Celebrity

သူမရဲ႕ ႐ုပ္ရည္နဲ႕ပတ္သက္ၿပီး ႐ိုင္းစိုင္းစြာ ေဝဖန္ တိုက္ခိုက္သူနဲ႔ ႀကဳံခဲ့ရတဲ့ ေဆာင္းဝတ္ရည္ေမ

Written by Ms Cele

သူမရဲ႕ ႐ုပ္ရည္နဲ႕ပတ္သက္ၿပီး ႐ိုင္းစိုင္းစြာ ေဝဖန္ တိုက္ခိုက္သူနဲ႔ ႀကဳံခဲ့ရတဲ့ ေဆာင္းဝတ္ရည္ေမ

“ဝိညဥ္ရႈိက္သံ”ဇတ္လမ္းတြဲ မွာ ၾကယ္စင္ခ်ိဳေလး အျဖစ္နဲ႔ ပရိသတ္ ေတြရဲ႕ရင္ထဲမွာ အခိုင္အမာ ေနရာယူထားႏိုင္တဲ့ ေကာင္မေလး ေဆာင္းဝတ္ရည္ေမ ကေတာ့ “အမုန္းမွသည္” ဇာတ္လမ္းတြဲ မွာလည္း ေနခ်ိဳေသြးဆိုတဲ့ ကာ႐ိုက္တာနဲ႔ ပရိသတ္ေတြ ကို ထပ္မံ ဖမ္းစားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေနခ်ိဳေသြးက လက္ရွိမွာလည္း သူမဝါသနာပါတဲ့ အႏုပညာအလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ရင္း ပရိသတ္ေတြအတြက္ မ႐ိုးႏိုင္တဲ့ ကာ႐ိုက္တာေတြမွာ သ႐ုပ္ေဆာာင္ဖို႔ ႀကိဳးစားေနသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ပိန္ပိန္ေသးေသး ခႏၶာကိုယ္ ေလးကို ပိုင္ဆိုင္ထားတဲ့ ေဆာင္းဝတ္ရည္ကေတာ့ နာမည္ရေနတဲ့ အႏုပညာရွင္ တစ္ေယာက္ပီပီ ဒီတစ္ခါမွာလည္း အေမေမြးထားတဲ့ ပင္ကိုယ္႐ုပ္ရည္နဲ႔ ပက္သတ္ၿပီး ႐ိုင္း႐ိုင္းစိုင္းစိုင္း တိုက္ခိုက္ ေဝဖန္သူနဲ႔ ႀကဳံဆုံေနရတာကို ေတြ႕ရပါတယ္။ ထိုလူက ေဆာင္းဝတ္ရည္ေမရဲ႕ ဓာတ္ပုံေတြေအာက္မွာ “ေမးေစ့ Vshape လုပ္ ႏႉတ္ခမ္း filler ထိုး.. Original face- Am I a joke to you ? :”) Your birth face was already perfect ပါ။ Filler and some treatments are not needed for you” ဆိုၿပီး စကားနာထိုးခံခဲ့ရတာပဲ ျဖစ္ပါတယ္။

အဲ့ဒီလို ရိုင္းရိုင္းစိုင္းစိုင္း ေဝဖန္မႈနဲ့ ပက္သတ္ျပီး ေဆာင္းဝတ္ရည္ေမက ” ေသခ်ာၾကည့္ၿပီးမွ မသိပဲ ရမ္းသမ္းမေျပာနဲ႔ ။ မသိပဲလာေျပာရင္ ဟာသျဖစ္တယ္။ ကြၽန္မက ကြၽန္မ မ်က္ႏွာျပင္ ထားပါတယ္လို ႔ေျပာထားမိလို႔ ဒီလိုစကားေတြလာေျပာေနရတာလား? ?? ေျပာခ်င္ရင္ မ်က္ႏွာကို ဟိုျပင္ဒီျပင္လုပ္ထားတဲ့ သူေတြရဲ႕ ပုံေအာက္ပဲ အဲ့လိုသြားေရးၿပီးဆရာလုပ္လိုက္ေနာ္။” ဆိုျပီး တံု့ျပန္ခဲ့ပါတယ္။

