Celebrity
Written by Ms Cele
သူ့ကို မထိတထိရန်စသူကို ရွံရှာကြောင်း ဒဲ့ပြောလိုက်တဲ့ ဘုန်းဆက်သွင်
ပရိတ်သတ်ကြီးရေ..အနုပညာလောကမှာ ဇာတ်လမ်းတွဲ များစွာကို ရိုက်ကူးထားပြီး သရုပ်ဆောင် ပီပြင်ပိုင်နိုင်တဲ့ အတွက် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူကတော့ ဘုုန်းဆက်သွင်ပဲဖြစ်ပါတယ်နော်..။ဘုန်းဆက်သွင်ဟာ ဆိုရင် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာပဲဖြစ်ပါတယ်.။
ဘုန်းဆက်သွင်က လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး Profile လေးသာချိန်းပြီး အသံမထွက်ပဲ ဘာလှုပ်ရှားမလုပ်တဲ့ ဇာတ်လမ်းတွဲမင်းသား တစ်ယောက်အကြောင်းကို သူရဲ့လူမှုကွန်ယက်ကနေ မနေ့က တင်လာခဲ့တာပဲဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ။အဲ့ဒီပိုစ်တင်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ သူ့ရဲ့ပိုစ်ကို ပြန် Shareပြီး ရန်စသလို မထိတထိနဲ့ပြောလာတဲ့သူ တစ်ယောက်ကို အမုန်းမပွားချင် စကားမပြောချင် ရွံမိတယ်ဆိုတဲ့ အကြောင်း ဘုန်းဆက်သွင်က အခုလိုပြောလာတာပဲဖြစ်ပါတယ်နော်…။
ဘုန်းဆက်သွင်က “ညီမလေးရေ လိပ်ပြာလုံချင်ရုံ တစ်ခုထဲ မဟုတ်ပါဘူး လူလူချင်းကိုယ်ချင်းစာ အမှန်တရား ဓမ္မ အတွက်ပါလုပ်နေတာပါသူ့မှာ အမှန်တရားရှိရင် သူပြန်ရှင်းပြ ပြောပြခွင့်ရှိပါတယ်ါမျိုးဆို လက်ခံပါတယ် အားနာတတ်တဲ့ ပင်ကိုယ် စိတ်ကြောင့် နာမည်တောင်မရေးထားပါဘူး သူ့ဖန်ဆိုတာလည်း သိပါတယ်သူ့လဲမေးကြည့်ပါအိုပါးက သူနဲ့စကားများဘူးလားလို့ ဘာလို့တင်တာလဲ ဆိုရင် ၅၀၅ က က သူတို့ဘက်က လူတွေ Social Punishment ဒဏ်ရှောင်နိုင်အောင်cover လုပ်ပေးတာကြီးကို လက်မခံ နိုင်လို့ပါ၅၀၅ က တစ်ကယ် အထုတ်ခံထားရတဲ့ လူတွေ အများကြီးပါ အနုပညာရှင်တွေရော တက်ကြွလှုပ်ရှား သူ တွေရောမိသားစုလည်းပစ် အိုးပစ်အိမ်ပစ်နဲ့ နေနေရပီး အကို့ သူငယိချင်း တစ်ချို့ ဆို နေရထိုင်ရအဆင်မပြေတာတွေ ရောစိတ်ပိုင်း ဆိုင်ရာရော ရုပ်ပိုင်း ဆိုင်ရာရော တော်တော် အချိန်နဲ့ အမျှထိခိုက်ပါတယ်။
ဒါပေမဲ့ အားလုံးက ကိုယ်ယုံကြည်ရာကို အဆုံးထိ ဆက်လုပ်ကြမှာပါ တစ်ကယ်လုပ်တဲ့ သူတွေက ဝရမ်းပြေးလို နေနေရပီးဘာမှ မလုပ်ဘဲ အေးအေးဆေးဆေး နေနေရတဲ့သူက Social Punishment ဒါဏ် ရှောင်ရရုံ လုပ်တာကို လက်မခံတာပါသူနဲ့ Personal case တစ်ခုမှ မရှိပါဘူးအခုညီမလေးကို ပြောနေရတာလဲ ညီမလေး ဘာသာရေး ရင် ဘာမှသိမှာလဲ မဟုတ်သလို ပြောမှာလဲ မဟုတ်ပါဘူးအခုဟာက အကို့ post ကို ပြန် Share ပီးပြောတာဆိုတော့ အကို့ ကိုသက်သက်ကြီး ရန်လာစနေ သလိုပါဘဲအဲတော့ ရွံ ရင်မပတ်သက်ချင်ရင် အစကထဲက မကြည့်နဲ့ လေညီမလေးကို မပြောပါဘူးအကိုက ညီမကို သိတောင်မသိပါဘူးညီမလေး ရဲ့ Story Highlight မှာ ကိုယ်တုံးလုံးချွတ်နဲ့ ညီမလေးရဲ့ idol ကို တင်ထားကတည်းက သူ့ ဖန်ဆိုတာ သိသွားတာပါသူ့ဖန်ဆို သူ့သွားပြော ပါအကို့ လာမပြောပါနဲ့အကို လည်း ညီမလေး အမုန်းမပွား ချင်စကားမပြောချင်မပတ်သက်ချင် ရွံ ပါတယ် နော်” ဆိုပြီးသူရဲ့လူမှုကွန်ယက် စာမျက်ကနေ ပြန်လည်တုန့်ပြန်လိုက် တာပြဲ ဖစ်ပါတယ်နော်.။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ယောက်ချင်း စီတိုင်းကို ကျေးဇူးတင်ပါတယ်…။
Credit ; Celebrity Platforms
About the author
Ms Cele
Leave a Comment