Celebrity

သူ႕ရဲ႕စိတ္ကူး အိမ္မက္ေလးကို ပရိသတ္ ေတြဆီ ျပန္လည္ မွ်ေ၀လာတဲ့ ႏုိင္း၀မ္း

Written by Ms Cele

သူ႕ရဲ႕စိတ္ကူး အိမ္မက္ေလးကို ပရိသတ္ ေတြဆီ ျပန္လည္ မွ်ေ၀လာတဲ့ ႏုိင္း၀မ္း

လူငယ္ပရိသတ္ ေတြရဲ့တစ္ခဲနက္အားေပးျခင္းရရွိထားတဲ့ အဆိုေတာ္ နိုင္းဝမ္းကေတာ့ မၾကာခင္ အခ်ိန္တြင္းမွာ ခ်စ္ရသူေလးနဲ႔ ဘဝခရီးလမ္းကို အတူေလၽွာက္ လွမ္းေတာ့မွာျဖစ္သလို ေန႔စဥ္နီးပါးလည္း ပရိသတ္ေတြ အားက်ရေလာက္ေအာင္ ခ်စ္သူေလးနဲ႔ ေပ်ာ္စရာအေၾကာင္းအရာေလးေတြကို မၽွေဝေပးေနသူပါ။ ဒီတစ္ေခါက္မွာေတာ့ သူ႔ရဲ့ဘဝမွာ အျဖစ္ခ်င္ဆုံး ဆႏၵေလး တစ္ခုကို ပရိသတ္ႀကီးပါ စိတ္ကူးယဥ္ ခ်င္စရာေကာင္း ေလာက္ေအာင္ ေရးသားမၽွေဝခဲ့ပါတယ္။

လူတိုင္းမွာ အိပ္မက္ ကိုယ္စီရွိၾကပါတယ္.. ကၽြန္ေတာ့ရဲ့အိပ္မက္ ကေတာ့ ဒါအႀကီးဆုံးပဲ..ဘဝမွာအလိုခ်င္ဆုံး ဆုေတာင္းပါဆိုရင္ ဒီဆုပဲ ကၽြန္ေတာ္ေတာင္းမယ္.. ျမန္မာျပည္ကိုခ်စ္လို႔ ျမန္မာျပည္မွာပဲ ေသတဲ့အထိေနမယ္..အဲ့ဒါထက္ မိဘေတြကိုထားခဲ့ၿပီး ဘယ္နိုင္ငံမွ မသြားခ်င္ဘူးဗ်ာ.. ဒါေၾကာင့္ ျမန္မာတစ္ျပည္လုံးနဲ႔ အျခားနိုင္ငံေတာ္ေတာ္ မ်ားမ်ားေရာက္ဖူးၿပီး ေဒသတိုင္းရဲ့ အသက္ေမြးဝမ္းေၾကာင္းနဲ႔ လူေနမႈဘဝေတြ ေတြ႕ျမင္ခဲ့ေပမယ့္…. အသက္အရြယ္ တစ္ခုရလာရင္ အႏုပညာ အလုပ္ေတြရပ္ၿပီး မိသားစုနဲ႔အတူ ၿမိတ္ၿမိဳ႕ေလးမွာ အေျခသြားခ်ဖို႔စဥ္းစားထားတယ္.. ၿပီးျပည့္စုံတဲ့ အရပ္ေဒသဆိုတာ ေလာကီဘုံမွာ မရွိေပမဲ့ ေတာင္တန္း ေတြေအာက္က ပင္လယ္ကမ္းေျခေဒသေလးမွာ ေနရတာကိုႀကိဳက္တယ္၊ ဗုဒၶဘာသာထြန္းကားတဲ့ အရပ္လည္း ျဖစ္သလို ဘာသာျခား ေတြနဲ႔လည္း သင့္ျမတ္စည္းလုံးၾက တာကိုျမင္ခဲ့တယ္

စီးပြားေရးလည္း ထြန္းကား ၾကတယ္၊ ၿမိတ္မွာ သူငယ္ခ်င္းမိတ္ေဆြ ေတြလည္း ရွိတယ္၊ သမာအာဇီဝက်တဲ့ ခရီးသြားလုပ္ငန္းေလး တစ္ခုလုပ္ခ်င္တယ္၊ ကိုယ့္စိတ္ကူး ထဲရွိသမၽွအတိုင္း စီမံခန္႔ခြဲမယ္..ၿမိတ္ေဒသကို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းမႈေတြလုပ္ၿပီး ဖူးခက္ထက္သာေအာင္ လုပ္ၾကည့္ခ်င္တယ္၊ စိတ္တူကိုယ္တူဝါသနာ တူတဲ့ဝန္ထမ္းေတြခန္႔ၿပီး သူတို႔နဲ႔ပတ္သက္တဲ့ မိသားစုဝင္ေတြကိုပါ ေစာင့္ေရွာက္ ထားခ်င္တယ္၊ သူငယ္ခ်င္း အေပါင္းအသင္းေတြကို လြမ္းတဲ့အခါ ကိုယ့္ေဒသကို အလည္ေခၚရင္းျပန္ဆုံ ခ်င္တယ္.. ပိုက္ဆံအဆင္ေျပ လာရင္ ကၽြန္းေလး တစ္ကၽြန္းဝယ္ၿပီးresort ေလးတစ္ခုေဆာက္ ခ်င္တယ္၊ မိဘေတြအတြက္လည္း စိတ္ခ်ရတဲ့ အေျခအေနျဖစ္ၿပီဆိုရင္၊ စားဝတ္ေနေရးေျပလည္ၿပီး ကိုယ့္ဆႏၵျဖစ္တဲ့ ဒီအရာေလးေတြလုပ္ရင္း မိန္းမနဲ႔အတူ အိုမင္းသြားခ်င္တယ္ ဆိုၿပီး သူ႔ဘဝရဲ့အျဖစ္ခ်င္ဆုံး ဆႏၵေလးကို မၽွေဝလာပါတယ္။

ပရိသတ္ေတြကေတာ့ ၿပီးျပည့္စုံတဲ့ ရည္ရြယ္ခ်က္အျပည့္နဲ႔ နိုင္းဝမ္းရဲ့စိတ္ကူးေလး ကို အားက်ခဲ့ရသလို တေန႔ကိုယ္ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္အတိုင္း အေကာင္အထည္ ေဖာ္သြားနိုင္ဖို႔လည္း ဆုေတာင္းေပးခဲ့ၾက ပါတယ္.. ကိုယ္ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္အတိုင္း တစ္ဆင့္ၿပီးတစ္ဆင့္ အေကာင္အထည္ ေဖာ္ရင္း ဆႏၵနဲ႔ဘဝထပ္တူက်ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit:Cele Gabar

သူ့ရဲ့စိတ်ကူး အိမ်မက်လေးကို ပရိသတ် တွေဆီ ပြန်လည် မျှဝေလာတဲ့ နိုင်းဝမ်း

လူငယ်ပရိသတ် တွေရဲ့တစ်ခဲနက်အားပေးခြင်းရရှိထားတဲ့ အဆိုတော် နိုင်းဝမ်းကတော့ မကြာခင် အချိန်တွင်းမှာ ချစ်ရသူလေးနဲ့ ဘဝခရီးလမ်းကို အတူလျှောက် လှမ်းတော့မှာဖြစ်သလို နေ့စဉ်နီးပါးလည်း ပရိသတ်တွေ အားကျရလောက်အောင် ချစ်သူလေးနဲ့ ပျော်စရာအကြောင်းအရာလေးတွေကို မျှဝေပေးနေသူပါ။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ဘဝမှာ အဖြစ်ချင်ဆုံး ဆန္ဒလေး တစ်ခုကို ပရိသတ်ကြီးပါ စိတ်ကူးယဉ် ချင်စရာကောင်း လောက်အောင် ရေးသားမျှဝေခဲ့ပါတယ်။

လူတိုင်းမှာ အိပ်မက် ကိုယ်စီရှိကြပါတယ်.. ကျွန်တော့ရဲ့အိပ်မက် ကတော့ ဒါအကြီးဆုံးပဲ..ဘဝမှာအလိုချင်ဆုံး ဆုတောင်းပါဆိုရင် ဒီဆုပဲ ကျွန်တော်တောင်းမယ်.. မြန်မာပြည်ကိုချစ်လို့ မြန်မာပြည်မှာပဲ သေတဲ့အထိနေမယ်..အဲ့ဒါထက် မိဘတွေကိုထားခဲ့ပြီး ဘယ်နိုင်ငံမှ မသွားချင်ဘူးဗျာ.. ဒါကြောင့် မြန်မာတစ်ပြည်လုံးနဲ့ အခြားနိုင်ငံတော်တော် များများရောက်ဖူးပြီး ဒေသတိုင်းရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ လူနေမှုဘဝတွေ တွေ့မြင်ခဲ့ပေမယ့်…. အသက်အရွယ် တစ်ခုရလာရင် အနုပညာ အလုပ်တွေရပ်ပြီး မိသားစုနဲ့အတူ မြိတ်မြို့လေးမှာ အခြေသွားချဖို့စဉ်းစားထားတယ်.. ပြီးပြည့်စုံတဲ့ အရပ်ဒေသဆိုတာ လောကီဘုံမှာ မရှိပေမဲ့ တောင်တန်း တွေအောက်က ပင်လယ်ကမ်းခြေဒေသလေးမှာ နေရတာကိုကြိုက်တယ်၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ အရပ်လည်း ဖြစ်သလို ဘာသာခြား တွေနဲ့လည်း သင့်မြတ်စည်းလုံးကြ တာကိုမြင်ခဲ့တယ်

စီးပွားရေးလည်း ထွန်းကား ကြတယ်၊ မြိတ်မှာ သူငယ်ချင်းမိတ်ဆွေ တွေလည်း ရှိတယ်၊ သမာအာဇီဝကျတဲ့ ခရီးသွားလုပ်ငန်းလေး တစ်ခုလုပ်ချင်တယ်၊ ကိုယ့်စိတ်ကူး ထဲရှိသမျှအတိုင်း စီမံခန့်ခွဲမယ်..မြိတ်ဒေသကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေလုပ်ပြီး ဖူးခက်ထက်သာအောင် လုပ်ကြည့်ချင်တယ်၊ စိတ်တူကိုယ်တူဝါသနာ တူတဲ့ဝန်ထမ်းတွေခန့်ပြီး သူတို့နဲ့ပတ်သက်တဲ့ မိသားစုဝင်တွေကိုပါ စောင့်ရှောက် ထားချင်တယ်၊ သူငယ်ချင်း အပေါင်းအသင်းတွေကို လွမ်းတဲ့အခါ ကိုယ့်ဒေသကို အလည်ခေါ်ရင်းပြန်ဆုံ ချင်တယ်.. ပိုက်ဆံအဆင်ပြေ လာရင် ကျွန်းလေး တစ်ကျွန်းဝယ်ပြီးresort လေးတစ်ခုဆောက် ချင်တယ်၊ မိဘတွေအတွက်လည်း စိတ်ချရတဲ့ အခြေအနေဖြစ်ပြီဆိုရင်၊ စားဝတ်နေရေးပြေလည်ပြီး ကိုယ့်ဆန္ဒဖြစ်တဲ့ ဒီအရာလေးတွေလုပ်ရင်း မိန်းမနဲ့အတူ အိုမင်းသွားချင်တယ် ဆိုပြီး သူ့ဘဝရဲ့အဖြစ်ချင်ဆုံး ဆန္ဒလေးကို မျှဝေလာပါတယ်။

ပရိသတ်တွေကတော့ ပြီးပြည့်စုံတဲ့ ရည်ရွယ်ချက်အပြည့်နဲ့ နိုင်းဝမ်းရဲ့စိတ်ကူးလေး ကို အားကျခဲ့ရသလို တနေ့ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်သွားနိုင်ဖို့လည်း ဆုတောင်းပေးခဲ့ကြ ပါတယ်.. ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်ရင်း ဆန္ဒနဲ့ဘဝထပ်တူကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment