Celebrity


Written by Ms Cele






သူမ ရဲ့ အိမ်ထောင် ရေးနဲ့ ပတ်သတ်ပြီး ဝေဖန် နေကျ တဲ့ လူတချို့ကို ပွင့်ပွင့် လင်းလင်း ပြောပြ လာတဲ့ “ထက်ထက်မိုးဦး”

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာ ကနေ တဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြ တာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေး တွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင် နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင် ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ အကယ်ဒမီများစွာဆွတ်ခူးနိုင်ခဲ့တဲ့ ထက်ထက်မိုးဦးဟာ အိမ်ထောင်ရေးမှာကံမကောင်းခဲ့ပဲ အိမ်ထောင်ဆက် တွေနဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာပါ ဒီလို အိမ်ထောင်ရေး ကံမကောင်းခဲ့တဲ့ အပေါ်ထက်ထက်မိုးဦးက အခုလို ပြောပြလာခဲ့တာပါ

“ငယ်ငယ်တုန်းကတော့ ကိုမင်းဦးနဲ့ ဆယ်နှစ်ကျော်တွဲခဲ့ အရမ်းချစ် ခဲ့တာပဲလေ အဲ့ဒါတွေပြီးသွားတဲ့နောက်ပိုင်းမှာတော့ ဘာမှသိပ်ပြီးတော့ မရှိတော့ဘူး အဲ့လို အကြာကြီးချစ်ခဲ့ပြီးမှတော့ ကျန်တဲ့အချစ်တွေက သိပ်ပြီးတော့ မဖြစ်တော့ဘူးပေါ့ ပထမဆုံးတကြိမ်တုန်းကတော့ ရင်ခုန်တာပေါ့ နောက်ကြတော့ အသက်အရွယ် ရလာတာနဲ့အမျှ ဘဝကပြောင်းလဲ သွားပြီးတော့မှ အချစ်ဆိုတာ ထက် ဘဝကိုကောင်းအောင်ဘယ်လိုတည်ဆောက်မလဲဆိုတာကိုပဲ ရပ်တည်ရတာပေါ့နော် ဒါက လူတိုင်းပါပဲ ဒါပေမယ့်လို့ အဲ့လိုရပ်တည်ရင်းနဲ့မှ ဒီလိုမျိုးကြားထဲမှာဖြစ်ခဲ့တာတွေကလည်း မဖြစ်နဲ့လို့ ခြေထောက်ဆွဲထားလို့မှမရတာ ကံကုန်ပြီဆိုရင် တမိုးအောက်ထဲ မရှိကြတော့ဘူးလေ အဲ့ဒီအတွက်ကို ရှင်းပြလို့မှမရတာ ဒါတွေကနားလည်တဲ့သူ ပဲနားလည်တာကို ဘယ်ပြောင်းချင်ပါ့မလဲ တစ်ယောက်ဆို တစ်ယောက်ပဲချစ်ရတာပျော်တာပေါ့

ဒါမဲ့နောက်ဆုံးတော့လည်း အနားမှာရှိတဲ့သူက အချစ်ဆုံးသူပဲဖြစ်သွား တာပဲ ကိုယ့်ကိုတန်ဖိုးထားတဲ့သူနားမှာ ကိုယ်နေရတာ အကောင်းဆုံး ပဲလေ တန်ဖိုးမထားတဲ့လူကတော့ ကိုယ် ဘယ်လောက်ကြီးပဲ ဘာပဲဖြစ်နေဖြစ်နေ တန်ဖိုးမထားတဲ့လူက မထားဘူးပေါ့ ကိုယ့်ကိုတန်ဖိုးထားတဲ့ သူနားမှာကိုယ်ရှိနေရင်တော့ကောင်း တာပေါ့ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ ဘဝကိုအမြန်ဆုံး ပြန်တည်ဆောက်ရမယ် မသေမချင်းတော့ အလုပ်ကလုပ်နေရအုန်းမှာပဲ အလုပ်မလုပ်ပဲနဲ့လည်း နေလို့မှမကောင်းတာ လူတိုင်းလူတိုင်းက အလုပ်လုပ်နေရင်တော့ကောင်းတယ်လေ လူတိုင်းရဲ့ရင်ထဲမှာ တစ်ခုခုတော့ရှိကြတာပဲလေမရှိဘူးဆိုတဲ့လူမရှိပါဘူး ဒါတွေကို ခဏဘေးနားထားပြီးတော့ ဘဝရပ်တည်ဖို့အတွက်ကိုပဲ အဆင်ပြေသလို ရပ်တည်နေရတာကိုး”လို့ သူမအချစ်ရေးကံမကောင်း ခဲ့တဲ့အကြောင်း ပြောပြထားခဲ့တာဖြစ်ပါတယ်

Source:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment