Celebrity

သူမရဲ႕ beautybynaychi ေပ့ခ်္ ေလးျဖစ္လာေအာင္ ေနာက္ကြယ္ကေန ႀကိဳးစားပံ့ပိုးေပးတဲ့ သူေတြကို နွစ္ပတ္လည္ ညစာစားပြဲ က်င္းပေပးခဲ့တဲ့ ေနျခည္ဦး

Written by Ms Cele

သူမရဲ႕ beautybynaychi ေပ့ခ်္ ေလးျဖစ္လာေအာင္ ေနာက္ကြယ္ကေန ႀကိဳးစားပံ့ပိုးေပးတဲ့ သူေတြကို နွစ္ပတ္လည္ ညစာစားပြဲ က်င္းပေပးခဲ့တဲ့ ေနျခည္ဦး

တစ္ႏိုင္ငံလုံးက လူႀကီး၊ လူငယ္ ပရိသတ္မေ႐ြး သိၿပီးသားျဖစ္တဲ့ ေနျခည္ဦး ကေတာ့ beautybynaychi ဆိုတဲ့ ေပ့ခ်္ေလးကေန တဆင့္ Beauty Blogger အျဖစ္ စတင္ခဲ့ျပီး ေအာင္ျမင္တဲ့ လမ္းေၾကာင္းေပၚ ေရာက္ရိွလာ ခဲ့တာပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာလည္း သရုပ္ေဆာင္ တစ္ေယာက္အျဖစ္ အႏုပညာေလာက ထဲကို ဝင္ေရာက္လာခဲ့တာ ႏွစ္အနည္းငယ္သာ ရွိေသးေပမယ့္ အသစ္တစ္ေယာက္ နဲ႔မတူေအာင္ ႀကိဳးစားခဲ့မႈေၾကာင့္ အခုဆိုရင္ ပရိသတ္လက္ခံ အားေပးမႈကိုလည္း အမ်ားၾကီးရရိွခဲ့ျပီပဲ ျဖစ္ပါတယ္။ ေနျခည္ဦး ကေတာ့ အခုဆိုရင္ ထိပ္ဆံုးေနရာ တစ္ေနရာမွာ ရပ္တည္ေနျပီ ဆိုေပမယ့္ သူမရဲ့ ၾကိဳးစားမႈေတြကိုေတာ့ လံုးဝေလ်ာ့မသြားပဲ အသစ္ အသစ္ေသာ အေၾကာင္း အရာေတြနဲ့ ပရိသတ္ကို တင္ဆက္ဖို့ ၾကိဳးစား ေနတာပဲ ျဖစ္ပါတယ္။

ေနျခည္ဦးဆိုတဲ့ ေအာင္ျမင္သူ တစ္ေယာက္ျဖစ္လာဖို့ ၾကိဳးစားေပးခဲ့တဲ့ သူေတြထဲမွာ beautybynaychi အဖြဲ့သားေတြ အားလံုးလည္း အပါအဝင္ျဖစ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ ေတြကို ဝန္ထမ္းလို့ သေဘာမထားပဲ မိသားစုသူငယ္ခ်င္းလို ဆက္ဆံတတ္သူ တစ္ေယာက္ ျဖစ္ပါတယ္။ မေန့က ဒီဇင္ဘာလ (၂၈) ရက္ေန့မွာေတာ့ ေနျခည္ဦးက သူမရဲ့ beautybynaychi အဖြဲ့သားေတြ အားလံုးအတြက္ (၃) နွစ္ျပည့္ နွစ္ပတ္လည္ ညစာစားပြဲ က်င္းပေပးခဲ့ျပီး “ေနျခည္ဦးဆိုတဲ့ ေကာင္မေလးရဲ႕ေနာက္ကြယ္က အဓိက ပဲ့ကိုင္ရွင္မ်ားနဲ႔ အခ်စ္ဆုံး သူငယ္ခ်င္းမ်ား Happy three years team beautybynaychi !! I love my chilliesss 🌶🌶🥰🥰🥰” ဆိုျပီး သူမရဲ့ အေပ်ာ္ေတြကို မွ်ေဝေပးလာပါတယ္။

ေနျခည္ဦး ကေတာ့ သူမကို ျပီးျပည့္စံုတဲ့ သရုပ္ေဆာာင္၊ Social Influencer တစ္ေယာက္ျဖစ္ လာဖို့ ေနာက္ကြယ္ကေန ပံ့ပိုးေပးၾကတဲ့ အဖြဲ့သား ေတြကို စားေသာက္ဆိုင္အေကာင္းစား ၾကီးမွာ ဂုဏ္ျပဳညစာ ေကြ်းေမြးခဲ့တာပဲ ျဖစ္ပါတယ္။ ေနျခည္ဦးနဲ့တကြ beautybynaychi ကုမၸဏီၾကီး အဓြန့္ရွည္ ေအာင္ျမင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

သူမရဲ့ beautybynaychi ပေ့ချ် လေးဖြစ်လာအောင် နောက်ကွယ်ကနေ ကြိုးစားပံ့ပိုးပေးတဲ့ သူတွေကို နှစ်ပတ်လည် ညစာစားပွဲ ကျင်းပပေးခဲ့တဲ့ နေခြည်ဦး

တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် ပရိသတ်မရွေး သိပြီးသားဖြစ်တဲ့ နေခြည်ဦး ကတော့ beautybynaychi ဆိုတဲ့ ပေ့ချ်လေးကနေ တဆင့် Beauty Blogger အဖြစ် စတင်ခဲ့ပြီး အောင်မြင်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိလာ ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့တာ နှစ်အနည်းငယ်သာ ရှိသေးပေမယ့် အသစ်တစ်ယောက် နဲ့မတူအောင် ကြိုးစားခဲ့မှုကြောင့် အခုဆိုရင် ပရိသတ်လက်ခံ အားပေးမှုကိုလည်း အများကြီးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦး ကတော့ အခုဆိုရင် ထိပ်ဆုံးနေရာ တစ်နေရာမှာ ရပ်တည်နေပြီ ဆိုပေမယ့် သူမရဲ့ ကြိုးစားမှုတွေကိုတော့ လုံးဝလျော့မသွားပဲ အသစ် အသစ်သော အကြောင်း အရာတွေနဲ့ ပရိသတ်ကို တင်ဆက်ဖို့ ကြိုးစား နေတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးဆိုတဲ့ အောင်မြင်သူ တစ်ယောက်ဖြစ်လာဖို့ ကြိုးစားပေးခဲ့တဲ့ သူတွေထဲမှာ beautybynaychi အဖွဲ့သားတွေ အားလုံးလည်း အပါအဝင်ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက် တွေကို ဝန်ထမ်းလို့ သဘောမထားပဲ မိသားစုသူငယ်ချင်းလို ဆက်ဆံတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၂၈) ရက်နေ့မှာတော့ နေခြည်ဦးက သူမရဲ့ beautybynaychi အဖွဲ့သားတွေ အားလုံးအတွက် (၃) နှစ်ပြည့် နှစ်ပတ်လည် ညစာစားပွဲ ကျင်းပပေးခဲ့ပြီး “နေခြည်ဦးဆိုတဲ့ ကောင်မလေးရဲ့နောက်ကွယ်က အဓိက ပဲ့ကိုင်ရှင်များနဲ့ အချစ်ဆုံး သူငယ်ချင်းများ Happy three years team beautybynaychi !! I love my chilliesss 🌶🌶🥰🥰🥰” ဆိုပြီး သူမရဲ့ အပျော်တွေကို မျှဝေပေးလာပါတယ်။

နေခြည်ဦး ကတော့ သူမကို ပြီးပြည့်စုံတဲ့ သရုပ်ဆောာင်၊ Social Influencer တစ်ယောက်ဖြစ် လာဖို့ နောက်ကွယ်ကနေ ပံ့ပိုးပေးကြတဲ့ အဖွဲ့သား တွေကို စားသောက်ဆိုင်အကောင်းစား ကြီးမှာ ဂုဏ်ပြုညစာ ကျွေးမွေးခဲ့တာပဲ ဖြစ်ပါတယ်။ နေခြည်ဦးနဲ့တကွ beautybynaychi ကုမ္ပဏီကြီး အဓွန့်ရှည် အောင်မြင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment