Celebrity

သူ႕ထက္ အသက္အမ်ားႀကီးငယ္တဲ့ ေအးျမျဖဴနဲ႕ လိုက္ဖက္စြာ သ႐ုပ္ေဆာင္ခဲ့တဲ့ MV ရိုက္ကြင္း ေနာက္ကြယ္က အမွတ္တရေတြကို ခ်ျပလာတဲ့ ေနတိုး

Written by Ms Cele

သူ႕ထက္ အသက္အမ်ားႀကီးငယ္တဲ့ ေအးျမျဖဴနဲ႕ လိုက္ဖက္စြာ သ႐ုပ္ေဆာင္ခဲ့တဲ့ MV ရိုက္ကြင္း ေနာက္ကြယ္က အမွတ္တရေတြကို ခ်ျပလာတဲ့ ေနတိုး

ပရိသတ္ႀကီးေရ ထိပ္တန္းမင္းသားေခ်ာ ေနတိုးကေတာ့ ရုပ္ရည္ေခ်ာေမာတဲ့ အျပင္ အနုပညာနဲ့ ပက္သတ္ရင္လည္း ဘက္စံုထူးခြ်န္တဲ့ အနုပညာကေဝၾကီး တစ္ေယာက္ဆိုလည္း မမွားနိုင္ပါဘူး။ ေနတိုးကေတာ့ အခုဆိုရင္ အသက္ေလးဆယ္နီးပါးအရြယ္ကို ေရာက္ရိွေနျပီဆုိေပမယ့္ အိမ္ေထာင္ေရးကို မစဥ္းစားနိုင္ေသးပဲ ပရိသတ္ေတြ အတြက္သာ အနုပညာအလုပ္ေတြကို ၾကိဳးစားလုပ္ကိုင္ ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနတိုးကို အိမ္ေထာင္မျပဳပဲ တစ္ကိုယ္တည္း လူပ်ိဳၾကီးဘဝနဲ့ အနုပညာ အလုပ္ေတြကို လုပ္ကိုင္ဖို့ ဆႏၵရိွေနၾကတာပဲ ျဖစ္ပါတယ္။

လူလတ္ပိုင္းအရြယ္ကို ေရာက္ရိွေနျပီဆိုေပမယ့္ အရြယ္မ်ိဳးစံုက အနုပညာရွင္ေတြနဲ့ လုိက္ေရာညီေထြ သရုပ္ေဆာင္နုိင္တဲ့ ေနတိုးက လတ္တေလာမွာလည္း ဆယ္ေက်ာ္သက္ အရြယ္ အဆိုေတာ္၊ မင္းသမီးေလး ေအးျမျဖဴနဲ့ Music Series ေလးတစ္ခုရိုက္ကူး ေပးထားတာပဲ ျဖစ္ပါတယ္။ ေနတိုးနဲ့ ေအးျမျဖဴတို့သရုပ္ေဆာင္ထားတဲ့ Music Series ထဲက “Brand New Love” သီခ်င္းေလးက ျပီးခဲ့တဲ့ ဇန္နဝါရီလ (၁၅) ရက္ေန့မွာ ထြက္ရိွခဲ့ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို တစ္ခဲနက္ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ေနတိုးက “Brand New Love” သီခ်င္း MV ရိုက္ကြင္းေပၚက အမွတ္တရေတြကို အခုလိုပဲ ခ်ျပလာတာ ေတြ့ရပါတယ္။

ေနတိုးကေတာ့ သူ့ထက္ အသက္ထက္ဝက္ငယ္တဲ့ ဂ်ဴနီယာအနုပညာရွင္ ေအးျမျဖဴနဲ့လည္း လုိက္ဖက္ညီေအာင္ အပိုအလိုမရိွ သရုပ္ေဆာင္နိုင္ခဲ့တာ “Brand New Love” သီခ်င္း MV ေလးက သက္ေသပါပဲ။ Music Series ထဲက ေနာက္ထပ္ သီခ်င္း (၂) ပုဒ္က ဆက္လက္ထြက္ရိွဦးမွာမို့ ပရိသတ္ၾကီးက ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Nay Toe’s fb
Credit:Cele Connections

သူ့ထက် အသက်အများကြီးငယ်တဲ့ အေးမြဖြူနဲ့ လိုက်ဖက်စွာ သရုပ်ဆောင်ခဲ့တဲ့ MV ရိုက်ကွင်း နောက်ကွယ်က အမှတ်တရတွေကို ချပြလာတဲ့ နေတိုး

ပရိသတ်ကြီးရေ ထိပ်တန်းမင်းသားချော နေတိုးကတော့ ရုပ်ရည်ချောမောတဲ့ အပြင် အနုပညာနဲ့ ပက်သတ်ရင်လည်း ဘက်စုံထူးချွန်တဲ့ အနုပညာကဝေကြီး တစ်ယောက်ဆိုလည်း မမှားနိုင်ပါဘူး။ နေတိုးကတော့ အခုဆိုရင် အသက်လေးဆယ်နီးပါးအရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်ရေးကို မစဉ်းစားနိုင်သေးပဲ ပရိသတ်တွေ အတွက်သာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေတိုးကို အိမ်ထောင်မပြုပဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ဖို့ ဆန္ဒရှိနေကြတာပဲ ဖြစ်ပါတယ်။

လူလတ်ပိုင်းအရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် အရွယ်မျိုးစုံက အနုပညာရှင်တွေနဲ့ လိုက်ရောညီထွေ သရုပ်ဆောင်နိုင်တဲ့ နေတိုးက လတ်တလောမှာလည်း ဆယ်ကျော်သက် အရွယ် အဆိုတော်၊ မင်းသမီးလေး အေးမြဖြူနဲ့ Music Series လေးတစ်ခုရိုက်ကူး ပေးထားတာပဲ ဖြစ်ပါတယ်။ နေတိုးနဲ့ အေးမြဖြူတို့သရုပ်ဆောင်ထားတဲ့ Music Series ထဲက “Brand New Love” သီချင်းလေးက ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ နေတိုးက “Brand New Love” သီချင်း MV ရိုက်ကွင်းပေါ်က အမှတ်တရတွေကို အခုလိုပဲ ချပြလာတာ တွေ့ရပါတယ်။

နေတိုးကတော့ သူ့ထက် အသက်ထက်ဝက်ငယ်တဲ့ ဂျူနီယာအနုပညာရှင် အေးမြဖြူနဲ့လည်း လိုက်ဖက်ညီအောင် အပိုအလိုမရှိ သရုပ်ဆောင်နိုင်ခဲ့တာ “Brand New Love” သီချင်း MV လေးက သက်သေပါပဲ။ Music Series ထဲက နောက်ထပ် သီချင်း (၂) ပုဒ်က ဆက်လက်ထွက်ရှိဦးမှာမို့ ပရိသတ်ကြီးက စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Nay Toe’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment