်ား၊ ျပည္သူ႔ဝန္ထမ္း ဆရာ/ဆရာမမ်ား ႏွင့္ အနယ္နယ္ အရပ္ရပ္မွ အျခား‌ေသာဌာနဆိုင္ရာ ျပည္သူ႔ဝန္ထမ္းမ်ားႏွင့္ အတူတကြ ရပ္တည္သြားပါမည္ ” ဆိုၿပီး သူမရဲ့လူမႈကြန္ယက္စာမ်က္ႏွာမွာေရး သားထားသည္အျပင္

ဖခင္ျဖစ္သူ စစ္သားႀကီးကိုလည္း ” ေဖေဖသမီး ေဖေဖ့ကို အရမ္းခ်စ္တယ္။စစ္သား သားသမီးေဖ့ေဖ့သမီးျဖစ္ရတာလည္း သမီးဘယ္ေတာ့မွ မသိမ္ငယ္ခဲ့ရဘူး။အခုလည္းသမီးမသိမ္ငယ္ဘူးေဖေဖ။မိသားစုအေပၚ ဖခင္ေကာင္း တစ္ေယာက္အျဖစ္ေပးဆပ္ခဲ့တာေတြ ရပ္တည္ေပး ခဲ့တာေတြ သမီးေက်းဇူးျပန္ဆပ္လို႔မကုန္ပါဘူး။မဲေပးထဲက သမီးကိုယ္ပိုင္လြတ္လပ္ခြင့္နဲ႔ေပးပါလို႔ေျပာခဲ့တဲ့ေဖေဖကို သမီးေလးစားၿပီးသားပါ။သမီးစစ္တပ္ကိုလည္းမမုန္းဘူး စစ္သားေတြကိုလည္းမမုန္းဘူး ေဖႀကီး။

အမွန္တရားနဲ႔ တရား မၽွတမႈကို အျမန္ဆုံးေပၚေပါက္ေစခ်င္လို႔ အနိုင္က်င့္ခံ ရတာေတြ bully လုပ္ခံေနရတာေတြကို သမီးကိုယ္ခ်င္းစာ လြန္းလို႔ သမီးရဲ့စကား သမီးရဲ့အသံကို သမီးသတၱိရွိရွိနဲ႔ ေဖာ္ျပလိုက္ပါတယ္ေဖႀကီး။ သမီးကိုနားလည္ေပးပါေဖႀကီး ” ဆိုၿပီး သူမရဲ့လူမႈကြန္ရက္ စာမ်က္ႏွာကေန ဖခင္ျဖစ္သူစစ္သားႀကီးကိုေတာင္းပန္လိုက္တာပဲျဖစ္ပါတယ္ေနာ္…။ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲေက်းဇူးတင္ ရွိပါတယ္။

Source ; Nay Chi Oo’s Facebook Acc
Credit:Celebrity Platforms

သူမရဲ့ ရင်ထဲက စကားသံကို ဖွင့်ဟပြောဆို လိုက်ပြီဖြစ်တဲ့ နေခြည်ဦး

ပရိတ်သတ်တွေရဲ့ အချစ်တော် နေခြည်ဦးဟာ ဆိုရင် အရင်ရက်တွေ တုန်းက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တိတ်ဆိတ်လွန်း နေတာကြောင့် ဝေဖန်မှုတွေကို ခံနေရတာပဲဖြစ်ပါတယ်နော်…။ဒီနေ့မှာဆိုရင်လည်း သူမရဲ့ ဖခင်ဖြစ်သူစစ်သားကြီးကို တောင်းပန်ပြီး သူမရဲ့ ခံယူချက်ကို ရဲရဲဝင့်ဝင့်နဲ့ ရေးသားလာခဲ့တာပဲဖြစ်ပါတယ်။

နေခြည်ဦးက ” ကျွန်မသည် စစ်တပ် မိသားစု background မှ ကြီးပြင်းလာသူဖြစ်ပါသည်။သို့ရာတွင် ယခုပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုသည့် နိုင်ငံတော် ပုန်ကန်မှုတွင် ပါဝင်ပတ်သတ် ထောက်ခံမှုပြုသော မည်သူတဦးတယောက်ကိုမဆို ဆန့်ကျင်ရှုံ့ချပါသည်။ကျွန်မသည် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်ဖြင့်မဲပေးထားသော ၂၀၂၀ ရွေးကောက်ပွဲတွင် မျှမျှတတ ဖြင့်အနိုင်ရရှိခဲ့သောမိမိတို့ ခေါင်းဆောင်နှင့်အစိုးရအဖွဲ့ကိုသာ လက်ခံပါမည်။

ကျွန်မသည် အစိုးရ ဝန်ထမ်းတဦး မဟုတ်သော်လည်း Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့ဝန်ထမ်းအင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာဝန်များ၊ ပြည်သူ့ဝန်ထမ်း ဆရာ/ဆရာမများ နှင့် အနယ်နယ် အရပ်ရပ်မှ အခြား‌သောဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည် ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေး သားထားသည်အပြင်

ဖခင်ဖြစ်သူ စစ်သားကြီးကိုလည်း ” ဖေဖေသမီး ဖေဖေ့ကို အရမ်းချစ်တယ်။စစ်သား သားသမီးဖေ့ဖေ့သမီးဖြစ်ရတာလည်း သမီးဘယ်တော့မှ မသိမ်ငယ်ခဲ့ရဘူး။အခုလည်းသမီးမသိမ်ငယ်ဘူးဖေဖေ။မိသားစုအပေါ် ဖခင်ကောင်း တစ်ယောက်အဖြစ်ပေးဆပ်ခဲ့တာတွေ ရပ်တည်ပေး ခဲ့တာတွေ သမီးကျေးဇူးပြန်ဆပ်လို့မကုန်ပါဘူး။မဲပေးထဲက သမီးကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ပေးပါလို့ပြောခဲ့တဲ့ဖေဖေကို သမီးလေးစားပြီးသားပါ။သမီးစစ်တပ်ကိုလည်းမမုန်းဘူး စစ်သားတွေကိုလည်းမမုန်းဘူး ဖေကြီး။

အမှန်တရားနဲ့ တရား မျှတမှုကို အမြန်ဆုံးပေါ်ပေါက်စေချင်လို့ အနိုင်ကျင့်ခံ ရတာတွေ bully လုပ်ခံနေရတာတွေကို သမီးကိုယ်ချင်းစာ လွန်းလို့ သမီးရဲ့စကား သမီးရဲ့အသံကို သမီးသတ္တိရှိရှိနဲ့ ဖော်ပြလိုက်ပါတယ်ဖေကြီး။ သမီးကိုနားလည်ပေးပါဖေကြီး ” ဆိုပြီး သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖခင်ဖြစ်သူစစ်သားကြီးကိုတောင်းပန်လိုက်တာပဲဖြစ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင် ရှိပါတယ်။

Source ; Nay Chi Oo’s Facebook Acc
Credit:Celebrity Platforms

About the author

Ms Cele

Leave a Comment