Celebrity


Written by Ms Cele





Credit:Cele Zone

သူမရဲ့ အိုင်ဒေါဆီက တန်ဖိုးရှိလှတဲ့ လက်ဆောင်လေးရခဲ့လို့ ပျော်ရွှင်ကြည်နူးနေတဲ့ မြတ်နိုးအေး

ပရိသတ်ကြီးရေ မြတ်နိုးအေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ် အချစ်တော် မင်းသမီး တစ်ယောက်ပါ။ လတ်တလော မှာတော့ မြတ်နိုးအေးက သူလေးစား အားကျရတဲ့ အဆိုတော်ကျားပေါက်ဆီကနေ ပြီးတော့ လိုချင်နေတာလေး လက်ဆောင်ရရှိခဲ့တဲ့ အတွက် ကျေနပ်ပီတိဖြစ် ပျော်ရွှင်နေကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

မြတ်နိုးအေး ကတော့ Challenge တစ်ခုမှာ ပါဝင်ခဲ့တဲ့အတွက် ကျားပေါက်ဆီကနေ ဒီလက်ဆောင်လေးကို ရရှိခဲ့တာဖြစ်ပြီး လက်ဆောင်လေးကို လိုချင်လွန်းလို့ ကျားပေါက်ဆီကနေ မရမကကို လက်ဆောင်ပေးဖို့တောင်းဆိုခဲ့တာပါတဲ့။အခုလို ကာလမှာ မှတ်မှတ်ရရအနေနဲ့ သူ လေးစားကျရတဲ့ အနုပညာရှင် Idol ဆီကနေ လက်ဆောင်ရခဲ့တာဖြစ်တဲ့ အတွက် မြတ်နိုးအေး ကတော့ လက်ဆောင်လေးကို တော်တော်လေးသဘောကျနေခဲ့တာပါ။

ကျားပေါက်ရဲ့ အနုပညာ ဖန်တီးမှုလက်ရာ ကလည်း မြတ်နိုးအေးတစ်ယောက် သဘောကျမယ်ဆိုလည်း ကျလောက်တဲ့ အထိကို သေသပ်လှပပြီး အမြတ်တနိုးနဲ့ကို တန်းဖိုးထားလောက်စရာပါပဲ။ မြတ်နိုးအေး လက်ဆောင်ခဲ့တဲ့ ကျားပေါက်ရဲ့ အနုပညာဖန်တီးမှုလေးကို ပရိသတ်တွေ လည်းတွေ့မြင်ရအောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Myat Noe Aye – မြတ်နိုးအေး
Credit:Cele Zone

About the author

Ms Cele

Leave a Comment