Celebrity


Written by Ms Cele






သူမအလိုကျ အနားမှာ အလိုလိုက်ပြီး အမြဲ ဂရုစိုက်ချစ်ပေးတဲ့ ချစ်ခင်ပွန်းကို ကျေးဇူးတင်ကြောင်း ပြောလာတဲ့ ရွှေမှုံလေး

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ ကတော့ စစ်မှန်တဲ့ ချစ်ခြင်း တစ်ခုတည်းနဲ့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး လက်ထပ် ခဲ့ကြသူများ ဖြစ်ပါတယ်။ စိတ်တူ ကိုယ်တူရှိပြီး ဝါသနာတူတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ ဇနီးမောင်နှံက အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း အနုပညာ အလုပ်တွေကို တက်တက်ကြွကြွလုပ်ကိုင်လာပြီး နှစ်ယောက် အတူတူတွဲဖက်ပြီးလည်း ကြော်ငြာတွေ၊ ရုပ်ရှင်တွေ များစွာကို ရိုက်ကူး လာတာ တွေ့ရပါတယ်။ ပရိသတ်တွေကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေအပြင် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး အကြောင်းကိုလည်း စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ ကတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြသူ တွေပီပီ ချစ်တဲ့အကြောင်းတွေ ကိုလည်း ဖွင့်ဟပြောပြဖို့ ဝန်မလေးတတ်သူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မှာလည်း ရွှေမှုံရတီက သူမရဲ့ အချစ်ရဆုံးခင်ပွန်း ရွှေထူးကို “New year တောင်ရောက်တော့မယ်နော်… တစ်နှစ်တစ်နှစ် အချိန်တွေ ကုန်တာလဲမြန်လိုက်တာ ..🥰🥰🥰ပါပါးရယ်.. မိန်မိန်းနားမှာ အခုလို အလိုလိုက်ပီး ချစ်ပေးတဲ့ အတွက် ကျေးဇူးအထူးပါ ..❤️❤️🙏🏻🙏🏻🙏🏻” ဆိုပြီး ကျေးဇူးတင်စကားပြောထားတာကို ကြည်နူးစွာနဲ့ တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ ကတော့ တစ်ယောက်ကို တစ်ယောက် ဘယ်လောက်တောင် နှစ်နှစ်ကာကာ ချစ်လဲဆိုတာ ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ နှစ်ယောက် ဒီထက်မက အချစ်တွေ တိုးတိုးချစ်နိုင်ပြီး သားသားမီးမီးလေး တွေလည်း အမြန်ဆုံးရရှိပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment