Celebrity

သူမရဲ႕ အနားမွာ အနီးကပ္ ျပဳစုလုပ္ကိုင္ေပးေနတဲ့ အကူမိန္းကေလးကို ေရႊဆြဲြသီးေလး လက္ေဆာင္ေပးခဲ့တဲ့ နန္းစႏၵာလွထြန္း

Written by Ms Cele

သူမရဲ႕ အနားမွာ အနီးကပ္ ျပဳစုလုပ္ကိုင္ေပးေနတဲ့ အကူမိန္းကေလးကို ေရႊဆြဲြသီးေလး လက္ေဆာင္ေပးခဲ့တဲ့ နန္းစႏၵာလွထြန္း

ပရိသတ္ႀကီးေရ ခ်စ္စရာေကာင္းတဲ့ အျပံဳးေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာေလး နန္းစႏၵာလွထြန္း ကေတာ့ သရုပ္ေဆာင္ ေကာင္းရံုသာမက အေနအထိုင္ ေအးေဆးျပီး တည္ျငိမ္လြန္းတာေၾကာင့္ ပရိသတ္ေတြ ခ်စ္ရသူေလး တစ္ေယာက္ပါပဲ။ ပဥၥလက္ရြာ” ဇာတ္လမ္းတြဲ ကေနစတင္ၿပီး ပရိသတ္ေတြရဲ့ အားေပးမွုကို ရရွိခဲ့ၿပီး ဇာတ္လမ္းတြဲေတြ ေတာက္ေလၽွာက္ ရိုက္ကူးလာရတဲ့ နန္းစႏၵာလွထြန္းက “အရိပ္”၊ “ကၽြန္ေတာ္အမုန္းဆံုးကၽြန္ေတာ္”၊ “ဝကၤပါရွင္းတမ္း” စတဲ့ဇာတ္လမ္းတြဲေတြ ကလည္း သူမကို တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ ပိုျပီး ေအာင္ျမင္လာေစတာပဲ ျဖစ္ပါတယ္။

လက္ရိွ ကိုဗစ္ကာလ မွာလည္း အနုပညာလႈပ္ရွားမႈေတြကို ျဖည္းျဖည္းနဲ့ ပံုမွန္လုပ္ကိုင္ ေနရတဲ့ နန္းစႏၵာလွထြန္းက ၾကင္နာတတ္ျပီး စိတ္နွလံုးသားေကာင္းေၾကာင္း ဒီကေန့မွာေတာ့ ပရိသတ္ၾကီး မ်က္ျမင္ကိုယ္ေတြ့ ေတြ့ရျပီပဲ ျဖစ္ပါတယ္။ နန္းစႏၵာလွထြန္းက သူမရဲ့ အလုပ္ကိစၥေတြနဲ့ ပက္သတ္ျပီး ေဝယ်ာဝစၥေတြ အနီးကပ္ လိုက္လုပ္ေပးတဲ့ အကူမိန္းကေလးကို ေရႊဆြဲသီးေလး လက္ေဆာင္ေပးခဲ့ျပီး ေပ်ာ္ရႊင္ေစခဲ့ တာကို အခုလိုပဲ ေတြ့ရပါတယ္။

နန္းစႏၵာလွထြန္းေပးတဲ့ လက္ေဆာင္ေလး ကေတာ့ တန္ဖိုးၾကီးတယ္မၾကီးဘူးဆိုတာထက္ မိန္းကေလးရဲ့ သိတတ္ လိမၼာမႈကို ဂုဏ္ျပဳေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း နန္းစႏၵာလွထြန္းရဲ့ စိတ္ထားေလးကို ပိုလုိ့ေတာင္ခ်စ္သြားၾကမယ္ ထင္ပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source: Nan Sandar Hla Htun’s fb
Credit:Cele Connections

သူမရဲ့ အနားမှာ အနီးကပ် ပြုစုလုပ်ကိုင်ပေးနေတဲ့ အကူမိန်းကလေးကို ရွှေဆွဲွသီးလေး လက်ဆောင်ပေးခဲ့တဲ့ နန်းစန္ဒာလှထွန်း

ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်း ကတော့ သရုပ်ဆောင် ကောင်းရုံသာမက အနေအထိုင် အေးဆေးပြီး တည်ငြိမ်လွန်းတာကြောင့် ပရိသတ်တွေ ချစ်ရသူလေး တစ်ယောက်ပါပဲ။ ပဥ္စလက်ရွာ” ဇာတ်လမ်းတွဲ ကနေစတင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ဇာတ်လမ်းတွဲတွေ တောက်လျှောက် ရိုက်ကူးလာရတဲ့ နန်းစန္ဒာလှထွန်းက “အရိပ်”၊ “ကျွန်တော်အမုန်းဆုံးကျွန်တော်”၊ “ဝင်္ကပါရှင်းတမ်း” စတဲ့ဇာတ်လမ်းတွဲတွေ ကလည်း သူမကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုပြီး အောင်မြင်လာစေတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ကာလ မှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင် နေရတဲ့ နန်းစန္ဒာလှထွန်းက ကြင်နာတတ်ပြီး စိတ်နှလုံးသားကောင်းကြောင်း ဒီကနေ့မှာတော့ ပရိသတ်ကြီး မျက်မြင်ကိုယ်တွေ့ တွေ့ရပြီပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက သူမရဲ့ အလုပ်ကိစ္စတွေနဲ့ ပက်သတ်ပြီး ဝေယျာဝစ္စတွေ အနီးကပ် လိုက်လုပ်ပေးတဲ့ အကူမိန်းကလေးကို ရွှေဆွဲသီးလေး လက်ဆောင်ပေးခဲ့ပြီး ပျော်ရွှင်စေခဲ့ တာကို အခုလိုပဲ တွေ့ရပါတယ်။

နန်းစန္ဒာလှထွန်းပေးတဲ့ လက်ဆောင်လေး ကတော့ တန်ဖိုးကြီးတယ်မကြီးဘူးဆိုတာထက် မိန်းကလေးရဲ့ သိတတ် လိမ္မာမှုကို ဂုဏ်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းစန္ဒာလှထွန်းရဲ့ စိတ်ထားလေးကို ပိုလို့တောင်ချစ်သွားကြမယ် ထင်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Nan Sandar Hla Htun’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment