Celebrity

သူမရဲ႕ ေပ့စ္နာမည္ကို အသုံးခ်ကာ ေငြလိမ္လည္ေနၾကတဲ့ မသမာသူေတြေၾကာင့္ သတိတစ္ခုေပးလာတဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

သူမရဲ႕ ေပ့စ္နာမည္ကို အသုံးခ်ကာ ေငြလိမ္လည္ေနၾကတဲ့ မသမာသူေတြေၾကာင့္ သတိတစ္ခုေပးလာတဲ့ ခိုင္ႏွင္းေ၀

ပရဟိတ အလုပ္ေတြနဲ႔ ပရိသတ္ေတြရဲ႕ ေလးစားခ်စ္ခင္မႈေတြကို မ်ားစြာ ရရွိထားတဲ့ ခိုင္ႏွင္းေဝကေတာ့ လႉဒါန္းမႈေတြ ကိုလည္း ဆက္တိုက္ျပဳလုပ္ေနသူပဲ ျဖစ္ပါတယ္။ လတ္တေလာ အေျခအေနေတြ အမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြ အတြက္ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းေနတဲ့ အျပင္ အလႉေငြေတြလည္း တတ္ႏိုင္သေလာက္ လႉဒါန္းေနတာ ေတြ႕ရပါတယ္။

ဒါ့အျပင္ ကိုဗစ္ေရာဂါေတြ ျဖစ္ပြားေနတဲ့ ကာလတစ္ေလွ်ာက္ မွာလည္း ေအာက္ဆီဂ်င္အိုးေတြ အျပင္ အျခား လိုအပ္တာေတြလည္း လႉဒါန္းခဲ့ပါေသးတယ္ ။ ဒီလို လႉဒါန္းေနသလို တစ္ဖက္ မွာလည္း မသမာသူေတြရဲ႕ေလာဘေၾကာင့္ သူမရဲ႕ ေပ့စ္နာမည္ကို အသုံးခ်ကာ ေငြလိမ္လည္ေနၾကတာေတြ လည္းျဖစ္ပြားလ်က္ရွိပါတယ္ ။

သူမရဲ႕ အသင္းနာမည္နဲ႔ ဆိုရွယ္မီဒီယာ အေကာင့္ေတြ ၊ Viber ေတြမွာ လိုက္လိမ္ေနေၾကာင္း ကို ဒီေန႔မွာေတာ့ ပုံေတြ ထုတ္ျပလာၿပီး ပရိသတ္ေတြကို မယုံၾကည္ဖို႔ သတိေပးလာပါတယ္ ။ ” က်မရဲ႕ အသင္း နာမည္ အသုံးျပဳ၍ Facebook ပါ မက Viber ကပါ ဖုန္းနံပါတ္ေတြထဲ ေလွ်ာက္ပို႔ၿပီး လိုက္လိမ္ေနတဲ့ အတြက္ အသိေပး ပါတယ္ရွင္..က်မရဲ႕ ပရဟိတ ဖုန္းမ်ားမွာ…….. 09-793841108 09-793841165 09-793841194 ဤ ဖုန္း(၃)လုံးသာ က်မရဲ႕ ပရဟိတ ဖုန္း အစစ္အမွန္ပဲ ျဖစ္ပါတယ္ရွင္…” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။

Credit:Cele Zone
Photo – Khine Hnin Wai

သူမရဲ့ ပေ့စ်နာမည်ကို အသုံးချကာ ငွေလိမ်လည်နေကြတဲ့ မသမာသူတွေကြောင့် သတိတစ်ခုပေးလာတဲ့ ခိုင်နှင်းဝေ

ပရဟိတ အလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာ ရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေ ကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ လတ်တလော အခြေအနေတွေ အမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့ အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက် လှူဒါန်းနေတာ တွေ့ရပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတစ်လျှောက် မှာလည်း အောက်ဆီဂျင်အိုးတွေ အပြင် အခြား လိုအပ်တာတွေလည်း လှူဒါန်းခဲ့ပါသေးတယ် ။ ဒီလို လှူဒါန်းနေသလို တစ်ဖက် မှာလည်း မသမာသူတွေရဲ့လောဘကြောင့် သူမရဲ့ ပေ့စ်နာမည်ကို အသုံးချကာ ငွေလိမ်လည်နေကြတာတွေလည်းဖြစ်ပွားလျက်ရှိပါတယ် ။

သူမရဲ့ အသင်းနာမည်နဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေ ၊ Viber တွေမှာ လိုက်လိမ်နေကြောင်း ကို ဒီနေ့မှာတော့ ပုံတွေ ထုတ်ပြလာပြီး ပရိသတ်တွေကို မယုံကြည်ဖို့ သတိပေးလာပါတယ် ။ ” ကျမရဲ့ အသင်း နာမည် အသုံးပြု၍ Facebook ပါ မက Viber ကပါ ဖုန်းနံပါတ်တွေထဲ လျှောက်ပို့ပြီး လိုက်လိမ်နေတဲ့ အတွက် အသိပေး ပါတယ်ရှင်..ကျမရဲ့ ပရဟိတ ဖုန်းများမှာ…….. 09-793841108 09-793841165 09-793841194 ဤ ဖုန်း(၃)လုံးသာ ကျမရဲ့ ပရဟိတ ဖုန်း အစစ်အမှန်ပဲ ဖြစ်ပါတယ်ရှင်…” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment