Celebrity

သူမရဲ႕ ၂၁ႏွစ္ျပည့္ ေမြးေန႕ပြဲေလးကို မိသားစုျခံႀကီးထဲမွာ ေပ်ာ္ေပ်ာ္ပါးပါး က်င္းပခဲ့တဲ့ သဇင္ထူးျမင့္ ရဲ႕ေမြးေန႕ ဗီဒီယို

Written by Ms Cele

သူမရဲ႕ ၂၁ႏွစ္ျပည့္ ေမြးေန႕ပြဲေလးကို မိသားစုျခံႀကီးထဲမွာ ေပ်ာ္ေပ်ာ္ပါးပါး က်င္းပခဲ့တဲ့ သဇင္ထူးျမင့္ ရဲ႕ေမြးေန႕ ဗီဒီယို

ပရိသတ္ႀကီးေရ ခင္လွိုင္ရဲ့ သမီးေခ်ာေလး သဇင္ထူးျမင့္ ကေတာ့ ယေန႔မွာဆိုရင္ (၂၁)ႏွစ္ျပည့္သြားၿပီ ျဖစ္ပါတယ္ေနာ္။ သဇင္ထူးျမင့္က ေဖေဖ့ရဲ့အႏုပညာေသြးေတြ အျပည့္ပါတာေၾကာင့္ လက္ရွိမွာဆိုရင္ အႏုပညာ လမ္းေၾကာင္းေပၚေလၽွာက္လွမ္းေနၿပီျဖစ္ ပါတယ္။ခင္လွိုင္တို႔ကလည္း အငယ္ဆုံး သမီးေလးျဖစ္တဲ့ သဇင္ထူးျမင့္ကို အရမ္းခ်စ္ၿပီး အရာအားလုံးျဖည့္ဆည္း ေပးတာျဖစ္ပါတယ္။သဇင္ထူးျမင့္ရဲ့ေမြးေန႔ မွာေတာ့ ေမွာ္ဘီကၿခံထဲမွာ လူစုံတက္စုံနဲ႔ ေမြးေန႔ပြဲေလး က်င္းပေပးလိုက္တာျဖစ္ပါတယ္ေနာ္။

ခင္လွိုင္တို႔ဇနီး ေမာင္ႏွံက သမီးေလး အတြက္ သိန္းဆယ္ခ်ီတန္တဲ့ MacBookတစ္လုံးကို Surpriseအေနနဲ႔ လက္ေဆာင္ေပး လိုက္တာျဖစ္ပါတယ္။သဇင္ထူးျမင့္ ကလည္း လိုခ်င္တာေလးရလို႔ အရမ္းေပ်ာ္ေနၿပီး ေဖေဖနဲ႔ေမေမ့ကို အာဘြားေတြေပး ေနတာျဖစ္ပါတယ္။သဇင္ထူးျမင့္ရဲ့အခ်စ္ဆုံး သူငယ္ခ်င္းေလး ယြန္းယြန္းကလည္း သူမရဲ့ေမြးေန႔မွာ အနားမွာပဲေနၿပီး ေပ်ာ္ေအာင္လုပ္ေပး တာျဖစ္ပါတယ္။ သဇင္ထူးျမင့္ကေတာ့ ခ်စ္သူခင္သူ ေတြေပါလို႔ သူမရဲ့ေမြးေန႔ေလးက စည္ကားပါတယ္ေနာ္။

ယြန္းယြန္းကလည္း”Happy Birthday သူငယ္ခ်င္း 2018မွာ စရင္းႏွီးခဲ့ေပမယ့္ 2020က်မွ သူငယ္ခ်င္းအရင္းႀကီး ေတြျဖစ္လာတယ္..အသက္ေရာ ရာသီခြင္ေရာ အႀကိဳက္ေရာ အကုန္တူတဲ့ သူငယ္ခ်င္းထက္ပိုၿပီး ညီအစ္မလိုခ်စ္ရတဲ့ ၁၉ရက္ႀကီးတဲ့ bestieေလး..ေမြးေန႔မွာေပ်ာ္ရႊင္ ပါေစလို႔ အေဝးက ဆုေတာင္းမေနေတာ့ဘဲ အနားမွာ ေပ်ာ္ေအာင္လာလုပ္ေပး တယ္ေနာ္..အမ်ားႀကီးမေျပာေတာ့ဘူး ငါခ်စ္တာယုံေတာ့”ဆိုၿပီး ေမြးေန႔ဆုေတာင္းေပးကာ ခ်စ္စရာလက္ေဆာင္ေလးကိုလည္း ေပးလိုက္တာျဖစ္ပါတယ္။ ေမြးေန႔ရွင္သဇင္ထူးျမင့္ရဲ့ အမွတ္တရ ဗီဒီယိုဖိုင္ေလးကို ပရိသတ္ေတြလည္း ၾကည့္ရႈ႔ရေအာင္လို႔ ျပန္လည္မၽွေဝေပး လိုက္ပါရေစေနာ္။

Credit:Swelsone News

သူမရဲ့ ၂၁နှစ်ပြည့် မွေးနေ့ပွဲလေးကို မိသားစုခြံကြီးထဲမှာ ပျော်ပျော်ပါးပါး ကျင်းပခဲ့တဲ့ သဇင်ထူးမြင့် ရဲ့မွေးနေ့ ဗီဒီယို

ပရိသတ်ကြီးရေ ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့် ကတော့ ယနေ့မှာဆိုရင် (၂၁)နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်နော်။ သဇင်ထူးမြင့်က ဖေဖေ့ရဲ့အနုပညာသွေးတွေ အပြည့်ပါတာကြောင့် လက်ရှိမှာဆိုရင် အနုပညာ လမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီဖြစ် ပါတယ်။ခင်လှိုင်တို့ကလည်း အငယ်ဆုံး သမီးလေးဖြစ်တဲ့ သဇင်ထူးမြင့်ကို အရမ်းချစ်ပြီး အရာအားလုံးဖြည့်ဆည်း ပေးတာဖြစ်ပါတယ်။သဇင်ထူးမြင့်ရဲ့မွေးနေ့ မှာတော့ မှော်ဘီကခြံထဲမှာ လူစုံတက်စုံနဲ့ မွေးနေ့ပွဲလေး ကျင်းပပေးလိုက်တာဖြစ်ပါတယ်နော်။

ခင်လှိုင်တို့ဇနီး မောင်နှံက သမီးလေး အတွက် သိန်းဆယ်ချီတန်တဲ့ MacBookတစ်လုံးကို Surpriseအနေနဲ့ လက်ဆောင်ပေး လိုက်တာဖြစ်ပါတယ်။သဇင်ထူးမြင့် ကလည်း လိုချင်တာလေးရလို့ အရမ်းပျော်နေပြီး ဖေဖေနဲ့မေမေ့ကို အာဘွားတွေပေး နေတာဖြစ်ပါတယ်။သဇင်ထူးမြင့်ရဲ့အချစ်ဆုံး သူငယ်ချင်းလေး ယွန်းယွန်းကလည်း သူမရဲ့မွေးနေ့မှာ အနားမှာပဲနေပြီး ပျော်အောင်လုပ်ပေး တာဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ ချစ်သူခင်သူ တွေပေါလို့ သူမရဲ့မွေးနေ့လေးက စည်ကားပါတယ်နော်။

ယွန်းယွန်းကလည်း”Happy Birthday သူငယ်ချင်း 2018မှာ စရင်းနှီးခဲ့ပေမယ့် 2020ကျမှ သူငယ်ချင်းအရင်းကြီး တွေဖြစ်လာတယ်..အသက်ရော ရာသီခွင်ရော အကြိုက်ရော အကုန်တူတဲ့ သူငယ်ချင်းထက်ပိုပြီး ညီအစ်မလိုချစ်ရတဲ့ ၁၉ရက်ကြီးတဲ့ bestieလေး..မွေးနေ့မှာပျော်ရွှင် ပါစေလို့ အဝေးက ဆုတောင်းမနေတော့ဘဲ အနားမှာ ပျော်အောင်လာလုပ်ပေး တယ်နော်..အများကြီးမပြောတော့ဘူး ငါချစ်တာယုံတော့”ဆိုပြီး မွေးနေ့ဆုတောင်းပေးကာ ချစ်စရာလက်ဆောင်လေးကိုလည်း ပေးလိုက်တာဖြစ်ပါတယ်။ မွေးနေ့ရှင်သဇင်ထူးမြင့်ရဲ့ အမှတ်တရ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေလည်း ကြည့်ရှု့ရအောင်လို့ ပြန်လည်မျှဝေပေး လိုက်ပါရစေနော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment