Celebrity


Written by Ms Cele





Source:Baby Maung’fb
Credit:Cele Gabar

သူမ အရွံဆုံး မိန်းမတစ်ယောက်ရဲ့ အကြောင်းကို ဖွင့်ဟပြောပြလာတဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ မင်းသမီးချောလေးဘေဘီမောင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူလေးပဲဖြစ် ပါတယ်နော်။ မိဘနဲ့ညီအစ်ကိုမောင်နှမတွေ အပေါ်မှာလည်း တာဝန်ကြေပြီး ချစ်သူသားဂန်းနဲ့လည်း အချစ်ကမ္ဘာလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဒါအပြင် ဘေဘီက သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ ခံစားချက်စာသားအချို့ကို ပရိသတ်တွေကို အမြဲလိုလို မျှဝေပေးလေ့ရှိတဲ့သူပါနော်။

လတ်တလောမှာတော့ သူမဘဝမှာ အရွံဆုံးမိန်းမ တစ်ယောက်ရှိကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ ဘဝမှာ မိတ်ဆွေကောင်းလို့ ထင်ပတ်သတ်ခဲ့ပေမယ့်ကြောက်စရာကောင်းပြီး အောက်တန်းကျတဲ့ ရွံစရာမ တစ်ယောက်နဲ့ကြုံဖူးခဲ့ပြီ ဘဝမှာမိန်းကလေးတိုင်းကိုချစ်တတ်ပေမယ့် အဲ့ဒီမိန်းမကိုတော့ ရွံမုန်းပါရှင့် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ခံစားချက်အချို့ကို လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေ ကတော့ ဘေဘီနားမှာ သူမကိုချစ်တဲ့ ပရိသတ်တွေအများကြီးမို့ စိတ်ညစ်စရာတွေ ခေါင်းထဲမထည့်ဘဲ လုပ်စရာရှိတဲ့ အလုပ်တွေကိုပဲ ဆက်လုပ်ဖို ့အတွက် အကြံပေးမှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ ဘေဘီ ပရိသတ်တွေကတော့ ဘာပဲဖြစ်ဖြစ် ဘေဘီဘက်ကပါတဲ့နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Baby Maung’fb
Credit:Cele Gabar

About the author

Ms Cele

Leave a Comment