Celebrity


Written by Ms Cele





Credit:Yaung Chi

သူမLive လွှင့်နေတုန်း မွေးနေ့ လက်ဆောင်တွေ အများကြီးနဲ့ Surprise လုပ်ခံ လိုက်ရတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ် ကတော့ ကိုဗစ်ကာလ ရိုက်ကူးရေးတွေ နားထားရတဲ့ အချိန်မှာ သူမရဲ့ကိုယ်ပိုင် စီးပွားရေးလေး တစ်ခုဖြစ်တဲ့ Live Sale လေးတွေ ရောင်းချရင်း အားပေးတဲ့ ပရိသတ်တွေပိုမိုများပြားလာခဲ့တယ်ဆိုရမှာပါ ။ယခုဆိုရင်တော့ သူမရဲ့မွေးနေ့အတွက် ချစ်တဲ့ ပရိသတ်တွေက Surprise လုပ်ပေးခဲ့ကြတယ်လို့သိရပါတယ် ။

မနေ့ညက Live လွှင့်နေတုနိး နဂါးရစ်တောင် ဘုန်းဘုန်းကြီးရဲ့ သားသမီးတွေ အိမ်ရောက်လာပီး စပရိုက် လာလုပ်ခဲ့ကြ တာဖြစ်ပြီး လက်ဆောင်တွေလည်း အထုတ် (၄၈) ထုတ်ပါလာတယ်လို့ သူမရဲ့လူမှုကွန်ရက် စာမျက်နှာထက်မှာဖော်ပြလာခဲ့ပါတယ် ။ အိမ်မှာနေရင်း ဘာပွဲမှမလုပ်ပဲ ထောသွားတဲ့အတွက် မေတ္တာထားပြီး မွေးနေ့ လက်ဆောင်ပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်း၊ မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်း ကျေးဇူးတင်ပါတယ်လို့လည်း ရေးသားထားပါသေးတယ် ။

လက်ဆောင်တွေ အများကြီးရပြီး Surprise ဖြစ်သွားတဲ့ နှိုင်းယှဉ် အတွက် ပရိသတ်တွေကလည်း ထပ်တူ ဝမ်းသာပျော်ရွှင်ရကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ Happy Birthday ပါ နှိုင်းယှဉ်ရေ အလုပ်အကိုင်တွေ အဆင်ပြေပြီး ဒီထက်မက ပရိသတ်တွေချစ်တဲ့အနုပညာရှင် တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော် ။

Source : Nhying Myint Moh
Credit:Yaung Chi

About the author

Ms Cele

Leave a Comment