ေဆာင္းဝတ္ရည္ေမ ကေတာ့ ေတာ္ရံုဆိုရင္ ေဝဖန္မႈေတြကို လ်စ္လ်ဴရႈထားေလ့ ရိွေပမယ့္ အခုလို ရိုင္းရိုင္းစိုင္းစိုင္းေျပာဆို မႈကိုေတာ့ ျပန္လည္ တံု့ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို ႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

သူမရဲ့ ရုပ်ရည်နဲ့ပတ်သက်ပြီး ရိုင်းစိုင်းစွာ ဝေဖန် တိုက်ခိုက်သူနဲ့ ကြုံခဲ့ရတဲ့ ဆောင်းဝတ်ရည်မေ

“ဝိညဉ်ရှိုက်သံ”ဇတ်လမ်းတွဲ မှာ ကြယ်စင်ချိုလေး အဖြစ်နဲ့ ပရိသတ် တွေရဲ့ရင်ထဲမှာ အခိုင်အမာ နေရာယူထားနိုင်တဲ့ ကောင်မလေး ဆောင်းဝတ်ရည်မေ ကတော့ “အမုန်းမှသည်” ဇာတ်လမ်းတွဲ မှာလည်း နေချိုသွေးဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ ကို ထပ်မံ ဖမ်းစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နေချိုသွေးက လက်ရှိမှာလည်း သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်ရင်း ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ ကာရိုက်တာတွေမှာ သရုပ်ဆောာင်ဖို့ ကြိုးစားနေသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပိန်ပိန်သေးသေး ခန္ဓာကိုယ် လေးကို ပိုင်ဆိုင်ထားတဲ့ ဆောင်းဝတ်ရည်ကတော့ နာမည်ရနေတဲ့ အနုပညာရှင် တစ်ယောက်ပီပီ ဒီတစ်ခါမှာလည်း အမေမွေးထားတဲ့ ပင်ကိုယ်ရုပ်ရည်နဲ့ ပက်သတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း တိုက်ခိုက် ဝေဖန်သူနဲ့ ကြုံဆုံနေရတာကို တွေ့ရပါတယ်။ ထိုလူက ဆောင်းဝတ်ရည်မေရဲ့ ဓာတ်ပုံတွေအောက်မှာ “မေးစေ့ Vshape လုပ် နှူတ်ခမ်း filler ထိုး.. Original face- Am I a joke to you ? :”) Your birth face was already perfect ပါ။ Filler and some treatments are not needed for you” ဆိုပြီး စကားနာထိုးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အဲ့ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ဝေဖန်မှုနဲ့ ပက်သတ်ပြီး ဆောင်းဝတ်ရည်မေက ” သေချာကြည့်ပြီးမှ မသိပဲ ရမ်းသမ်းမပြောနဲ့ ။ မသိပဲလာပြောရင် ဟာသဖြစ်တယ်။ ကျွန်မက ကျွန်မ မျက်နှာပြင် ထားပါတယ်လို ့ပြောထားမိလို့ ဒီလိုစကားတွေလာပြောနေရတာလား? ?? ပြောချင်ရင် မျက်နှာကို ဟိုပြင်ဒီပြင်လုပ်ထားတဲ့ သူတွေရဲ့ ပုံအောက်ပဲ အဲ့လိုသွားရေးပြီးဆရာလုပ်လိုက်နော်။” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

ဆောင်းဝတ်ရည်မေ ကတော့ တော်ရုံဆိုရင် ဝေဖန်မှုတွေကို လျစ်လျူရှုထားလေ့ ရှိပေမယ့် အခုလို ရိုင်းရိုင်းစိုင်းစိုင်းပြောဆို မှုကိုတော့ ပြန်လည် တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment