Celebrity

သူ႕ရဲ႕က်န္းမာေရးအေျခအေနကို ပရိသတ္ေတြသိေအာင္ Liveလႊင့္ျပသလာတဲ့ ဟာသသ႐ုပ္ေဆာင္ လူရႊင္ေတာ္ႀကီးဦးမိုးဒီ

Written by Ms Cele

သူ႕ရဲ႕က်န္းမာေရးအေျခအေနကို ပရိသတ္ေတြသိေအာင္ Liveလႊင့္ျပသလာတဲ့ ဟာသသ႐ုပ္ေဆာင္ လူရႊင္ေတာ္ႀကီးဦးမိုးဒီ

ရယ္စရာဟာ သျပတ္လုံးေတြနဲ႔ ဟာသဉာဏ္ရႊင္မႈေတြ အျပင္ ဟန္ပန္ အမူအရာ ေတြေၾကာင့္ ယေန႔အခ်ိန္ထိ ပရိသတ္ေတြ အျမဲအမွတ္ရေနတဲ့ ဝါရင့္ဟာသ လူရႊင္ေတာ္ ဦးမိုးဒီ ကေတာ့ လက္ရွိမွာ အသက္အရြယ္ေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္နားထားရတာ ျဖစ္ပါတယ္..။လတ္တေလာမွာ ကိုဗစ္ေရာဂါေတြ ကူးစက္ျပန႔္ပြားမႈေၾကာင့္ သက္ႀကီးရြယ္အို အႏုပညာရွင္ေတြ အတြက္ ပရိသတ္ေတြက စိုးရိမ္ေနၾကသလို ဦးမိုးဒီရဲ့ က်န္းမာေရးအေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့ စိတ္ပူေနၾကပါတယ္..။

ဒီကေန႔ မွာေတာ့ လူရႊင္ေတာ္မိုးစက္က ေတာင္ဥကၠလာမွာ ေနထိုင္တဲ့ ဦးမိုးဒီရဲ့ေနအိမ္ကို ေရာက္ရွိေနကာ အလႉေငြေတြ ေပးအပ္ရင္း ႏွစ္ေယာက္အတူ Live လႊင့္ၿပီး ပရိသတ္ေတြနဲ႔ စကားေျပာခဲ့ၾကပါတယ္..။ဦးမိုးဒီကေတာ့ ခ်စ္ခင္အားေပးၿပီး မေတြ႕တာၾကာၿပီျဖစ္တဲ့ ပရိသတ္ေတြနဲ႔ စကားေျပာၿပီး လက္ရွိက်န္းမာအေျခအေနေတြကို Live လႊင့္ျပသလာတာဆိုလည္း မမွားပါဘူး..။

အသက္(၇၄)ႏွစ္ေက်ာ္ၿပီ ျဖစ္တဲ့ ဦးမိုးဒီ ကေတာ့ လက္ရွိမွာ က်န္းမာေရး ေကာင္းမြန္ေနၿပီး ပရိသတ္ေတြနဲ႔ ရယ္ရယ္ေမာေမာ ေပ်ာ္ေပ်ာ္ပါးပါး စကားေတြအျပန္အလွန္ေျပာေနတာ ေတြ႕ရမွာပါ..။ပရိသတ္ေတြေမးသမၽွကို ျပန္ေျဖရင္း အျပန္အလွန္ စကားေတြေျပာေနတဲ့ ဘဘဦးမိုးဒီရဲ့ Live ဗီဒီယိုဖိုင္ေလးကိုလည္း တင္ဆက္မၽွေဝေပးလိုက္တာမို႔ ပရိသတ္ေတြလည္း သေဘာက်ေနၾကလိမ့္မယ္လို႔ ေမၽွာ္လင့္ပါတယ္ေနာ္..။

Source : Moe Sat
Credit

သူ့ရဲ့ကျန်းမာရေးအခြေအနေကို ပရိသတ်တွေသိအောင် Liveလွှင့်ပြသလာတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ကြီးဦးမိုးဒီ

ရယ်စရာဟာ သပြတ်လုံးတွေနဲ့ ဟာသဉာဏ်ရွှင်မှုတွေ အပြင် ဟန်ပန် အမူအရာ တွေကြောင့် ယနေ့အချိန်ထိ ပရိသတ်တွေ အမြဲအမှတ်ရနေတဲ့ ဝါရင့်ဟာသ လူရွှင်တော် ဦးမိုးဒီ ကတော့ လက်ရှိမှာ အသက်အရွယ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတာ ဖြစ်ပါတယ်..။လတ်တလောမှာ ကိုဗစ်ရောဂါတွေ ကူးစက်ပြန့်ပွားမှုကြောင့် သက်ကြီးရွယ်အို အနုပညာရှင်တွေ အတွက် ပရိသတ်တွေက စိုးရိမ်နေကြသလို ဦးမိုးဒီရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စိတ်ပူနေကြပါတယ်..။

ဒီကနေ့ မှာတော့ လူရွှင်တော်မိုးစက်က တောင်ဥက္ကလာမှာ နေထိုင်တဲ့ ဦးမိုးဒီရဲ့နေအိမ်ကို ရောက်ရှိနေကာ အလှူငွေတွေ ပေးအပ်ရင်း နှစ်ယောက်အတူ Live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြောခဲ့ကြပါတယ်..။ဦးမိုးဒီကတော့ ချစ်ခင်အားပေးပြီး မတွေ့တာကြာပြီဖြစ်တဲ့ ပရိသတ်တွေနဲ့ စကားပြောပြီး လက်ရှိကျန်းမာအခြေအနေတွေကို Live လွှင့်ပြသလာတာဆိုလည်း မမှားပါဘူး..။

အသက်(၇၄)နှစ်ကျော်ပြီ ဖြစ်တဲ့ ဦးမိုးဒီ ကတော့ လက်ရှိမှာ ကျန်းမာရေး ကောင်းမွန်နေပြီး ပရိသတ်တွေနဲ့ ရယ်ရယ်မောမော ပျော်ပျော်ပါးပါး စကားတွေအပြန်အလှန်ပြောနေတာ တွေ့ရမှာပါ..။ပရိသတ်တွေမေးသမျှကို ပြန်ဖြေရင်း အပြန်အလှန် စကားတွေပြောနေတဲ့ ဘဘဦးမိုးဒီရဲ့ Live ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Source : Moe Sat
Credit

About the author

Ms Cele

Leave a Comment