Celebrity


Written by Ms Cele






Source: John Lwin
Credit

သူသေသွားရင် သူ့ကိုမြေချပေးမယ့်သူတောင် မရှိတဲ့အကြောင်းကို ဝမ်းနည်းစွာနဲ့ ပြောပြလာတဲ့ ဂျွန်လွင်

ပရိသတ်ကြီးရေ မော်ဒယ်တို့ရဲ့ မိခင်ကြီး ဂျွန်လွင် ကတော့ အနုပညာရှင်တော်တော် များများရဲ့ ဆရာတစ်ယောက် လို့တော့ လူတိုင်းက သိထားကြ ပါတယ်နော်.. ဂျွန်လွင်ကတော့ ဖေ့ဘုတ်စာမျက်နှာထက်မှာ တစ်ခါတစ်လေလည်း ပွဲတောင်းလွန်းလို့ သူ့အတွက်ဝေဖန်ခံရမှုဆိုတာကတော့ ရိုးအီနေပါပြီနော်.. ဂျွန်လွင်ကတော့လက်ရှိမြန်မာနိုင်ငံအရေးနဲ့ပက်သက်လို့တော့ ပါးစပ်မပါတဲ့လူတစ်ယောက်လိုဖြစ်နေပါပြီနော်.. နွေဦးတော်လှန်ရေး အစပိုင်းမှာ ရှေ့ဆုံးက ထွက်ပြီးဆန္ဒပြခဲ့သူပါနော်။

သတိပေးခြင်း ခံရပြီး နောက်ပိုင်း မှာတော့ တော်လှန်ရေးနဲ့ ပတ်သက်တာမှန် သမျှလုံးဝကို အသံမထွက်တော့ဘဲ ရေငုံနှုတ်ပိတ်နေနေတာပါနော်။ဖေဖော်ဝါရီလောက် ကလည်း အင်တာဗျူးတစ်ခုတွင် ဒီအခြေအနေတွေကြောင့် ပြည်သူတွေ ထမင်းငတ်မှာ စိုးတယ်ဆိုကာ ငိုကြီးချက်မနဲ့ ဖြေခဲ့ပါသေးတယ်နော်။ဒရမ်မာတွေ ချိုးခဲ့စဉ်ကတော့ ပရိသတ်တွေက အတော်လေးကို သနားခဲ့ကြပါသေးတယ်နော်။ ဒီနေ့လေးမှာတော့ လက်ရှိကိုဗစ်ပိုးကြောင့် ပြည်သူတွေနေ့ရက်တိုင်း နေရာတိုင်းမှာ‌ အောက်ဆီဂျင်လိုအပ်မှုကြောင့် အသက်တွေသေဆုံးနေတာလည်း မနည်းတော့ပါဘူးနော်။

ဒါ့ကြောင့် ဂျွန်လွင်ကလည်း ဒီနေ့လေး မှာတော့ “ငါမိတ်ဆွေတွေသေတာကိုငါက ဝမ်းနဲကြောင်းရေးရင်း ဒီညစဉ်းစားမိတယ် ငါနေမကောင်းခဲ့ရင် ငါသေဆုံးတဲ့အခါ ဦးဆောင်လုပ်ပေး မည့်သူ ပိုက်ဆံကို ကိုင်ပြီးမြေချအောင်လုပ်ပေးမယ့်သူငါ့အနားမှာတကယ်တိတိကျတွေးကြည့်တော့ ဘယ်သူမှမရှိပါလားနော်… ငါ့ကြောင့် .. အောင်မြင်ခဲ့တဲ့သူတွေငါကြောင့်အသက်ရှင်ခဲ့တဲ့သူတွေ… ငါကြောင့်အလင်းတွေ့ခဲ့တဲ့သူတွေ အဲဒီအချိန်ကျရင်သူတို့မိသားစုတွေနှင့်အချိန်မပေးနိင်တာလဲနားလည်ပေးပါတယ် ငါကိုအားပေးမယ့်သူတွေရှိကြပါတယ်။

facebook ပေါ်မှာ တကယ်လက်တွေ့ကိုစဉ်းစားရင် ငါအတွက်အချိန်တကယ်ပေးပြီး စိတ်နှစ်ကူညီမယ့်သူတကယ်မရှိပါ ဘဝဆိုတာကိုယ့်အထုတ်ကိုပြင်ပြီး ခရီးဆက်ရတာပါဘုရားရဲ့လက်ထဲက်ုအပ်နံပါတယ် ဘုရားသာအကောင်းဆုံးစီမံပေးမယ်လို့မျော်လင့်ပါတယ် ” ဆိုပြီးရေးသားထားပါသေးတယ်။ သူရေးထားတဲ့ ပို့စ်အောက်မှာတော့ အကုန်လုံးက အသုဘချပေးမယိ.. စိတ်မပူပါနဲ့ သေဖို့သာ အားစိုက်ပါဆိုပြီး အားပေးစကားတွေ ပြောပေးထားကြပါသေးတယ်။

Source: John Lwin
Credit

About the author

Ms Cele

Leave a Comment