Celebrity


Written by Ms Cele





Credit:CELELUCKY

သူ့ရဲ့တန်ဖိုးကြီးတဲ့ ကားကြီးမီးရှို့ခံလိုက်ရလို့ ပြောမပြတတ်အောင်ဝမ်းနည်းကြေကွဲရကြောင်း ပြောပြလာတဲ့ ယုန်လေး

ပရိသတ်ကြီးရေ ယုန်လေး ကတော့ သူ့ကားမီးရှို့ခံလိုက်ရတာကြောင့် လူတွေရဲ့ အကုသိုလ်၊စိတ်ဓာတ် အခြေအနေတွေဆိုးလာကြောင်း ကိုသူ့အကောင့်မှာ တင်ထားပါတယ်နော်။ အများစု ကတော့ ယုန်လေးကိုယ်တိုင်သူ့ကားကိုမီးရှို့တာလို့ ပြောနေကြပေမယ့် ကာယကံရှင်ကတော့ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်နော်။

“ အခုမှ လိုင်းရတဲ့ နေရာရောက်လို့ပါ .ဒလံ ဆိုတဲ့ စကားအဓိပ္ပါယ်ကို သေချာ နားလည်နိုင်ပါစေ .အရင်ထဲက မကျေနပ်တာတွေ နဲ့ ရော ပြီး ဒလံ ဆိုတာနဲ့မရောထွေးပစ်ပါနဲ့ .ဒီနေ့ ဒီချိန်ထိ သူတစ်ပါးကိုဒုက္ခရောက် အောင် မလုပ်ဖူးပါဘူး .ဒုက္ခရောက်နေတဲ့ လူတွေကိုသာ သူတို့ ဒုက္ခတွေကို ဖြေရှင်းပေးခဲ့တာပါ .ကျွန်တော် ကူညီပေးခဲ့တဲ့ လူတွေပါအဖြေတစ်ခု ဖြစ်စဉ်ကို သေချာ မသိဘဲ ဆဲနေတာတွေ မြင်တော့ စိတ်မကောင်းပါဘူး .ဒီလောက်ပါပဲ . ကလဲ့စားချေတယ်ဆိုတာ ဘဝ မှာမရှိခဲ့ဘူးပါ . နောက်လည်း မရှိပါ .အရင်ထဲကလည်း ကူတယ် ကယ်တယ်ဒီ အလုပ်ပဲ လုပ်နေတာ အခုလည်း ကူတယ်ကယ်တယ် . ဒါပဲ လုပ်တာပါ .အနုပညာ သမားတွေ နဲ့ ပက်သက်ပြီး နောက် Post တင်ပါမယ် .ကားကိစ္စပြောချင်ပါတယ်.

အာမခံ မထားထားတဲ့ အမှားက အဆိုးထဲက အကောင်းဖြစ်လာတယ် .ဆုံးရှုံးတာ ကျွန်တော်ပါ .ကျွန်တော် ကိုယ့်ကားကို ကိုယ်တိုင်ရှို့တယ် လို့ထပ်စွတ်စွဲတယ် .သိန်း ၂၀၀ နဲ့ ပေါင်ထားတယ် ထပ်ပြောတယ် .လူတွေ အကုသိုလ် နဲ့ စိတ်ဓာတ်တွေ အခြေနေတွေတော်တော်ဆိုးသွားပြီကျွန်တော် OG 2 က ရတဲ့ ရုံဝင်ကြေးနဲ့ဝယ်ထားတဲ့ ကားဘဝ ပြန်စတဲ့ အချိန် ပြန်ဝယ်နိုင်တဲ့ ကားကျွန်တော်တန်ဖိုး ထားတဲ့ ကားဘယ်လောက် ပေးပေးမရောင်းဘူး .ကျွန်တော် ပြန်ရှို့ပါ့ မလား .သိန်း ၂၀၀ နဲ့ ပေါင်ပြီး အပေါင်ဆုံးချင်တယ်လို့ ပြောရအောင်လည်းသိန်း ၂၀၀ မက တန်ပါတယ် .မီးရှို့စရာရောလိုလိုလား .ကျွန်တော် အနုပညာ သမားပါ .ကျွန်တော် ကို ပွဲဖိတ်လို့ဆိုတယ် .ပြီးတော့ ကိုယ့်လူတွေကို ကူကယ်တဲ့ ကိစ္စတွေ လုပ်နေလို့ ဆိုပါတယ် .ဒါပါပဲ . ဝဠ်ကြွေး များရှိခဲ့ရင် ဒီ ဘဝ ဒီမှာတင်ကြေပါစေ.ကိုယ်စိတ်ကိုယ်သန့်တယ် .ကိုယ်စေတနာ ကိုယ် အကျိုးပေးမယ်လို့ ယုံကြည်ပါတယ် .” လို့ ရေးသားထားတာပါနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment