Celebrity

သူမႀကံုေတြ႕ခဲ့ရတဲ့ စိတ္မေကာင္း စရာ ကိစၥေလး တစ္ခုကို ေျပာျပ လာတဲ့ နီလန္း

Written by Ms Cele

သူမႀကံုေတြ႕ခဲ့ရတဲ့ စိတ္မေကာင္း စရာ ကိစၥေလး တစ္ခုကို ေျပာျပ လာတဲ့ နီလန္း

Myanmar Idol Season (3) ရဲ႕ အဆိုေတာ္ တစ္ေယာက္လည္းျဖစ္ သလို Make Up Artist တစ္ေယာက္လည္း ျဖစ္တဲ့ နီလန္းကေတာ့ မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရရွိထားတာ ျဖစ္ပါတယ္။ နီလန္းကေတာ့ လူငယ္ တစ္ေယာက္ျဖစ္ေပမယ့္ တစ္ဖက္ မွာလည္း အလုပ္ေတြ ႀကိဳးစားလုပ္ကိုင္ရင္း စီးပြားရွာေဖြေနသူေလး တစ္ေယာက္ ဆိုလည္း မမွားပါဘူး။ ပရိသတ္ေတြ ကလည္း လူငယ္ေပမယ့္ အလုပ္ႀကိဳးစားလြန္းတဲ့ နီလန္းကို သာမကပဲ သူမရဲ႕ သီခ်င္းေတြတိုင္းကိုလည္း စိတ္ဝင္တစား အားေပးေနၾကတာပဲ ျဖစ္ပါတယ္။

လတ္တေလာ မွာေတာ့ အႏုပညာလႈပ္ရွားမႈေတြကို ရပ္နားထားၿပီး အြန္လိုင္း ကေန Live Sale ေလးေတြ ျပဳလုပ္ေပးေနတဲ့ နီလန္းက ဒီတစ္ေခါက္ မွာေတာ့ စိတ္မေကာင္းစရာ သတင္းေကာင္း တစ္ခုနဲ႔ ႀကဳံဆုံခဲ့ရပါတယ္။ နီလန္းက သူမေရာင္းခ်ေပးတဲ့ Live Sale မွာ (၅)သိန္းေက်ာ္ တန္ဖိုးရွိ စိန္ေလာ့ကတ္ကို ဝယ္ယူခဲ့တဲ့ Customer က အမွန္တကယ္ ေရာင္းခ်တဲ့ ရတနာဆိုင္ေပ့ခ်္အစစ္ကိုမဟုတ္ပဲ အေကာင့္အတု၊ ေပ့ခ်္အတုကို မွားယြင္းၿပီး ေငြလႊဲမိခဲ့တဲ့ အေၾကာင္းကို စိတ္မေကာင္းစြာနဲ႔ ေျပာျပလာတာပဲ ျဖစ္ပါတယ္။

နီလန္းကေတာ့ သူမေရာင္းခ် တဲ့ Live Sale အတြင္းမွာပဲ ျဖစ္သြားတဲ့ ျဖစ္ရပ္တစ္ခု အေပၚ သူမတာဝန္ မပါေပမယ့္ စိတ္မေကာင္းျဖစ္ခဲ့ရရွာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း နီလန္းေျပာတာ ေလးေတြကို ေသခ်ာ နားေထာင္ၿပီး ဂ႐ုတစိုက္ရွိၾကပါလို႔ သတိေပး ပါရေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Cele Connections

သူမကြုံတွေ့ခဲ့ရတဲ့ စိတ်မကောင်း စရာ ကိစ္စလေး တစ်ခုကို ပြောပြ လာတဲ့ နီလန်း

Myanmar Idol Season (3) ရဲ့ အဆိုတော် တစ်ယောက်လည်းဖြစ် သလို Make Up Artist တစ်ယောက်လည်း ဖြစ်တဲ့ နီလန်းကတော့ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ နီလန်းကတော့ လူငယ် တစ်ယောက်ဖြစ်ပေမယ့် တစ်ဖက် မှာလည်း အလုပ်တွေ ကြိုးစားလုပ်ကိုင်ရင်း စီးပွားရှာဖွေနေသူလေး တစ်ယောက် ဆိုလည်း မမှားပါဘူး။ ပရိသတ်တွေ ကလည်း လူငယ်ပေမယ့် အလုပ်ကြိုးစားလွန်းတဲ့ နီလန်းကို သာမကပဲ သူမရဲ့ သီချင်းတွေတိုင်းကိုလည်း စိတ်ဝင်တစား အားပေးနေကြတာပဲ ဖြစ်ပါတယ်။

လတ်တလော မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး အွန်လိုင်း ကနေ Live Sale လေးတွေ ပြုလုပ်ပေးနေတဲ့ နီလန်းက ဒီတစ်ခေါက် မှာတော့ စိတ်မကောင်းစရာ သတင်းကောင်း တစ်ခုနဲ့ ကြုံဆုံခဲ့ရပါတယ်။ နီလန်းက သူမရောင်းချပေးတဲ့ Live Sale မှာ (၅)သိန်းကျော် တန်ဖိုးရှိ စိန်လော့ကတ်ကို ဝယ်ယူခဲ့တဲ့ Customer က အမှန်တကယ် ရောင်းချတဲ့ ရတနာဆိုင်ပေ့ချ်အစစ်ကိုမဟုတ်ပဲ အကောင့်အတု၊ ပေ့ချ်အတုကို မှားယွင်းပြီး ငွေလွှဲမိခဲ့တဲ့ အကြောင်းကို စိတ်မကောင်းစွာနဲ့ ပြောပြလာတာပဲ ဖြစ်ပါတယ်။

နီလန်းကတော့ သူမရောင်းချ တဲ့ Live Sale အတွင်းမှာပဲ ဖြစ်သွားတဲ့ ဖြစ်ရပ်တစ်ခု အပေါ် သူမတာဝန် မပါပေမယ့် စိတ်မကောင်းဖြစ်ခဲ့ရရှာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နီလန်းပြောတာ လေးတွေကို သေချာ နားထောင်ပြီး ဂရုတစိုက်ရှိကြပါလို့ သတိပေး ပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Cele Connections

About the author

Ms Cele

Leave a Comment