Celebrity


Written by Ms Cele






credit – Nz (ရိုးရာလေး)

သူ့ရဲ့ရှုံးပွဲကြောင့် ငိုနေတဲ့ ကလေး ကို ကြည့်ပြီး မစ်ဒယ် ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ပြန်လည် အရယူမယ်လို့ ကတိပေး လိုက်တဲ့ အောင်လအန် ဆန်း (ရုပ်သံ)

One Championship ရဲ့ Inside the Martrix ပြိုင်ပွဲမှာ စိန်ခေါ်သူ ရိုင်နီယာ ဒီရစ်ဒါကို ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းချန်ပီယံ ခါးပတ် စွန့်လွှတ်ခဲ့ရတဲ့ အောင်လအန်ဆန်းက သူ့ခါးပတ်ကို ပြန်ယူမယ်လို့ လူမှုကွန်ရက် ပေါ်မှာ ရေးသားခဲ့ပါတယ်

သူ့ရှုံးပွဲကြောင့် ဝမ်းနည်းပြီး ငိုကြွေးနေတဲ့ ကလေးငယ် ရဲ့ ဗီဒီယိုနဲ့ အတူ အောင်လအန်ဆန်က အခုလို ရေးသားဖော်ပြခဲ့တာပါ

” အခုထက် ပိုသန်စွမ်းတဲ့ အနေအထား နဲ့ ပြန်လာခဲ့မယ်။ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ် ကို ပြန်ယူမယ်။ ငါ ပြောတဲ့စကားတွေကို မှတ်ထား ပေးပါ။ လုံးဝမငိုပါနဲ့”လို့ ရေးထားပါတယ်

မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို စွန့်လွှတ်ခဲ့ရပေမဲ့ လိုက်ဟဲဗီး ဝိတ်ချန်ပီယံအဖြစ် ဆက်ရှိနေပါတယ်

credit – Nz (ရိုးရာလေး)

About the author

Ms Cele

Leave a Comment