Celebrity


Written by Ms Cele





Credit:Swelsone News

သူမရဲ့ မွေးနေ့မှာ အဖေနဲ့ အမေကို ဆုံအောင်လုပ်ပေး ချင်တယ်ဆိုတဲ့ ချမ်းချမ်းရဲ့သမီးလေး

အဆိုတော်ချမ်းချမ်း ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး သီချင်းကောင်းလေးတွေ များစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ဝင်ရောက်နေရာယူ ထားနိုင်ခဲ့ပါတယ်။ပရိသတ်တွေ အချစ်ပိုရတဲ့ သူမကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက် ရှိနေတာပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းလေးတွေဟာ ယနေ့အချိန်ထိနားထောင် လို့ကောင်းနေဆဲဖြစ်ပြီး ပရိသတ်တွေ အားပေးကြိုက်နှစ်သက်နေဆဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သမီးလေးမြမိုးင်္ဂါလေး ကတော့ လိမ်မာရေးခြားရှိသလို မိဘ အပေါ်မှာလဲ သိတတ်တဲ့ကလေးလေးပဲဖြစ်ပါတယ်။ မြမိုးဂင်္ဂါလေးက “သမီး ရဲ့ မွေးနေ့ မှာ ဖေဖေ နဲ့ မေမေ ကို ဆုံအောင် လုပ်ပေးချင်တယ်။ ဖေဖေ နဲ့ မေမေ က ရိုးရိုး နေ့တွေ ဆိုရင် အတူတူ မတွေ့ရဘူး။ သမီး မွေးနေ့မှာတော့ သမီး ကြိုက်တာတွေ လုပ်ပေးစေချင်တယ်” ဆိုပြီး သူမရဲ့မွေးနေ့လေးမှာ သူမိဘနှစ်ဦးနဲ့ အတူရှိချင်ကြောင်းလေးကိုပြော လာတာပဲဖြစ်ပါတယ်။

ချမ်းချမ်းနဲ့ ဘုဏ်းသိုက် တို့က တရားဝင်ကွာရှင်း ထားကြတာ ဖြစ်သလို မြမိုးဂင်္ဂါလေး ကလဲ အဖေနဲ့အမေ့စီမှာ တစ်လှည့်စီ နေနေရတာ ပဲဖြစ်ပါတယ်။ လတ်တလော မှာတော့ ချမ်းချမ်းက နောက်အိမ်ထောင်ပြုခဲ့ပြီး ကွယ်ဝန်လွယ် ထားရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မွေးနေ့မှာ မိဘတွေနဲ့ ဆုံချင်တဲ့ မြမိုးဂင်္ဂါလေးရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက် ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment