Celebrity

သူမရဲ႕ သီခ်င္းေတြနဲ႔ ပတ္သက္ၿပီး ျပတ္ျပတ္သားသား ေျပာလိုက္တဲ့ ပိုပို

Written by Ms Cele

သူမရဲ႕ သီခ်င္းေတြနဲ႔ ပတ္သက္ၿပီး ျပတ္ျပတ္သားသား ေျပာလိုက္တဲ့ ပိုပို

ပိုပိုကေတာ့ ပထမဆုံး အယ္လ္ဘမ္ ထြက္ရွိခ်ိန္ ကတည္းက ပရိသတ္ေတြၾကားမွာ ေရပန္းစားကာ စတင္ေအာင္ျမင္ လာသူ တစ္ေယာက္ပါ။အခုဆိုရင္ျမန္မာနိုင္ငံရဲ့နာမည္ႀကီး အဆိုေတာ္ တစ္ေယာက္ အျဖစ္ ရပ္တည္ေနၿပီလည္းျဖစ္ သလို သီခ်င္းေကာင္း မ်ားစြာကိုလည္း ထြက္ရွိခဲ့ပါတယ္။

ပိုပိုကေတာ့ သူကိုယ္တိုင္ ေရးသား ထားတဲ့ သီခ်င္းေတြနဲ႔ပတ္သက္ၿပီး “ဒီ စာကေတာ့ FM Radio ေတြ ျဖစ္ေနတဲ့ ျပသနာ အတြက္ပါ။ ပိုပို ရဲ့ ထြက္ထား သမၽွ သီခ်င္းေတြ ကို ပိုပို ပဲ ပိုင္ပါတယ္ ။ အကယ္လို႔ အတြဲေခြ ေတြထဲက သီခ်င္းေတြကလဲ ဒဏ္ နဲ႔ မငိုပါနဲ႔ ကေလးေလးရယ္ ကလြဲလို႔ က်န္တာက producer က မလႊင့္ဖို႔ သူတစ္ေယာက္ တည္း တားပိုင္ခြင့္မရွိပါ။ ေတးေရး ေတးဆို ပိုပို ျဖစ္ေနလို႔ပါ။ အခု FM ေတြ က မလႊင့္ဖို႔ တားထားတာက ဒုကၡ နဲ႔ က်မခ်စ္သူ ပါပါတယ္တဲ့ က်မ ပိုင္တာကို ဘယ္သူက တားထားတာပါလိမ့္။ ပိုပို႔သီခ်င္း မ်ားနဲ႔ ပက္သတ္ရင္ သိလိုသမၽွ ပို႔ကို ေမးပါ ေနာ္ ။ ( တခါက ကိုက်ားက အတြဲေခြထဲ မဆိုဖို႔ အႀကံေပးတုန္းက နားမလည္ခဲ့ဘူး အခုေတာ့ ေတာ္ေတာ္ ေက်းဇူးတင္မိတယ္) ပိုပို႔ရဲ့ သီခ်င္း ေတြကို လႊင့္ဖို႔ မည္သူမွ တားပိုင္ခြင့္ မရွိပါ (ပိုပိုနဲ႔ ဂီတအစည္းအ႐ုံးနဲ႔ ပတ္သတ္မႈမရွိပါ ပိုပို သီခ်င္းမ်ားကို အသုံးျပဳခ်င္ရင္ ပိုပို႔ကို ဆက္သြယ္ပါ )” ဆိုၿပီးေတာ့ သူ႔ရဲ့ေဖ့ဘြတ္ခ္မွာ အသိေပးေရးသားထားတာပါ

ပိုပိုကေတာ့ ကိုယ္တိုင္ေရးကိုယ္တိုင္ သီဆိုတဲ့ အႏုပညာအရည္အေသြးျပည့္ဝ သူတစ္ေယာက္ပါ။ အခုဆိုရင္ေတာ့ သူ႔ရဲ့သီခ်င္းေတြနဲ႔ပ တ္သက္ၿပီး ပိုင္ဆိုင္ေၾကာင္း FM ေတြကမလႊင့္ဖို႔ကို အျခားသူေတြက ေျပာဆိုပိုင္ခြင့္မရွိေၾကာင္း ကို ျပတ္ျပတ္ သားသားေျပာလာခဲ့တာလည္း ျဖစ္ပါတယ္။

Credit:Cele Gabar

သူမရဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်တဲ့ ပိုပို

ပိုပိုကတော့ ပထမဆုံး အယ်လ်ဘမ် ထွက်ရှိချိန် ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားကာ စတင်အောင်မြင် လာသူ တစ်ယောက်ပါ။အခုဆိုရင်မြန်မာနိုင်ငံရဲ့နာမည်ကြီး အဆိုတော် တစ်ယောက် အဖြစ် ရပ်တည်နေပြီလည်းဖြစ် သလို သီချင်းကောင်း များစွာကိုလည်း ထွက်ရှိခဲ့ပါတယ်။

ပိုပိုကတော့ သူကိုယ်တိုင် ရေးသား ထားတဲ့ သီချင်းတွေနဲ့ပတ်သက်ပြီး “ဒီ စာကတော့ FM Radio တွေ ဖြစ်နေတဲ့ ပြသနာ အတွက်ပါ။ ပိုပို ရဲ့ ထွက်ထား သမျှ သီချင်းတွေ ကို ပိုပို ပဲ ပိုင်ပါတယ် ။ အကယ်လို့ အတွဲခွေ တွေထဲက သီချင်းတွေကလဲ ဒဏ် နဲ့ မငိုပါနဲ့ ကလေးလေးရယ် ကလွဲလို့ ကျန်တာက producer က မလွှင့်ဖို့ သူတစ်ယောက် တည်း တားပိုင်ခွင့်မရှိပါ။ တေးရေး တေးဆို ပိုပို ဖြစ်နေလို့ပါ။ အခု FM တွေ က မလွှင့်ဖို့ တားထားတာက ဒုက္ခ နဲ့ ကျမချစ်သူ ပါပါတယ်တဲ့ ကျမ ပိုင်တာကို ဘယ်သူက တားထားတာပါလိမ့်။ ပိုပို့သီချင်း များနဲ့ ပက်သတ်ရင် သိလိုသမျှ ပို့ကို မေးပါ နော် ။ ( တခါက ကိုကျားက အတွဲခွေထဲ မဆိုဖို့ အကြံပေးတုန်းက နားမလည်ခဲ့ဘူး အခုတော့ တော်တော် ကျေးဇူးတင်မိတယ်) ပိုပို့ရဲ့ သီချင်း တွေကို လွှင့်ဖို့ မည်သူမှ တားပိုင်ခွင့် မရှိပါ (ပိုပိုနဲ့ ဂီတအစည်းအရုံးနဲ့ ပတ်သတ်မှုမရှိပါ ပိုပို သီချင်းများကို အသုံးပြုချင်ရင် ပိုပို့ကို ဆက်သွယ်ပါ )” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ အသိပေးရေးသားထားတာပါ

ပိုပိုကတော့ ကိုယ်တိုင်ရေးကိုယ်တိုင် သီဆိုတဲ့ အနုပညာအရည်အသွေးပြည့်ဝ သူတစ်ယောက်ပါ။ အခုဆိုရင်တော့ သူ့ရဲ့သီချင်းတွေနဲ့ပ တ်သက်ပြီး ပိုင်ဆိုင်ကြောင်း FM တွေကမလွှင့်ဖို့ကို အခြားသူတွေက ပြောဆိုပိုင်ခွင့်မရှိကြောင်း ကို ပြတ်ပြတ် သားသားပြောလာခဲ့တာလည်း ဖြစ်ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment