Celebrity


Written by Ms Cele





Credit:Cele Zone
Source:Po Po

သူမရဲ့ အမိုက်စားခန္ဓာကိုယ်လေးကို ပြသရင်း အမျိုးသားထုကြီးရဲ့ ရင်ကိုလှုပ်ခတ်သွားစေတဲ့ ပိုပို

ပိုပိုကတော့ သီချင်းအေးအေး လေးတွေရယ် ချိုသာတဲ့ အသံလေးတွေရယ်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တေးသီချင်း အမျိုးအစား အစုံအလင်ကို သီဆိုနိုင်စွမ်းရှိတဲ့ ပိုပိုက သီချင်း ကောင်းလေးတွေ အများအပြားထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။ ပိုပိုရဲ့သီချင်းတော်တော် များများကလည်းလူငယ်ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိနေတာပါ ။

ပိုပိုရဲ့ လတ်တလောအနုပညာ လှုပ်ရှားမှုတွေကတော့ photo shooting တွေ၊ ကြော်ငြာ မဂ္ဂဇင်းတွေကို အများအပြားလက်ခံ ရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်။ အခုလက်ရှိမှာ လည်းသူမရဲ့သီချင်းသစ်တွေအတွက် music videoတွေရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ သီဆိုဟန်လေးနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ ပိုပိုက အဆိုကောင်းသလို ရုပ်ရည်လေးကလည်း ချောမောလှပနေတာပါ ။

အခုမှာတော့ အသားကပ် အင်္ကျီလေး ဝတ်ကာ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ အလှတရားတွေနဲ့ ပုရိသတွေကို ရင်ခုန်စေပြန်တဲ့ ပုံရိပ်လေးတွေကို သူရဲ့ အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေက မိမိုက်လွန်းနေတာကြောင့် ပရိသတ်ကြီးအတွက် ပိုပိုရဲ့ အမိုက်စား ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ပိုပိုရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေ မှာလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Zone
Source:Po Po

About the author

Ms Cele

Leave a Comment