Celebrity

သူ႕ရဲ႕စိတ္ကူးအိပ္မက္ေတြကို စြန္႕လႊတ္ၿပီး ျပည္သူေတြအတြက္ ဆက္လက္ရပ္တည္မည္ျဖစ္ေၾကာင္း ျပတ္သားစြာေျပာျပလိုက္တဲ့ စိန္ၿဖိဳးလႈိင္

Written by Ms Cele

ပရိသတ္ႀကီးေရ ထပ္ဆင့္အကယ္ဒမီနႏၵာလႈိင္ရဲ႕ ေမာင္ျဖစ္သူ သ႐ုပ္ေဆာင္ေမာင္ဟာဆိုရင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈတစ္ခုကိုရရွိခဲ့သူ တစ္ေယာက္ျဖစ္ ပါတယ္ေနာ္။ သ႐ုပ္ေဆာင္ရီရီပြင့္ျဖဴနဲ႕ေလး ေရႊလက္တြဲကာ အခ်စ္ကမ႓ာေလးတစ္ခုကို တည္ေဆာက္ထားပါတယ္။ စိန္ၿဖိဳးလႈိင္(ေမာင္)ကေတာ့ ဆရာ၀န္တစ္ေယာက္ ျဖစ္ၿပီး ကိုဗစ္ကာလတုန္းကလည္း ျပည္သူေတြရဲ႕ က်န္းမာေရးအတြက္အားႀကိဳးမာန္တက္ပါ၀င္ကူညီခဲ့သူျဖစ္ပါတယ္။

ယခုဆိုရင္ေတာ့ စိန္ၿဖိဳးလွိုင္ဟာ လက္ရွိအေျခအေနေတြေၾကာင့္ လေပါင္းမ်ားစြာ တစ္ႏွစ္ေလာက္ အပင္ပန္းခံႀကိဳးစားခဲ့တဲ့ သူ႔ရဲ့အိပ္မက္ေတြကို စြန႔္လႊတ္လိုက္တဲ့ အေၾကာင္းကို ပရိသတ္ႀကီးကိုေျပာျပလာပါတယ္ေနာ္။အခုလိုအခ်ိန္မွာ ေက်ာင္းတက္ၿပီး ဘြဲ႕ယူမယ့္အစား ျပည္သူေတြနဲ႔အတူ ရပ္တည္ၿပီး သူ႔ရဲ့စိတ္ကူး အိပ္မက္ေတြကို စြန႔္လႊတ္ကာ ေက်ာင္းနားလိုက္တဲ့အေၾကာင္းေျပာျပထားတာပါေနာ္။

စိန္ၿဖိဳးလႈိင္က“ကၽြန္ေတာ့္ရဲ့ Master ဘြဲ႕အိမ္မက္ကို စြန႔္လႊတ္ျခင္းကၽြန္ေတာ္ Covid မျဖစ္ခင္ ၁ ႏွစ္ေလာက္ကတည္းက ရန္ကုန္စီးပြားေရးတကၠသိုလ္မွာ ျပည္သူ႔ေရးရာ စီမံခန႔္ခြဲမႈပညာ မဟာ တန္း ( EMPA ) သင္တန္းကိုစတက္ခဲ့တာပါ။ ေရးေျဖ, လူေတြ႕ ေတြျဖတ္ေက်ာ္ၿပီးမွာ ဝင္ခြင့္ရခဲ့လို႔ အလြယ္တကူ တက္ခြင့္ရခဲ့တာေတာ့မဟုတ္ပါဘူး။ တက္ခြင့္ရေတာ့လဲ ညေနတိုင္း တစ္ပတ္ ၅ ရက္နဲ႔ စေနေန႔ ေန႔တစ္ဝက္ ကိုအလုပ္ဆင္းၿပီးအိမ္မျပန္ပဲ တက္ခဲ့တာပါ။ ၾကားထဲမွာလဲ ဘာသာရပ္ေတြကို စိတ္ဝင္စားလို႔ စာေမးပြဲေပါင္းမ်ားစြာကို Grade ေကာင္းေအာင္ႀကိဳးစားေျဖခဲ့ပါတယ္။

အခု Covid ကတည္း က ပိတ္ထားတဲ့ေက်ာင္းကို ျပန္ဖြင့္ဖို႔အမိန႔္စာ ထြက္လာေတာ့ ကၽြန္ေတာ္ဆုံးျဖတ္ရေတာ့မဲ့ အခ်ိန္ေရာက္ လာပါတယ္။ ဒီလို အေျခအေနေတြမွာ ၆လပဲက်န္ေတာ့တဲ့ ေက်ာင္းကိုႀကိတ္မွိတ္ျပန္တက္ၿပီး ဘြဲ႕ရေအာင္ယူမလား, ကိုယ္လိုခ်င္လြန္းလို႔ တစ္ႏွစ္ေလာက္ညေနတိုင္း အပင္ပန္းခံခဲ့တာေတြကို လႊတ္ပစ္ၿပီး ေက်ာင္းနားမလားဆိုတာပါ။ Master ယူဖို႔ဆိုတာ ကၽြန္ေတာ့ အိမ္မက္ေတြထဲက တစ္ခုပါ။ အခုလိုတိုင္းျပည္ဒုကၡ ေရာက္ေနတဲ့အခ်ိန္မွာ ဘာမွမျဖစ္သလိုေက်ာင္းဆက္တက္ၿပီး ဘြဲ႕ရလာေတာ့လဲ တိုင္းျပည္အတြက္သုံးေပးလို႔မရေတာ့မဲ့အတူတူ ဆက္မတက္ေတာ့ဘူးလို႔ပဲ စိတ္မေကာင္းစြာနဲ႔ ဆုံးျဖတ္လိုက္ပါတယ္။..”ဆိုၿပီးသူ႕ရဲ႕ေဖ့ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာကိုေတြ႕ပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source:Sein Phyo Hlaing’s fb
TWWH(Pay Phu Hlwar)

ပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီနန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ သရုပ်ဆောင်မောင်ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကိုရရှိခဲ့သူ တစ်ယောက်ဖြစ် ပါတယ်နော်။ သရုပ်ဆောင်ရီရီပွင့်ဖြူနဲ့လေး ရွှေလက်တွဲကာ အချစ်ကမ႓ာလေးတစ်ခုကို တည်ဆောက်ထားပါတယ်။ စိန်ဖြိုးလှိုင်(မောင်)ကတော့ ဆရာဝန်တစ်ယောက် ဖြစ်ပြီး ကိုဗစ်ကာလတုန်းကလည်း ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်အားကြိုးမာန်တက်ပါဝင်ကူညီခဲ့သူဖြစ်ပါတယ်။

ယခုဆိုရင်တော့ စိန်ဖြိုးလှိုင်ဟာ လက်ရှိအခြေအနေတွေကြောင့် လပေါင်းများစွာ တစ်နှစ်လောက် အပင်ပန်းခံကြိုးစားခဲ့တဲ့ သူ့ရဲ့အိပ်မက်တွေကို စွန့်လွှတ်လိုက်တဲ့ အကြောင်းကို ပရိသတ်ကြီးကိုပြောပြလာပါတယ်နော်။အခုလိုအချိန်မှာ ကျောင်းတက်ပြီး ဘွဲ့ယူမယ့်အစား ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး သူ့ရဲ့စိတ်ကူး အိပ်မက်တွေကို စွန့်လွှတ်ကာ ကျောင်းနားလိုက်တဲ့အကြောင်းပြောပြထားတာပါနော်။

စိန်ဖြိုးလှိုင်က“ကျွန်တော့်ရဲ့ Master ဘွဲ့အိမ်မက်ကို စွန့်လွှတ်ခြင်းကျွန်တော် Covid မဖြစ်ခင် ၁ နှစ်လောက်ကတည်းက ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာ တန်း ( EMPA ) သင်တန်းကိုစတက်ခဲ့တာပါ။ ရေးဖြေ, လူတွေ့ တွေဖြတ်ကျော်ပြီးမှာ ဝင်ခွင့်ရခဲ့လို့ အလွယ်တကူ တက်ခွင့်ရခဲ့တာတော့မဟုတ်ပါဘူး။ တက်ခွင့်ရတော့လဲ ညနေတိုင်း တစ်ပတ် ၅ ရက်နဲ့ စနေနေ့ နေ့တစ်ဝက် ကိုအလုပ်ဆင်းပြီးအိမ်မပြန်ပဲ တက်ခဲ့တာပါ။ ကြားထဲမှာလဲ ဘာသာရပ်တွေကို စိတ်ဝင်စားလို့ စာမေးပွဲပေါင်းများစွာကို Grade ကောင်းအောင်ကြိုးစားဖြေခဲ့ပါတယ်။

အခု Covid ကတည်း က ပိတ်ထားတဲ့ကျောင်းကို ပြန်ဖွင့်ဖို့အမိန့်စာ ထွက်လာတော့ ကျွန်တော်ဆုံးဖြတ်ရတော့မဲ့ အချိန်ရောက် လာပါတယ်။ ဒီလို အခြေအနေတွေမှာ ၆လပဲကျန်တော့တဲ့ ကျောင်းကိုကြိတ်မှိတ်ပြန်တက်ပြီး ဘွဲ့ရအောင်ယူမလား, ကိုယ်လိုချင်လွန်းလို့ တစ်နှစ်လောက်ညနေတိုင်း အပင်ပန်းခံခဲ့တာတွေကို လွှတ်ပစ်ပြီး ကျောင်းနားမလားဆိုတာပါ။ Master ယူဖို့ဆိုတာ ကျွန်တော့ အိမ်မက်တွေထဲက တစ်ခုပါ။ အခုလိုတိုင်းပြည်ဒုက္ခ ရောက်နေတဲ့အချိန်မှာ ဘာမှမဖြစ်သလိုကျောင်းဆက်တက်ပြီး ဘွဲ့ရလာတော့လဲ တိုင်းပြည်အတွက်သုံးပေးလို့မရတော့မဲ့အတူတူ ဆက်မတက်တော့ဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်လိုက်ပါတယ်။..”ဆိုပြီးသူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားတာကိုတွေ့ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Sein Phyo Hlaing’s fb
TWWH(Pay Phu Hlwar)

About the author

Ms Cele

Leave a Comment