Celebrity


Written by Ms Cele






” အဲဒီ့အချိန်မှာ မေမေတဲ့ သားလိုက်ခဲ့ ချင်တယ်တဲ့ အဲဒီ့အချိန်မှာ စာမေးပွဲက တစ်ဘာသာ ကျန်သေး တယ်ပေါ့ သားရယ်စာမေးပွဲရှိသေးတယ် ပေါ့ဆိုတော့ သားအမေ့ နောက်ကိုလိုက် လာခဲ့မယ် သူကယောက်ျားလေး ဆိုတော့ ၁၅နှစ်ရှိပြီ နယ်တွေဆိုလည်းသွားနေတာပဲဆိုတော့ ရထားတွေစီးပြီးတော့ သားလာခဲ့မယ်ဆိုတော့ အမေက မလာနဲ့တဲ့စာမေးပွဲနဲ့ပေါ့”


“မိုင်လေးနဲ့ ၁၇နှစ်လောက် ကွာတယ် အစ်ကိုသာရှိရင် အသက် ၃၉လား အဲ့လောက်ရှိပြီ ထင်တယ် အမေက မိုင်လေးကို ၄၁နှစ်လောက်မှာမွေးတာ ”


“ဒါကတော့ မယုံကြည်ထားလို့လည်းမရဘူးပေါ့နော် ပြောချင်တာ ကတော့ ရေစက်ရှိလို့ အမေနဲ့လာပြန်ဆုံတယ်ပေါ့ ယောက်ျားလေးနဲ့မိန်းကလေးတော့ ကွာသွားတာပေါ့ ဒီအကြောင်းတွေကို ငယ်ငယ်ကတည်းကကြားနေရတာပဲ ငယ်ငယ် ကတော့ မှတ်မိတယ်ပြောတယ် အခုတော့မသိတော့ဘူး” လို့ မိုင်လေး ကတော့ သူကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်လေးကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်။




သူမဟာ ဆုံးသွားတဲ့ အစ်ကို ဝင်စားတာ ပါလို့ ပြောပြလာတဲ့ ရတနာမိုင်

တစ်ခေတ် တစ်ခါက လူကြိုက်များ ခေတ်စားခဲ့တဲ့ အဆိုတော် မိုင်ရဲ့သမီးဖြစ်သူ ရတနာမိုင် ကလည်း မိခင်ရဲ့အမွေကို ဆက်ခံပြီး အဆိုတော် တစ်ဦးအဖြစ် အနုပညာ လမ်းကြောင်းကို လျှောက်လှမ်းနေသူ တစ်ဦးဖြစ်ပါတယ်။

မိဘ၂ပါးရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ ရတနာမိုင် ကတော့ သူ့မှာအစ်ကို တစ်ယောက်ရှိခဲ့ဖူးကြောင်းနဲ့ သူဟာ အစ်ကိုဝင်စား တာဖြစ်ကြောင်းကို Myanmar Celebrity နဲ့အင်တာဗျူးမှာ အခုလိုပဲဖြေဆိုခဲ့ပါတယ်။

“မောင်နှမက အစ်ကိုကမမွေးခင် ကတည်းကဆုံးသွားတာလေ မိုင်ကပြန်ဝင်စား တာ လက်မှာတောင် အမှတ်ကလေး ပါသေးတယ် ”

“အမေကကျတော့ အိမ်မက် ခဏခဏလာပေးတယ် သူပျဉ်းမနားမှာ သီချင်းသွား ဆိုတဲ့အချိန် သူမရှိတဲ့အချိန်မှာ သူ့သားလေးက ဆုံးသွားတာလေ ပြောရရင် Fever 102 လောက်ဆို တက်တတ်တဲ့ ရောဂါရှိတယ် သူကအခါကြီးရက်ကြီး သီတင်းကျွန်လပြည့်နေ့မှာဆုံးသွားတာ ဒီလိုကာလပေါ့ အမေပျဉ်းမနားသွားတဲ့အချိန်မှာ လမ်းပန်းခရီးမကောင်းတော့ရထားနဲ့ကြိုသွားရတာပေါ့”

” အဲဒီ့အချိန်မှာ မေမေတဲ့ သားလိုက်ခဲ့ ချင်တယ်တဲ့ အဲဒီ့အချိန်မှာ စာမေးပွဲက တစ်ဘာသာ ကျန်သေး တယ်ပေါ့ သားရယ်စာမေးပွဲရှိသေးတယ် ပေါ့ဆိုတော့ သားအမေ့ နောက်ကိုလိုက် လာခဲ့မယ် သူကယောကျ်ားလေး ဆိုတော့ ၁၅နှစ်ရှိပြီ နယ်တွေဆိုလည်းသွားနေတာပဲဆိုတော့ ရထားတွေစီးပြီးတော့ သားလာခဲ့မယ်ဆိုတော့ အမေက မလာနဲ့တဲ့စာမေးပွဲနဲ့ပေါ့”

“အဖေကတော့ ရှိတယ် အဲဒီ့အမေ မရှိတဲ့အချိန်မှာ အင်းယားကန် မှာ သူငယ်ချင်းတွေနဲ့ ရေသွားကူးတာ ရေသွားကူးတော့ အမှန်ကရေက ဒူးခေါင်းလောက်ပဲရှိတယ် သစ်ငုတ်တိုကိုကိုင်ပြီး နာရီဝက်ကြာတယ် တက်နေတာ သိလိုက်တဲ့အချိန်မှာ လက်ကမြဲနေပြီ တော်တော်လေးဆွဲဖြုတ်ရတယ်ပြောတယ် တက္ကသိုလ်များဆေးရုံကိုတင်လိုက်ပြီး ညရောက်တော့ ဆုံးသွားတာ”

“မိုင်လေးနဲ့ ၁ရနှစ်လောက် ကွာတယ် အစ်ကိုသာရှိရင် အသက် ၃၉လား အဲ့လောက်ရှိပြီ ထင်တယ် အမေက မိုင်လေးကို ၄၁နှစ်လောက်မှာမွေးတာ ”

“ပြန်ဝင်စားတာကတော့ အိမ်မက်ကိုနေ့တိုင်း ပေးတယ်တဲ့ ဆုံးသွားတော့ အလောင်းကို ဟာသမယ် အန်တီဒေါ်သန်းရွှေက မှတ်ပေးလိုက်တာ ညာဘက်လက်ဖျံလေးမှာ မှတ်ပေးလိုက်တာ အဲ့တာပြန်ပါလာတာတဲ့”

“ဒါကတော့ မယုံကြည်ထားလို့လည်းမရဘူးပေါ့နော် ပြောချင်တာ ကတော့ ရေစက်ရှိလို့ အမေနဲ့လာပြန်ဆုံတယ်ပေါ့ ယောကျ်ားလေးနဲ့မိန်းကလေးတော့ ကွာသွားတာပေါ့ ဒီအကြောင်းတွေကို ငယ်ငယ်ကတည်းကကြားနေရတာပဲ ငယ်ငယ် ကတော့ မှတ်မိတယ်ပြောတယ် အခုတော့မသိတော့ဘူး” လို့ မိုင်လေး ကတော့ သူကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်လေးကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်။

မိုင်လေးကတော့ တစ်ဦးတည်းသော သမီးအဖြစ်ဖြတ်သန်းရပေမယ့် မောင်နှမအဖော် လိုချင်တဲ့စိတ်တော့မဖြစ်မိဘူးလို့ဆိုပါတယ်။

“အဲဒီ့လိုစိတ်တော့ မဖြစ်မိဘူး တစ်ခါတစ်လေတော့ လည်းတွေး မိတာပေါ့ အစ်ကိုသာ ရှိရင် အစ်ကိုတို့အစ်မတို့ရှိရင် တိုင်ပင်အားကိုး ဖော်လေး ရမလားပေါ့ ကိုယ့်ညီမလေး တစ်ခုခုဖြစ် ရင်တောင် အစ်ကိုရှိရင်အဟန့်ပေါ့ အဟန့်အနေနဲ့တော့ ခုအဖေနဲ့အမေလည်း ရှိပါတယ် တစ်ခုခု ဆိုရင်တောင် အစ်မတွေ အစ်ကိုတွေရှိတော့ အားကိုးလို့ရ တယ်ပေါ့ ကိုယ့်အစ်မတွေ ကိုယ့်အစ်ကိုတွေတိုင်ပင်အားထားလို့ရတယ်ပေါ့” လို့ မိုင်လေးက MC ရဲ့အင်တာဗျုးမှာဖြေဆိုထားတာပါ။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment