Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Sinon

သူရဲ့နှလုံးသားထဲမှာ မြန်မာအတွက်နေရာလွတ် တစ်နေရာအမြဲရှိကြောင်း ပြောပြလိုက်တဲ့ Sinon

မြန်မာပရိသတ် တွေကြားမှာ နာမည်ကြီးနေတဲ့ ဖိလစ်ပိုင် Cat Walk King Sinon Loresca ကတော့ ခုနောက်ပိုင်းမှာ ပိုမိုလူသိများ အောင်မြင်နေတာ ဖြစ်ပါတယ်။ Sinon က မြန်မာနိုင်ငံကို လာရောက်ပြီး အနုပညာအလုပ်တွေလုပ်ကိုင် ခဲ့သလို သူတတ်နိုင်သလောက်လေး အလှူအတန်းတွေကိုလည်းနေ့စဉ်နေရာစုံမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

လေးစားချင်စရာ ကောင်းတဲ့ သူ့ရဲ့အပြုအမူလေး တွေကြောင့်လည်း အားလုံးက ချစ်ခင်နေကြ တာပါ။Sinon က ကြော်ငြာလေးတွေ ရိုက်ကူးသလို အပျော်တမ်းအခွီ ဗီဒီယိုလေးတွေလည်း ရိုက်ကူးပြီး ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေနိုင်ခဲ့တဲ့ ဆယ်လီတစ်ယောက်ပါ။ အကြောင်းအမျိုးမျိုးကြောင့် သူရဲ့မွေးရပ်မြေကို ပြန်သွားရပေမယ့် မြန်မာပြည်ကို လွမ်းကြောင်း မကြာခဏ ဖော်ပြပေးနေတာလည်းတွေ့ရပါတယ်။

ဒါ့အပြင် Sinon က ခုဖြစ်ပေါ်နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီးလည်း မြန်မာ လူမျိုးတွေနဲ့ အတူအစွမ်းကုန် ရပ်တည်ပေးပြီး ရရာနေရာတွေ ကနေ ပါဝင်လှုပ်ရှားပေးနေသူလည်း ဖြစ်ပါတယ်။ အခုလည်း မြန်မာအတွက် သူရဲ့ နှလုံးသားထဲမှာ နေရာအလွတ် အမြဲရှိကြောင်းနဲ့ သတိရလွမ်းနေမိကြောင်းကို ” ငါ့ နှလုံးသားထဲ မှာ မြန်မာအတွက် နေရာ လွတ် က အမြဲရှိပီးသား အရမ်း လွမ်းတယ် မြန်မာ” ခုလိုရေးသားဖော်ပြလာပါတယ် ။

Credit:Cele Zone
Photo – Sinon

About the author

Ms Cele

Leave a Comment