Celebrity

သူများဆီကနေ ထမင်းတောင်းစား ခဲ့ဖူးတဲ့ အကြောင်းကို ပြောပြလာတဲ့ G

Written by Ms Cele

သူများဆီကနေ ထမင်းတောင်းစား ခဲ့ဖူးတဲ့ အကြောင်းကို ပြောပြလာတဲ့ G

The voice Myanmar ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ G ကတော့ ကိုဗစ် ကာလမှာ ပရဟိတ အလုပ်တွေကို မနားတမ်းလုပ်နေသူ တစ်ဦးပါ။ သူကတော့ လက်ရှိ ရှင်သန်ရေး ကူညီမှုအသင်းမှာ ပရဟိတ လုပ်နေရင်း ထမင်းတောင်းစားဖူးတဲ့ အမှတ်တရဖြစ်ရပ် တွေကို အခုလိုပဲ ပြန်ပြော လာပါတယ်။

“အမှတ်တရတွေက အများကြီးပဲ ထမင်းငတ်တဲ့ အချိန်တွေလည်း ရှိတယ် ၁၂နာရီလောက် PPE ထဲမှာနေပြီး ရှူးလည်းပေါက်မရ ထမင်းဘူး မပါတော့ စားလို့မရဘူး ည၉နာရီ ၁၀နာရီလောက် ကျတော့ တောင်ဒဂုံလား ရွှေပြည်သာလားမသိဘူး အဲဒီ့က Qစင်တာ ကို လိုက်ပို့ရင်းနဲ့ စင်တာကလူတွေဆီက တောင်းစားလိုက်တာ သူတို့က အအေး၂ဘူးလာပေးတာ ထမင်းကျွေးချင်လားဆိုတော့ သူတို့လည်းအားနာပြီထမင်း၂ဘူးလာပေးတယ် ဇွန်းမပါလာတာနဲ့ ရေတစ်ဘူးထပ်တောင်းပြီး လက်ဆေးပြီးလမ်းဘေးမှာစားရတာတော့ အမှတ်တရပေါ့

ထမင်းက အမြဲတမ်းတောင်းစားနေကျ Qပြန်တွေကို နယ်လမ်းအထိလိုက်ပို့ရင် ညရောက်တယ် ရွာတွေဘက်မှာ ဆိုင်တွေလည်းမရှိတော့ အိမ်တွေက အန်တီကြီးတွေဆီကပဲ အမြဲတောင်းစားဖြစ်တယ်” လို့ဆိုပါတယ်။

Q စင်တာတွေမှာလည်း လိုက်ဖျော်ဖြေနေတဲ့ G ကတော့
“ညီမတို့က သောကြာနေ့တိုင်း Q စင်တာတစ်ခုစီကိုဖျော်ဖြေဖို့လုပ်ထားတာပါ ဒီတစ်ခေါက် ဝေဘာဂီမှာဖျော်ဖြေဖို့ကို ဝေဘာဂီကလက်မခံတော့လို့ ဒီနားက Q စင်တာတစ်ခုနဲ့ချိတ်ထားတာပါ အဲ့တာကြောင့် လာဖျော်ဖြေဖြစ်တာပါ”

“ညီမ ပရဟိတလုပ်နေရင်းနဲ့ ကိုရန်မျိုး ကို ပရဟိတလာလုပ်မလားလို့ ပြောရင်းနဲ့ ရှင်သန်ရေး ကူညီမှုအသင်းထဲကိုရောက်လာတာပါ ကိုယ်ကပရဟိတကိုအားသန်တယ် သူကဂီတကိုအားသန်တယ်ဆိုတော့ သူက Qစင်တာတွေမှာ လိုက်ဆိုမလားဆိုတာနဲ့ စီစဉ်ဖြစ်တာပါ အရင် ၃ခါ ရန်ကင်းတို့ဘာတို့သွားတယ် တာမွေတစ်ရက်သွား အခုဒီဟာ တစ်ခါလာတယ် ”

“ညီမနဲ့ကိုယ်ရန်မျိုးကတော့ ပိုကိုယ်ချင်းစာတာပေါ့ ညီမတို့ဆိုကြုံရတယ် တစ်ချို့ဆိုငိုကြတယ် တစ်ချို့က ကားပေါ်မတတ်ချင်ဘူး ဆွဲခေါ်ရတာတွေရှိတော့ ပိုနားလည်တယ် Pဖြစ်တာသိနေတဲ့သူဆိုတော့ ပိုဆိုးတယ် မိသားစုထဲမှာ negative ဖြစ်နေတဲ့သူတွေရှိရင် တွေ့လို့မရဘူးလေ စိတ်ထွက်ပေါက်မရှိတဲ့သူတွေကို အားပေးတဲ့အနေနဲ့ လာတယ်ဆိုတော့ သူတို့အားပေးနေတာ ဝမ်းသာနေတာပေါ့” လို့ 8 days နဲ့အင်တာဗျူးမှာဖြေဆိုခဲ့တာပါ။

နောက်ထပ်အစီအစဉ်တွေကိုတော့ G က
“ဒီလိုလိုက်ဆိုတာကတော့ ဆိုခိုင်းတဲ့နေရာရှိသရွေ့လိုက်ဆိုဖြစ်နေမယ်ထင်တယ် အကုန်လုံးလည်းဆိုချင်သေးတယ်ဆိုရင် ဆက်လုပ်မှာပေါ့ ကိုဗစ်ဒီထက်ပိုဆိုးရင် လုပ်ချင်မှလုပ်ရတော့မယ် အလှူရှင်ရှာတာကလွဲ ဘာမှလုပ်ပေးလို့မရဘူး သီချင်းဆိုတာတောင် အဝေးကြီးကနေဆိုရတာဆိုတော့ ဘာမှတော့လုပ်ပေးလို့မရဘူးထင်တယ် လှူတာလောက်ပဲတတ်နိုင်မယ်” လို့ ပြောရင်း ဆက်စပ်လူနာတွေကိုလည်း ကြောက်မနေဖို့ အခုလိုပဲ အားပေးခဲ့ပါတယ်။

“မကြောက်ကြပါနဲ့လို့ positive ဖြစ်ပြီး ကုသမှုလုပ်လိုက်လို့ ပြန်ကောင်းသွားတဲ့လူတွေလည်းရှိတယ် အဓိက ကိုယ်ကျန်းမာနေဖို့ပဲ ဖျားရင်တော့သတိထားစေချင်တယ် ဖျားရင် အားနည်းပြီး အန္တရာယ်ရှိတယ် ကိုယ့်အဖြေကိုမသိသေးတဲ့အချိန်မှာ စိတ်ဓာတ်ကျပြီး ငိုစရာအကြောင်းမရှိဘူး ကိုယ့်အဖြေကိုလည်း မသိသေးဘူးလေ ဆက်စပ်လူနာတိုင်းလည်း positive ဖြစ်သွားတာမဟုတ်ဘူးလေ အားတင်းထားပါ”
လို့ ဆိုထားတာပါ။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment