Celebrity


Written by Ms Cele





Credit:Yin Khat Pan

သူ့ရဲ့ကျွမ်းကျင် မှု တစ်ခု ကို ပရိသတ် တွေရှေ့ ထုတ်ပြ လိုက်တဲ့ သရုပ် ဆောင် အိစိကွေး

ပရိသတ်ကြီးရေ အိစိကွေးဟာဆိုရင် ကလေးသရုပ်ဆောင် အနေနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာနဲ့လျှောက်လှမ်း လာတဲ့ မင်းသားချောလေး ဖြစ်ပါတယ်။ဗီဒီယိုဇာတ်ကား ပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယခုဆိုရင်တော့ တက္ကသိုလ်ဝင် စာမေးပွဲကြီးကိုအောင်မြင် ခဲ့တဲ့ အရွယ်ရောက်နေပြီ ဖြစ်တဲ့ လူပျိုပေါက် လေးဖြစ်နေပါပြီနော်။အိစိကွေးဟာ ချောမောခန့်ညားတဲ့ မင်းသားလေး တစ်လက်ဖြစ်နေပြီး သူ့အရွယ်နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ အနုပညာ အလုပ်ကို ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ယခုချိန်မှာ အနုပညာ အလုပ်တွေကို ခေတ္တရပ်ဆိုင်းထားပြီး အလှူအတန်းတွေ မှာပါဝင် လှူတန်းမှုတွေပြု လုပ်နေပြီး အချိန်ကိုအကျိုးရှိစွာအသုံးချ နေတဲ့ သူလေးပဲဖြစ်ပါတယ်။လက်တလော မှာတော့ သူက”ဒီနေ့တော့ အိမ်မှာနေရင်း အကျိုးရှိအောင် အဝတ်လှန်း တဲ့စင် လုပ်ဖြစ်တယ်။ ကြည့်တော့သာ လွယ်ပေမယ့် လုပ်ကြည့်တော့ အချိန်လည်းပေးရသလို လက်လည်း အရမ်းဝင်တယ် ပြီးသွားတော့လည်း စိတ်ချမ်းသာနေရော လက်မှုပညာပါ သင်ပေးလို့ ကျေးဇူးပါ အဖေရေ” လို့သူ့ရဲ့အဖေသင်ပေးတဲ့ လက်မှုပညာနဲ့ အိမ်နေရင်း အဝတ်စင်လေး တစ်ခုကိုကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ခဲ့တဲ့အကြောင်းကို ပြောပြလာပါတယ်။

အိစိကွေး ကတော့ အိမ်မှာနေရင်းသူကျွမ်းကျင်တဲ့ အရာလေးနဲ့ အချိန်ကိုအကျိုးရှိစွာနဲ့ ဖြတ်သန်းနေတဲ့ ထက်မြက်တဲ့လူငယ်လေး တစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ကိုလည်း ဆက်လက်လုပ်ကိုင်နေတဲ့ အိစိကွေးကို အားပေးပြီးဆက် ချစ်ပေးကြပါအုံးနော်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီး ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်။ ရောဂါဘယတွေကင်းဝေးပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

Credit:Yin Khat Pan

About the author

Ms Cele

Leave a Comment