Celebrity

သူမရဲ႕ သမီးေလးေတြကို စိတ္ေပ်ာ္ရႊင္ေအာင္ ကေလးဆိုးတဲ့ႏႈတ္ခမ္းနီေလး ဆိုးေပးၿပီး အတူတူေပ်ာ္ရႊင္ၾကည္ႏူးေနတဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

သူမရဲ႕ သမီးေလးေတြကို စိတ္ေပ်ာ္ရႊင္ေအာင္ ကေလးဆိုးတဲ့ႏႈတ္ခမ္းနီေလး ဆိုးေပးၿပီး အတူတူေပ်ာ္ရႊင္ၾကည္ႏူးေနတဲ့ ခိုင္ႏွင္းေ၀

သမီးေလးေတြစိတ္ေပ်ာ္ ေအာင္ ကေလးဆိုး တဲ့ႏႈတ္ခမ္းနီေလး ဆိုးေပးၿပီး ကေလးေတြနဲ႔အတူတူ ေပ်ာ္ေနတဲ့ ေမေမခိုင္ႏွင္းေဝရင္ခြင္မဲ့ ေနတဲ့ ကေလးေပါင္းမ်ားစြာကို ေမတၱာေတြေပးၿပီးေစာင့္ေရွာက္ ထားတဲ့ ကေလးတို႔ ေမေမ ခိုင္ႏွင္းေဝဟာေဂဟာက သားသမီးေတြကို အျမဲတမ္း စိတ္ခ်မ္းသာေအာင္ ထားတတ္ပါတယ္။

အကူအညီလိုေနတဲ့ ဘယ္ကေလးမဆိုမၿငိဳျငင္ဘဲေခၚယူေစာင့္ေရွာက္ေပးခဲ့ၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈ လိုအပ္ေနတဲ့ကေလးေတြ ကိုလည္း သက္သာေပ်ာက္ကင္း တဲ့အထိ တာဝန္ယူေပးတဲ့ ေစတနာရွင္တစ္ဦးပါ။ ကေလးေတြအေပၚမွာ ေစတနာထားၿပီး ေစာင့္ေရွာက္တဲ့ သူမရဲ့ေမတၱာကို အသိအမွတ္ျပဳသူေတြ ကလည္း သူမဆီအလႉေငြေတြ လာေရာက္လႉဒါန္း ၾကၿပီး ဒီအလႉေငြေတြေတြ ကိုလည္း အကူအညီလိုအပ္ေနသူေတြဆီကို အေရာက္ ပို႔ေပးခဲ့သူ ပရဟိတမင္းသမီး တစ္ဦးျဖစ္ပါတယ္။

ကိုယ္တိုင္သားသမီး မရွိေသာ္ျငား သူမရဲ့ ႐ုပ္ခ်င္းဆင္းတဲ့ ရႊန္းရႊန္းေလးကို ေမြးစားၿပီးေနာက္မွာ မိခင္ေမတၱာကို အျပည့္အဝ နားလည္သြားခဲ့ၿပီး ေနာက္ထပ္ ရင္ခြင္မဲ့ကေလးငယ္ေတြကို ေခၚယူေစာင့္ေရွာက္ေပးခဲ့ပါတယ္။လက္ရွိမွာလည္း ကေလးေတြ အမ်ားႀကီးကို ထပ္မခံေခၚယူေမြးစားနိုင္ေအာင္ ေဂဟာအႀကီးႀကီးေဆာက္လုပ္လ်က္ရွိပါတယ္။

ကေလးေတြကို အမိုးအကာေကာင္းေကာင္းနဲ႔ ေနေစခ်င္တဲ့ စိတ္ေၾကာင့္ အခုလိုအပင္ပန္းခံၿပီး ႀကိဳးစားေနတဲ့ ေမေမခိုင္ႏွင္းေဝရဲ့ ေမတၱာေတြကေတာ့ တကယ့္ကိုေလးစားစရာပါ။ခ်စ္ရတဲ့သမီးေလးေတြကို ကေလးေတြအတြက္ ထုတ္ထားတဲ့ႏႈတ္ခမ္းနီေလး ဆိုးေပးၿပီး အတူတူ ေပ်ာ္ေနၾကတဲ့ ခ်စ္စဖြယ္ပုံေလးေတြကို” က်မရဲ့အခ်စ္ေတြ (သမီးေတြဆိုးတဲ့ ႏႈတ္ခမ္းနီမွာ ႏႈတ္ခမ္းသားမ်ား မပ်က္စီးသည့္ ကေလးႏႈတ္ခမ္းနီျဖစ္ပါတယ္ရွင္)” ဆိုၿပီး သူမရဲ့လူမႈကြန္ယက္မွာ ေဝမၽွခဲ့ပါတယ္။ ေမတၱာေတြအမ်ားႀကီးေပးလို႔ တန္ျပန္ေမတၱာေတြ အမ်ားႀကီးျပန္ရပါေစ ကေလးတို႔ေမေမေရ။

Credit:celethatin

သူမရဲ့ သမီးလေးတွေကို စိတ်ပျော်ရွှင်အောင် ကလေးဆိုးတဲ့နှုတ်ခမ်းနီလေး ဆိုးပေးပြီး အတူတူပျော်ရွှင်ကြည်နူးနေတဲ့ ခိုင်နှင်းဝေ

သမီးလေးတွေစိတ်ပျော် အောင် ကလေးဆိုး တဲ့နှုတ်ခမ်းနီလေး ဆိုးပေးပြီး ကလေးတွေနဲ့အတူတူ ပျော်နေတဲ့ မေမေခိုင်နှင်းဝေရင်ခွင်မဲ့ နေတဲ့ ကလေးပေါင်းများစွာကို မေတ္တာတွေပေးပြီးစောင့်ရှောက် ထားတဲ့ ကလေးတို့ မေမေ ခိုင်နှင်းဝေဟာဂေဟာက သားသမီးတွေကို အမြဲတမ်း စိတ်ချမ်းသာအောင် ထားတတ်ပါတယ်။

အကူအညီလိုနေတဲ့ ဘယ်ကလေးမဆိုမငြိုငြင်ဘဲခေါ်ယူစောင့်ရှောက်ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတဲ့ကလေးတွေ ကိုလည်း သက်သာပျောက်ကင်း တဲ့အထိ တာဝန်ယူပေးတဲ့ စေတနာရှင်တစ်ဦးပါ။ ကလေးတွေအပေါ်မှာ စေတနာထားပြီး စောင့်ရှောက်တဲ့ သူမရဲ့မေတ္တာကို အသိအမှတ်ပြုသူတွေ ကလည်း သူမဆီအလှူငွေတွေ လာရောက်လှူဒါန်း ကြပြီး ဒီအလှူငွေတွေတွေ ကိုလည်း အကူအညီလိုအပ်နေသူတွေဆီကို အရောက် ပို့ပေးခဲ့သူ ပရဟိတမင်းသမီး တစ်ဦးဖြစ်ပါတယ်။

ကိုယ်တိုင်သားသမီး မရှိသော်ငြား သူမရဲ့ ရုပ်ချင်းဆင်းတဲ့ ရွှန်းရွှန်းလေးကို မွေးစားပြီးနောက်မှာ မိခင်မေတ္တာကို အပြည့်အဝ နားလည်သွားခဲ့ပြီး နောက်ထပ် ရင်ခွင်မဲ့ကလေးငယ်တွေကို ခေါ်ယူစောင့်ရှောက်ပေးခဲ့ပါတယ်။လက်ရှိမှာလည်း ကလေးတွေ အများကြီးကို ထပ်မခံခေါ်ယူမွေးစားနိုင်အောင် ဂေဟာအကြီးကြီးဆောက်လုပ်လျက်ရှိပါတယ်။

ကလေးတွေကို အမိုးအကာကောင်းကောင်းနဲ့ နေစေချင်တဲ့ စိတ်ကြောင့် အခုလိုအပင်ပန်းခံပြီး ကြိုးစားနေတဲ့ မေမေခိုင်နှင်းဝေရဲ့ မေတ္တာတွေကတော့ တကယ့်ကိုလေးစားစရာပါ။ချစ်ရတဲ့သမီးလေးတွေကို ကလေးတွေအတွက် ထုတ်ထားတဲ့နှုတ်ခမ်းနီလေး ဆိုးပေးပြီး အတူတူ ပျော်နေကြတဲ့ ချစ်စဖွယ်ပုံလေးတွေကို” ကျမရဲ့အချစ်တွေ (သမီးတွေဆိုးတဲ့ နှုတ်ခမ်းနီမှာ နှုတ်ခမ်းသားများ မပျက်စီးသည့် ကလေးနှုတ်ခမ်းနီဖြစ်ပါတယ်ရှင်)” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ မေတ္တာတွေအများကြီးပေးလို့ တန်ပြန်မေတ္တာတွေ အများကြီးပြန်ရပါစေ ကလေးတို့မေမေရေ။

Credit:celethatin

About the author

Ms Cele

Leave a Comment