Celebrity


Written by Ms Cele






Credit:Celelucky

သူမ မတော်လိုက်ရတဲ့ ချွေးမလောင်းက သားဖြစ်သူရဲ့ကားနဲ့ဖုန်းကို ထပ်တောင်းလာခဲ့တာကြောင့် ဇာတ်ကြောင်းအပြည့်အစုံကိုဖွင့်ချလိုက်တဲ့ ဒေါ်ခင်မြတ်မွန်

ပရိသတ်ကြီးရေ အဆိုတော် ရေမွန်ကွယ်လွန်သွားတာ နှစ်လတောင်ပြည့်သွား ခဲ့ပါပြီနော်။ ရေမွန်ရဲ့ မေမေနဲ့ ညီမလေးကတော့ အခုထိမေ့မရနိုင်ဘဲ သတိရနေဆဲပါပဲနော်။ နှစ်လပြည့်တဲ့နေ့မှာတော့ ရေမွန်ကောင်မလေး K ရှုပ်ပွေထားတဲ့ ဇာတ်ကြောင်းတွေကို အန်တီခင်မြတ်မွန်မှ ရှင်းပြလာခဲ့ပါပြီနော်။

” လွန်ခဲ့တဲ့ June လ 22 ရက်နေ့ လက်ဖျံမှာနှင်းဆီပန်းပွင့်လေး Tattoo ထိုးပြီးတွတ်ပီကိုတက်ခေါ်ရင်း Suprise လုပ်ဖို့ကြံခဲ့တာ သူက 23 ဆုံးတော့ မပြလိုက်ရဘူး.ခု (2 ) လပြည့်တဲ့နေ့ မှတ်မှတ်ရရ သူ့အတွက် Tattoo ထပ်ထိုးခဲ့တယ်.ဘဝမှာကိုယ့်ကိုယ်ပေါ် တက်တူးထိုးဖြစ်မယ် (အထူးသဖြင့် ဒီအသက်အရွယ်မှာ) တစ်ခါမှထင်မထားခဲ့ဘူး. ခုတော့လဲ သူ့အကြောင်းပြုပြီးထိုးဖြစ်ပြီ.နောင်..ထပ်မံထိုးဖြစ်မဲ့တက်တူးတိုင်းဂာလည်း တွတ်ပီနဲ့ဘဲ ပတ်သက်မယ်.

အမေ့တက်တူးကသာ သူနဲ့ပတ်သက်တာ.အမေနဲ့ပတ်သက်တဲ့တက်တူး သူ့မှာတစ်ခုတောင်မရှိခဲ့တာ ရင်နာစရာ.(K) တဲ့.အဖေ့သွေးအပြည့်ပါတော့သူတို့ ဘဝတွေမှာ အရေးပါခဲ့တဲ့ သူရဲ့အမည်နာမကို တက်တူးထိုးဖို့မစဉ်စားခဲ့ကြဘူး.တွတ်ပီလည်း ကိုယ့်အပေါ်တစ်ချိန်လုံးနိုင်စား ခဲ့တဲ့၊ ကိုယ်တိုင်ကဘာမှမဟုတ်ဘဲ နိုင်ငံကျော် Cele ကြီးအပေါ် အမြဲမောက်မာ ဂုဏ်ဆာခဲ့တဲ့၊ရည်းစားနဲ့ပြသနာတက်တိုင်း နောက်တစ်ယောက်နဲ့ချိန်းပြီးသွားအိပ်တတ်တဲ့၊ခေတ်ဆန်ရုံမက ခေတ်ရှေ့အပြေးလွန်နေတဲ့၊ယူ့အကိုကို တို့ကလက်ထပ်ဖို့အစီအစဉ်မရှိဘူး– အပျော်တွဲတာလို့ မိန်းမသိက္ခာ တစ်ပြားမှမရှိ– အရှက်မရှိပြောထွက်ခဲ့တဲ့၊အချင်းချင်းပြသနာတက် စကားများတိုင်း မဆီမဆိုင် အိမ်ကအမေနဲ့နှမကိုဆွဲထည့်ပြီး မအေ—ိုး၊နှမ —ိုးလို့ဆဲရေးတတ်တဲ့၊ သေဆုံးသွားသူကိုမှ မညှာမတာ လူသိရှင်ကြားအကြွေး ၃သိန်းတောင်းခဲ့ပြီး လူမသိသူမသိ တိတ်တိတ်လေး (ကိုကိုက ဘေဘီ့ကို ကိုကို့ရဲ့ကားနဲ့ အိုင်ဖုန်းပေးခဲ့လို့ယူလိုက်မယ်) လို့ မျက်နှာပြောင်ပြောင်လောဘတက် တောင်းခဲ့တဲ့(တွတ်ပီကဘဲ သူသေတော့မှာ ကြိုသိလို့ ပေးခဲ့သလိုလို)၊

ဘေဘီဟိုကို လိုက်လာရင် ဘာမှမလုပ်တတ်ဘူး၊ဟင်းမချက်တတ်၊အဝတ်မလျှော်တတ်ဘူး၊ ဒီတော့ ဘေဘီ့အတွင်းခံဘောင်းဘီတွေ ကိုကိုလျှော်ပေးမှာလားလို့ မိုက်မိုက်ရိုင်းရိုင်း စော်ကားခဲ့တဲ့၊ကိုယ့်ရည်းစားဆုံးကြောင်း သိချိန် ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်(ဟိုကို driver ခေါ်ပြီးတက်လိုက်ခဲ့မယ်၊ dead body ရန်ကုန်ပြန်သယ်ချင်လား ? အားလုံးစီစဉ်ပေးမယ်)ပြောပြီး ကြက်ပျောက်ငှက်ပျောက်ပျောက်သွား၊ ပရိသတ်ဖက်လှည့် attentionယူ၊မျက်ရည်ခြူပြီး မကြာခင်Club တွေ bar တွေမှာ တရုံးရုံးနဲ့ပျော်တော်ဆက်နေတဲ့ အပေါစားမ ရဲ့နာမည်ကိုမှ မင်းကိုယ်ပေါ်မှာ သေရာပါမှတ်တမ်းတင် ကဗျည်းထိုးရသတဲ့လား..?ရင်နာလိုက်ပါဘိ ! နှမြောလိုက်ပါဘိတွတ်ပီရေ. .အကယ်၍ (K) ဟာ မင်းကိုအရမ်းချစ်ပြီးတစ်နေ့မှမေ့မရဘဲ နေ့စဉ်မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရတဲ့အမေ့ကိုရည်ညွှန်းတာသာဖြစ်ခဲ့ရင် အလွန်ကျက်သရေမင်ဂလာနဲ့ပြည့်စုံပြီး တန်ဖိုးအနဂ်ဂ ရှိမှာဘဲ.ငါ့သားသူတော်ကောင်းလေး တွတ်ပီဘဝဆက်တိုင်း၊အဖေဆိုး၊ရည်းစားဆိုး(အရှုပ်ထုတ်မ၊အပေါစားမ၊ကလေကချေမ၊ကလိမ်ကကျစ်မ)တွေနဲ့ ကင်းဝေးပါစေ. .(ကြိတ်မှိတ်ပြီးအောင့်အီး၊စောင့်စည်းခဲ့ရတာ နှစ်လရှိပါပြီ.ဒီနေ့တော့တိုက်ဆိုင်မှုတွေရှိလို့ ထိုက်တန်တဲ့ပေါက်ကွဲခြင်းများအား ချစ်ခင်ရသော.စာနာတရားရှိတဲ့အပေါင်းအသင်း၊ပရိတ်သတ်ကြီးများနားလည်ပေးကြပါကုန် . . .I will never forget N Always Love U. .Tut P.” လို့ ပြောပြလာခဲ့ပါတယ်နော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment