Celebrity


Written by Ms Cele





Source: Aye Thaung ‘s fb

သူမရဲ့ အနုပညာလှုပ်ရှားမှုမှာ စစ်အာဏာရှင်များနဲ့ မည်သည့်အလုပ်ကိုမျှ ပူးပေါင်းလုပ်ဆောင်ပေးမှာမဟုတ်ကြောင်း ပြတ်သားစွာပြောလာတဲ့ အေးဝတ်ရည်သောင်း

သရုပ်ဆောင် အေးဝတ်ရည်သောင်း ကတော့ လက်ရှိ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခတွေနဲ့ ပက်သတ်ပြီး ပြည်သူတွေနဲ့ တသားတည် းရှိနေတာပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်နဲ့ မတရားမှုနဲ့တကွ နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ အေးဝတ်ရည်သောင်းက ဖေ့စ်ဘုတ် စာမျက်နှာမှာလည်း သူမရဲ့ ခံယူချက်တွေကို ပြတ်ပြတ်သားသား မျှဝေနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မအေးသောင်းက သူမရဲ့ ရပ်တည်ချက်နဲ့ ပက်သတ်ပြီး အခုလိုပဲ ကြေငြာပေးလာခဲ့တာကို တွေ့ရပါတယ်။

“Civil Disobedience Movementမှာပါဝင်ပေးနေကြတဲ့ပြည်သူ့ ဝန်ထမ်းများအားလုံးကို တစ်ဦးတစ်ယောက်ချင်းစီ လေးစားဂုဏ်ယူ အသိမှတ်ပြုပါတယ်။ ကျွန်မ ကိုယ်တိုင်ကပြည်သူ့ ဝန်ထမ်းမဟုတ်တဲ့အတွက် ပြည်သူ့ဝန်ထမ်းများ CDM ကို ပါဝင်လာ​အောင် စည်းရုံးခြင်း နှင့် CDM လုပ်​ပေးတဲ့ဝန်ထမ်းများ အတွက် တတ်အားသမျှလှူ တာမှတပါး ပိုမိုထိ​ရောက် တဲ့အရာများကို မလုပ်နိုင်တာ စိတ်မ​ကောင်းဖြစ်ရပါတယ်။ ဒါကြောင့်သရုပ်ဆောင်ပြည်သူ တစ်ယောက်အနေနဲ့ကိုယ်တတ်နိုင်တဲ့အပိုင်းကနေပါဝင်ပါမယ်။ ကျွန်မ “​​အေးသောင်း” သည် ဒီနေ့ဒီအချိန် ဖေ​ဖော်ဝါရီ ၂၀၂၁ မှ စ၍ စစ်အာဏာရှင်များနှင့်ဆက်စပ်တဲ့ မည်သည့်စီးပွားရေးလုပ်ငန်းကိုမှကြော်ငြာပေးခြင်းပြုလုပ်သွားမှာ မဟုတ်သလို စစ်အာဏာရှင်များနှင့် ဆက်စပ်သောထုတ်လုပ်ရေးများနှင့်လည်း မည်သည့်အနုပညာလှုပ်ရှားမှုကိုမှ ပူးပေါင်းလုပ်ဆောင်တော့မည်မဟုတ်ပါကြောင်း ။” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

မအေးသောင်း ကတော့ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး စစ်အာဏာရှင် များနှင့်ဆက်စပ်ပြီး မည်သည့်အနုပညာ လှုပ်ရှားမှုကိုမှ ပူးပေါင်းလုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြတ်သားစွာ အသိပေး ကြေငြာလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Aye Thaung ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment