Celebrity

သူရဲ႕ေဆးကုသမႈေၾကာင့္ ဦးေမတၱာခံစားေနရတဲ့ ေရာဂါေ၀ဒနာေပ်ာက္ကင္းသြားလို႕ ၀မ္းသာေပ်ာ္ရႊင္ေနတဲ့ ထူးခန္႕ေက်ာ္

Written by Ms Cele

သူရဲ႕ေဆးကုသမႈေၾကာင့္ ဦးေမတၱာခံစားေနရတဲ့ ေရာဂါေ၀ဒနာေပ်ာက္ကင္းသြားလို႕ ၀မ္းသာေပ်ာ္ရႊင္ေနတဲ့ ထူးခန္႕ေက်ာ္

မင္းသားႀကီး ထူးခန႔္ေက်ာ္က အႏုပညာ နယ္ပယ္တစ္ခုမွာ ေအာင္ျမင္မႈေတြရဲ့ ရပ္တည္ထားတဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ထူးခန႔္ေက်ာ္ဟာ အႏုပညာ အလုပ္ေတြကို ဆယ္စုနီးပါးမကလုပ္ကိုင္လာခဲ့ၿပီး ယေန႔အခ်ိန္ထိလည္း ျဖည္းျဖည္းခ်င္း လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အရိုးအေၾကာနဲ႔ဆိုင္တဲ့ ေရာဂါေဝသနာခံစားရတဲ့သူေတြကို ျမန္မာ့ရိုးရာနဲ႔ အခမဲ့ ေဆးကုသေပးေနတာ ေတြ႕ရပါတယ္။

သူ႔ရဲ့ ေဆးကုသမႈဟာ ေရာဂါေဝသနာရွင္ ေတြရဲ့ သိသိသာသာ ေပ်ာက္ကင္း တာေၾကာင့္ လာေရာက္ကုသတဲ့ သူေတြမ်ားတာ ေတြ႕ရပါတယ္။ဒါ့အျပင္ ထူးခန႔္ေက်ာ္က ေဆးကုသတာနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကို မၾကာခဏ အသိေပးေဖာ္ျပေပးပါေသးတယ္။ ယခုမွာဆိုရင္လည္း သူ႔ဆီမွာ ဟာသ သ႐ုပ္ေဆာင္ ဦးေမတၱာက လာေရာက္ေဆးကုသခဲ့တယ္ဆိုတဲ့အေၾကာင္းေလးကို ေျပာျပလာခဲ့ပါတယ္။

“အခုလိုယုံၾကည္စြာျဖင့္ လာေရာက္ကုသၿပီး မိမိခံစားေနရေသာ ေဝဒနာသက္သာ ေပ်ာက္ကင္းသြားတယ္ဆိုတဲ့ ဟာသလူရႊင္​ေတာ္ ဦးေမတၱာအားအထူးပင္ ေက်းဇူးတင္ပါတယ္ေနာ္….. အခုလို(၇) ႏွစ္ရက္သားသမီးမ်ားရဲ့အရိုး အေၾကာႏွင့္ပတ္သက္ေသာ ေဝဒနာမ်ားအား တစ္ေထာင့္တစ္ေနရာမွ ပါရမီျဖည့္ကုသခြင့္ ရခဲ့မႈ႔ကိုလည္း အထူးပင္ေက်းဇူးတင္ရွိပါတယ္ေနာ္ ” ဆိုၿပီး ေရးသားေဖာ္ျပထား ပါေသးတယ္။ ကဲ…ပရိသတ္ ေတြလည္း ထူးခန႔္ေက်ာ္ရဲ့ ၾကည္ႏူးစရာ ပုံေလးေတြကို သေဘာက်မယ္လို႔ ထင္မိပါတယ္။

Credit:Swelsone News

သူရဲ့ဆေးကုသမှုကြောင့် ဦးမေတ္တာခံစားနေရတဲ့ ရောဂါဝေဒနာပျောက်ကင်းသွားလို့ ဝမ်းသာပျော်ရွှင်နေတဲ့ ထူးခန့်ကျော်

မင်းသားကြီး ထူးခန့်ကျော်က အနုပညာ နယ်ပယ်တစ်ခုမှာ အောင်မြင်မှုတွေရဲ့ ရပ်တည်ထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ထူးခန့်ကျော်ဟာ အနုပညာ အလုပ်တွေကို ဆယ်စုနီးပါးမကလုပ်ကိုင်လာခဲ့ပြီး ယနေ့အချိန်ထိလည်း ဖြည်းဖြည်းချင်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အရိုးအကြောနဲ့ဆိုင်တဲ့ ရောဂါဝေသနာခံစားရတဲ့သူတွေကို မြန်မာ့ရိုးရာနဲ့ အခမဲ့ ဆေးကုသပေးနေတာ တွေ့ရပါတယ်။

သူ့ရဲ့ ဆေးကုသမှုဟာ ရောဂါဝေသနာရှင် တွေရဲ့ သိသိသာသာ ပျောက်ကင်း တာကြောင့် လာရောက်ကုသတဲ့ သူတွေများတာ တွေ့ရပါတယ်။ဒါ့အပြင် ထူးခန့်ကျော်က ဆေးကုသတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို မကြာခဏ အသိပေးဖော်ပြပေးပါသေးတယ်။ ယခုမှာဆိုရင်လည်း သူ့ဆီမှာ ဟာသ သရုပ်ဆောင် ဦးမေတ္တာက လာရောက်ဆေးကုသခဲ့တယ်ဆိုတဲ့အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်။

“အခုလိုယုံကြည်စွာဖြင့် လာရောက်ကုသပြီး မိမိခံစားနေရသော ဝေဒနာသက်သာ ပျောက်ကင်းသွားတယ်ဆိုတဲ့ ဟာသလူရွှင်​တော် ဦးမေတ္တာအားအထူးပင် ကျေးဇူးတင်ပါတယ်နော်….. အခုလို(၇) နှစ်ရက်သားသမီးများရဲ့အရိုး အကြောနှင့်ပတ်သက်သော ဝေဒနာများအား တစ်ထောင့်တစ်နေရာမှ ပါရမီဖြည့်ကုသခွင့် ရခဲ့မှု့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်နော် ” ဆိုပြီး ရေးသားဖော်ပြထား ပါသေးတယ်။ ကဲ…ပရိသတ် တွေလည်း ထူးခန့်ကျော်ရဲ့ ကြည်နူးစရာ ပုံလေးတွေကို သဘောကျမယ်လို့ ထင်မိပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment