Celebrity

သူမရဲ႕ ေခြးေလးေၾကာင့္ လႊတ္ေတာ္ေရွ႕မွာ အဖမ္းခံရမလို ျဖစ္ခဲ့ေၾကာင္းကို ေျပာျပလာတဲ့ ခင္သဇင္

Written by Ms Cele

သူမရဲ႕ ေခြးေလးေၾကာင့္ လႊတ္ေတာ္ေရွ႕မွာ အဖမ္းခံရမလို ျဖစ္ခဲ့ေၾကာင္းကို ေျပာျပလာတဲ့ ခင္သဇင္

ေမာ္ဒယ္လ္ မင္းသမီး ခင္သဇင္ ကေတာ့ က်စ္လစ္လွပ တဲ့ ခႏၶာကိုယ္ အလွနဲ႔အတူ ဆြဲေဆာင္မႈ ရွိလွတဲ့ သြင္ျပင္ ေၾကာင့္ အားလုံးထဲမွာ ထူးျခားေနတဲ့ မင္းသမီးေလး ပဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္ ဇာတ္ကားႀကီးမ်ားနဲ႔ ဇာတ္လမ္းတြဲမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ ထားၿပီး ေအာင္ျမင္တဲ့ အႏုပညာရွင္ အျဖစ္ ရပ္တည္ေနသူေလးပါေနာ္။ ခင္သဇင္ ကေတာ့ ဟာသ သ႐ုပ္ေဆာင္ ကစ္ကစ္ နာမက်န္းျဖစ္ေနစဥ္ မွာေရာ ေသဆုံးခ်ိန္ထိပါ အစစ အရာရာ တာဝန္ယူကူညီေပးခဲ့ တာေၾကာင့္ အားလုံးရဲ႕ ခ်ီးက်ဴးအားေပး ခဲ့ၾကတာပါ။

အခုလို ကိုဗစ္ကာလမွာ ေခြးေလး တေကာင္နဲ႔ သူမရဲ႕ ေပ်ာ္စရာေကာင္းတဲ့ မနက္ခင္းေလး အေၾကာင္းကို အခုလိုပဲ မွ်ေဝခဲ့ပါတယ္။ ” ဒါကြၽန္မရဲ႕ work out trainer ေလ…လူကို အေသေမာင္းတာ 🤪🤪ဓမၼေစတီလမ္းထိပ္ကေန ေလွ်ာက္လာ လိုက္တာ ေဆာ့ေနက် Balance Gym 3 အလုံ လမ္းထိပ္ထိ ေရာက္ လာတယ္..ကားနဲ႔ Gym လာေနက်က သူနဲ႔က်မွ Gym ကို လမ္းေလွ်ာက္လာ ေနရတယ္တို႔ ဘာတို႔ …

ရန္ကုန္တိုင္း လႊတ္ေတာ္ထဲလည္း တံခါးဖြင့္တုန္း သူက ရစ္သီရစ္သီ လုပ္ေနလို႔ ရဲေတြက ကိုယ္ေတြကို မသကၤာခ်င္ေတာ့ဘူး မသကၤာဆို ကိုယ္ကလည္း Hoodie ဦးထုပ္ ေဆာင္းၿပီး mask နဲ႔ ဆိုေတာ့ ေခြးတစ္ေကာင္ အေၾကာင္းျပၿပီး စပိုင္လာ လုပ္တယ္ ထင္ေနလား မသိဘူး.. ေသနတ္ေတြနဲ႔ ထြက္လာလို႔ ေၾကာက္ၿပီး ထြက္ေျပးလာ ရေသးတယ္..ၿပီးေတာ့ ေမာလို႔ ခေရပင္ လမ္းထိပ္က အိမ္ပ်က္ေရွ႕ လမ္းေဘး အုပ္ခုံမွာ ႏွစ္ေယာက္သား ထိုင္ အနားယူၿပီး ဟိုစဥ္းစား ဒီစဥ္းစားနဲ႔ ျဖတ္သြားတဲ့ ကားေတြကို ၾကည့္ၿပီး ေလညင္းခံရတာ အရသာရွိလိုက္တာ အင္းးးး ေတာင္းစားတဲ့ သူတစ္ေယာက္ရဲ႕ ဘဝ ကလည္း တကယ္ေတာ့ ေအးေဆးပဲလို႔ ေတာင္ ေတြးလိုက္ မိေသးတယ္..feel ပဲ 😂

ေနာက္ေတာ့ အိမ္အျပန္ ကို ကားလာႀကိဳခိုင္းရတယ္..gym ေရာက္ၿပီး gym မေဆာ့ရဘူး ေနာက္တေခါက္ အိမ္အျပန္ လႊတ္ေတာ္ေရွ႕ ကိုး႐ို႕ကားယားထပ္ လုပ္ရင္ အိမ္မေရာက္ပဲ ေဂ်းထဲေရာက္ေတာ့မွာ…တကယ္လို႔ … ျပည္လမ္း ၊ အလုံလမ္း နဲ႔ ဓမၼေစတီလမ္းမွာ ဒီလိုေခြး တစ္ေကာင္နဲ႔ သူခိုးလိုလို ဂ်ပိုးလိုလို ဟိုေျပး ဒီေျပး ကိုးယို႔ကားယား ေျပးေနရင္ ႏွစ္ခါ မစဥ္းစားနဲ႔ အဲဒါ ခင္သဇင္ ပါလို႔ 🤪🤪🤪

ဪ ေနာက္ၿပီး.. လမ္းေဘးေတြက ပလက္ေဖာင္းေတြ အုတ္ခုံေတြမွာ ေခြးတစ္ေကာင္ နဲ႔ ေအးေအး လူလူ ထိုင္ေနတာ ေတြ႕ရင္လည္း ႏွစ္ခါ မစဥ္းစားပါနဲ႔ .. အဲဒါ ခင္သဇင္ပါပဲလို႔ 😄😄 ကားေပၚကေန ႏႈတ္ဆက္ သြားၾကဦးေနာ္ 😁😁” ဆိုကာ ေခြးေလးနဲ႔အတူ ျဖတ္သန္းရတဲ့ မနက္ခင္းအျဖစ္ အပ်က္ေလးကို အ႐ႊန္းေဖာက္ရင္း မွ်ေဝခဲ့ ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီး ကို အထူးပဲ ေက်းဇူးတင္ ရွိပါတယ္။

Crd:San Kyi par

သူမရဲ့ ခွေးလေးကြောင့် လွှတ်တော်ရှေ့မှာ အဖမ်းခံရမလို ဖြစ်ခဲ့ကြောင်းကို ပြောပြလာတဲ့ ခင်သဇင်

မော်ဒယ်လ် မင်းသမီး ခင်သဇင် ကတော့ ကျစ်လစ်လှပ တဲ့ ခန္ဓာကိုယ် အလှနဲ့အတူ ဆွဲဆောင်မှု ရှိလှတဲ့ သွင်ပြင် ကြောင့် အားလုံးထဲမှာ ထူးခြားနေတဲ့ မင်းသမီးလေး ပဲ ဖြစ်ပါတယ်။ ရုပ်ရှင် ဇာတ်ကားကြီးများနဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင် ထားပြီး အောင်မြင်တဲ့ အနုပညာရှင် အဖြစ် ရပ်တည်နေသူလေးပါနော်။ ခင်သဇင် ကတော့ ဟာသ သရုပ်ဆောင် ကစ်ကစ် နာမကျန်းဖြစ်နေစဉ် မှာရော သေဆုံးချိန်ထိပါ အစစ အရာရာ တာဝန်ယူကူညီပေးခဲ့ တာကြောင့် အားလုံးရဲ့ ချီးကျူးအားပေး ခဲ့ကြတာပါ။

အခုလို ကိုဗစ်ကာလမှာ ခွေးလေး တကောင်နဲ့ သူမရဲ့ ပျော်စရာကောင်းတဲ့ မနက်ခင်းလေး အကြောင်းကို အခုလိုပဲ မျှဝေခဲ့ပါတယ်။ ” ဒါကျွန်မရဲ့ work out trainer လေ…လူကို အသေမောင်းတာ 🤪🤪ဓမ္မစေတီလမ်းထိပ်ကနေ လျှောက်လာ လိုက်တာ ဆော့နေကျ Balance Gym 3 အလုံ လမ်းထိပ်ထိ ရောက် လာတယ်..ကားနဲ့ Gym လာနေကျက သူနဲ့ကျမှ Gym ကို လမ်းလျှောက်လာ နေရတယ်တို့ ဘာတို့ …

ရန်ကုန်တိုင်း လွှတ်တော်ထဲလည်း တံခါးဖွင့်တုန်း သူက ရစ်သီရစ်သီ လုပ်နေလို့ ရဲတွေက ကိုယ်တွေကို မသင်္ကာချင်တော့ဘူး မသင်္ကာဆို ကိုယ်ကလည်း Hoodie ဦးထုပ် ဆောင်းပြီး mask နဲ့ ဆိုတော့ ခွေးတစ်ကောင် အကြောင်းပြပြီး စပိုင်လာ လုပ်တယ် ထင်နေလား မသိဘူး.. သေနတ်တွေနဲ့ ထွက်လာလို့ ကြောက်ပြီး ထွက်ပြေးလာ ရသေးတယ်..ပြီးတော့ မောလို့ ခရေပင် လမ်းထိပ်က အိမ်ပျက်ရှေ့ လမ်းဘေး အုပ်ခုံမှာ နှစ်ယောက်သား ထိုင် အနားယူပြီး ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ဖြတ်သွားတဲ့ ကားတွေကို ကြည့်ပြီး လေညင်းခံရတာ အရသာရှိလိုက်တာ အင်းးးး တောင်းစားတဲ့ သူတစ်ယောက်ရဲ့ ဘဝ ကလည်း တကယ်တော့ အေးဆေးပဲလို့ တောင် တွေးလိုက် မိသေးတယ်..feel ပဲ 😂

နောက်တော့ အိမ်အပြန် ကို ကားလာကြိုခိုင်းရတယ်..gym ရောက်ပြီး gym မဆော့ရဘူး နောက်တခေါက် အိမ်အပြန် လွှတ်တော်ရှေ့ ကိုးရို့ကားယားထပ် လုပ်ရင် အိမ်မရောက်ပဲ ဂျေးထဲရောက်တော့မှာ…တကယ်လို့ … ပြည်လမ်း ၊ အလုံလမ်း နဲ့ ဓမ္မစေတီလမ်းမှာ ဒီလိုခွေး တစ်ကောင်နဲ့ သူခိုးလိုလို ဂျပိုးလိုလို ဟိုပြေး ဒီပြေး ကိုးယို့ကားယား ပြေးနေရင် နှစ်ခါ မစဉ်းစားနဲ့ အဲဒါ ခင်သဇင် ပါလို့ 🤪🤪🤪

ဪ နောက်ပြီး.. လမ်းဘေးတွေက ပလက်ဖောင်းတွေ အုတ်ခုံတွေမှာ ခွေးတစ်ကောင် နဲ့ အေးအေး လူလူ ထိုင်နေတာ တွေ့ရင်လည်း နှစ်ခါ မစဉ်းစားပါနဲ့ .. အဲဒါ ခင်သဇင်ပါပဲလို့ 😄😄 ကားပေါ်ကနေ နှုတ်ဆက် သွားကြဦးနော် 😁😁” ဆိုကာ ခွေးလေးနဲ့အတူ ဖြတ်သန်းရတဲ့ မနက်ခင်းအဖြစ် အပျက်လေးကို အရွှန်းဖောက်ရင်း မျှဝေခဲ့ ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီး ကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်။

Crd:San Kyi par

About the author

Ms Cele

Leave a Comment