Celebrity

သူမ၀တ္ဖို႕အတြက္ အက်ႌ(၁၀)ထည္ပဲခ်န္ကာ အကုန္လံုးကိုစစ္ေဘးေရွာင္ျပည္သူေတြကို လွဴဒါန္းမယ္ဆိုတဲ့ ခင္သဇင္

Written by Ms Cele

သူမ၀တ္ဖို႕အတြက္ အက်ႌ(၁၀)ထည္ပဲခ်န္ကာ အကုန္လံုးကိုစစ္ေဘးေရွာင္ျပည္သူေတြကို လွဴဒါန္းမယ္ဆိုတဲ့ ခင္သဇင္

ခင္သဇင္ ကေတာ့ အႏုပညာေလာကမွာ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရွိပိုင္ဆိုင္ ထားတဲ့ မင္းသမီး တစ္ေယာက္ ျဖစ္ၿပီး ဇာတ္လမ္းတြဲေတြ မ်ားစြာကိုလည္း ရိုက္ကူးထားသူ ျဖစ္ပါတယ္။ေဖေဖာ္ဝါရီလက စတင္ၿပီး နိုင္ငံအတြင္းမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ ဆိုရင္လည္း ခင္သဇင္က ျပည္သူေတြဘက္ကေန ရပ္တည္ေပးကာ သူမတတ္နိုင္သေလာက္ ပါဝင္လႈပ္ရွားေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ခင္သဇင္က ပရိသတ္ေတြ အတြက္ ခြန္အားျဖစ္ေစမယ့္ စာေလးေတြ ကိုလည္း မၾကာခဏ ေရးတင္ေလ့ရွိသူ တစ္ေယာက္ျဖစ္ၿပီး သူမရဲ့ရပ္တည္ခ်က္ကိုလည္း ပြင့္လင္းစြာ ေျပာေလ့ရွိသူလည္းျဖစ္ပါတယ္။ ဒီေန႔မွာလည္း သူရဲ့ အဝတ္အစားေတြ အကုန္ကို စစ္ေဘးေရွာင္ျပည္သူေတြအား လႉဒါန္းမယ့္ အေၾကာင္းေလးကို အသိေပးေရးသားေဝမၽွလာပါတယ္ ။

” ဇင့္ အဝတ္ေတြ အကုန္ကို စစ္ေဘးေရွာင္ ဒုကၡေရာက္ျပည္သူေတြကို လႉပါမယ္…အဝတ္ေတြက ဒါေတာင္ ႏွစ္တိုင္း မိဘမဲ့ ေဂယာေတြကို လႉေနၾကပါ အခုေတာ့ ကိုယ့္ ဆီမွာ အထည္ေလး ၁၀ ဂဏန္းပဲ ထားခဲ့ ၿပီး ရွိသမၽွ အကုန္လႉမွာပါ တခ်ိဳ႕ ဒီဇိုင္းေတြေၾကာင့္ ဘယ္လို လႉရ ေရာင္းရမွန္း မသိလို႔ ဝန္ထမ္းလည္း ေခါင္းေတြ မူးေနပါၿပီ ဘယ္ဟာကို ေရာင္းၿပီး လႉရမယ္ ဘယ္ဟာကို တိုက္ရိုက္လႉရမယ္ ဆိုတာလည္း မသိေတာ့ပါဘူးဒုကၡေရာက္ျပည္သူေတြ ဆီ တိုက္ရိုက္ ေရာက္နိုင္မယ့္ ေနရာကို လႉပါမယ္..အလႉခံခ်င္တဲ့ သူေတြ နီးစပ္ရာကေန လက္တို႔ပါေနာ္..ျပည္သူေတြ က်န္းမာ ခ်မ္းသာ ေဘးကင္းၾကပါေစရွင္ ” ဆိုၿပီးေဖာ္ျပထားရာ ေလးစားမိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Khin Thazin

သူမဝတ်ဖို့အတွက် အကျႌ(၁၀)ထည်ပဲချန်ကာ အကုန်လုံးကိုစစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းမယ်ဆိုတဲ့ ခင်သဇင်

ခင်သဇင် ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင် ထားတဲ့ မင်းသမီး တစ်ယောက် ဖြစ်ပြီး ဇာတ်လမ်းတွဲတွေ များစွာကိုလည်း ရိုက်ကူးထားသူ ဖြစ်ပါတယ်။ဖေဖော်ဝါရီလက စတင်ပြီး နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ဆိုရင်လည်း ခင်သဇင်က ပြည်သူတွေဘက်ကနေ ရပ်တည်ပေးကာ သူမတတ်နိုင်သလောက် ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခင်သဇင်က ပရိသတ်တွေ အတွက် ခွန်အားဖြစ်စေမယ့် စာလေးတွေ ကိုလည်း မကြာခဏ ရေးတင်လေ့ရှိသူ တစ်ယောက်ဖြစ်ပြီး သူမရဲ့ရပ်တည်ချက်ကိုလည်း ပွင့်လင်းစွာ ပြောလေ့ရှိသူလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း သူရဲ့ အဝတ်အစားတွေ အကုန်ကို စစ်ဘေးရှောင်ပြည်သူတွေအား လှူဒါန်းမယ့် အကြောင်းလေးကို အသိပေးရေးသားဝေမျှလာပါတယ် ။

” ဇင့် အဝတ်တွေ အကုန်ကို စစ်ဘေးရှောင် ဒုက္ခရောက်ပြည်သူတွေကို လှူပါမယ်…အဝတ်တွေက ဒါတောင် နှစ်တိုင်း မိဘမဲ့ ဂေယာတွေကို လှူနေကြပါ အခုတော့ ကိုယ့် ဆီမှာ အထည်လေး ၁၀ ဂဏန်းပဲ ထားခဲ့ ပြီး ရှိသမျှ အကုန်လှူမှာပါ တချို့ ဒီဇိုင်းတွေကြောင့် ဘယ်လို လှူရ ရောင်းရမှန်း မသိလို့ ဝန်ထမ်းလည်း ခေါင်းတွေ မူးနေပါပြီ ဘယ်ဟာကို ရောင်းပြီး လှူရမယ် ဘယ်ဟာကို တိုက်ရိုက်လှူရမယ် ဆိုတာလည်း မသိတော့ပါဘူးဒုက္ခရောက်ပြည်သူတွေ ဆီ တိုက်ရိုက် ရောက်နိုင်မယ့် နေရာကို လှူပါမယ်..အလှူခံချင်တဲ့ သူတွေ နီးစပ်ရာကနေ လက်တို့ပါနော်..ပြည်သူတွေ ကျန်းမာ ချမ်းသာ ဘေးကင်းကြပါစေရှင် ” ဆိုပြီးဖော်ပြထားရာ လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Khin Thazin

About the author

Ms Cele

Leave a Comment