Celebrity


Written by Ms Cele






သူမအတွက် အခန်းလေးတစ်ခု ပြုလုပ်ပေးထားပြီး ဂရုစိုက်တတ်တဲ့ ညီမဖြစ်သူအကြောင်း ပြောပြလာတဲ့ ပန်းရောင်ခြယ်

အဆိုတော်ကြီး ဂရေဟမ် ကတော့ ချစ်စရာကောင်း တဲ့အပြင် သီချင်းဆို လည်းကောင်းတဲ့ သမီးချော နှစ်ယောက်ကို ပိုင်ဆိုင်ထား သူကြီး ဖြစ်ပါတယ်။ ပန်းရောင်ခြယ် ကတော့ ဖေဖေနဲ့အတူတူ သီချင်းခွေ ထွက်ရှိ ထားပြီး သူမရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် ကိုလည်း ထွက်ရှိ ထားကာ အောင်မြင်တဲ့ အဆိုတော်ကြီးတစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး အငယ်လေး ပန်းသွန်းခြယ်ကတော့ Cover Song တွေ သီဆိုကာ အဖေနဲ့ အစ်မရဲ့ ခြေရာကို နင်းနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ဂရုတစိုက်ရှိကြတဲ့ မိသားစုလေး ပီပီ ပန်းရောင်ခြယ်က ဒီကနေ့မှာလည်း သူမရဲ့ ညီမလေး ပန်းသွန်းခြယ် အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ ပန်းသွန်းခြယ်က အပြင်တွေထွက်ပြီး အလုပ်လုပ်နေရတဲ့ အစ်မအတွက် သီးသန့်အခန်းလေးပြင်ပေးထားတဲ့အပြင် သောက်ဖို့ အားဆေးတွေကအစ သေချာစီစဉ်ထားပေးတဲ့ ညီမငယ် ပန်းသွန်းခြယ်အကြောင်းကို ချစ်ခင်မှုတွေများစွာနဲ့ သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ ပြောပြလာတာပဲ ဖြစ်ပါတယ်။

ပန်းသွန်းခြယ်နဲ့ ပန်းရောင်ခြယ်ကတော့ ညီအစ်မတွေပီပီ တစ်ယောက်ရဲ့ လိုအပ်ချက်ကိုတစ်ယောက် ဖြည့်ဆည်းပေးနေကြတာ အရမ်း ချစ်စရာကောင်း တာပဲနော်။ ပရိသတ်ကြီးလည်း ညီအစ်မနှစ်ယောက်ရဲ့ ကြည်နူးစရာ အဖြစ်လေးကိုကြည့်ပြီး ပီတိတွေကူးစက်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment