Celebrity


Written by Ms Cele





Credit:Swelsone News

သူလူမှန်းသိတတ် အရွယ်တည်းက ဆင်းရဲပင်ပန်းစွာနဲ့ ကွယ်လွန်သွားခဲ့ရရှာတဲ့ မိခင်ရဲ့နောက်ဆုံး အချိန်လေးကိုပြောပြရင်း မျက်ရည်ကျခဲ့ရတဲ့ ဖိုးချစ်ရဲ့ဗီဒီယိုလေး

ဇာတ်မင်းသားဖိုးချစ် ကတော့ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိ လူအများက ကြိုက်နှစ်သက် အားပေးနေကြဆဲဖြစ်ကာ အနုပညာအလုပ်တွေ ကိုလည်း ဆက်လက် လုပ်ကိုင်နေတာဖြစ်ပါတယ်။ စကားကိုချိုသာစွာနဲ့အေးဆေးစွာပြောဆိုတတ်သူ တစ်ယောက်ဖြစ်ပြီး စည်းကမ်းလည်း အလွန်ရှိတဲ့ ဖိုးချစ်ကတော့ အောက်ခြေဘဝကစတင်ကြိုးစားခဲ့သူမို့ ပရိသတ်တွေစံထားရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ဖိုးချစ်ကတော့ မိဘနှစ်ပါးအပြင် မွေးစားမိဘတွေရဲ့ သွန်သင် ဆုံးမမှုကြောင့် ယနေ့အချိန်မှာ အောင်မြင်လျက် ရှိနေပြီဖြစ်တဲ့ ဇာတ်မင်းသားချောလေး တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့လေး ကတော့ အမေများနေ့လေးပဲဖြစ်ပြီး အနုပညာရှင်တွေကိုယ်စီက အမေများနေ့မှာ မိခင်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကိုပြောပြနေကြပါတယ်။ ဖိုးချစ်ရဲ့မိခင်ဖြစ်သူကတော့ သူလူမှန်းသိတတ် အရွယ်တည်းက ရောဂါနဲ့ဆုံးပါးသွားခဲ့တာပဲဖြစ်ပြီး မိခင်ကို မပြုစုနိုင်ခဲ့လို့ နောင်တကြီးစွာရနေခဲ့ပါတယ်။

ဖိုးချစ် ကတော့ ဆင်းရဲပင်ပန်းစွာနဲ့ ကွယ်လွန်သွားခဲ့ရရှာတဲ့ မိခင်ရဲ့နောက်ဆုံး အချိန်လေးကိုပြောပြရင်း မျက်ရည်မဆည်နိုင်တော့ဘဲ ငိုကြွေးနေခဲ့ပါတယ်။ အသက်ရှင် ရှိနေကြတဲ့ မိခင်ဖြစ်သူကိုစောင့်ရှောက်ကြဖို့ ပရိသတ်တွေကို ပြောရင်း မျက်ရည်တွေ ကျနေတဲ့ဖိုးချစ်ရဲ့ ဗီဒီယိုဖိုင်လေးဟာ ကြည့်မိသူတွေကိုပါ စိတ်မကောင်းဖြစ်စေ ခဲ့ပါတယ်။ ချစ်ပရိသတ်တွေ အတွက် ဇာတ်မင်းသားချောလေးဖိုးချစ်ရဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေး လိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment