Celebrity


Written by Ms Cele





Credit:Celelucky

သူ့ရဲ့ဘဝမှာ တစ်ခါမှမရောက်ဖူးတဲ့ နေရာသစ်တစ်ခုကို ရောက်ရှိသွားတာကြောင့် အရမ်းအံ့ဩပြီး လျှောက်ကြည့်နေတဲ့ မင်းမော်ကွန်းသားလေးရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ ဇနီးနဲ့ သားလေးပါ တောထဲကို ရောက်ရှိလာ ခဲ့ပါပြီနော်။ မင်းမော်ကွန်းရဲ့ဇနီးဟာ ခင်ပွန်း လိုအပ်တာတွေကို ပါရမီဖြည့်ပေးဖို့ အတွက် လိုက်လာခဲ့တာ ဖြစ်ပါတယ်နော်။ မင်းမော်ကွန်းတို့ မိသားစုဟာ အနားက လူတွေ ကူညီပေးနေတာကို အားနာတာကြောင့် လက်မခံနိုင်ဘဲ ကိုယ်တိုင် မှိုချိုးပြီး ရောင်းရတဲ့ ပိုက်ဆံများဖြင့်သာ စားဝတ်နေရေးကို ဖြေရှင်းနေကြပါတယ်နော်။

တော်လှန်ရေး နယ်မြေကို ရောက်ရှိနေတဲ့ မင်းမော်ကွန်းရဲ့ ရဲဘော်ရဲဘက် တစ်ဦးမှ ရေးသားပြောပြလာ ခဲ့ပါတယ်နော်။ ” ကသာရဲစခန်း “မင်းမော်ကွန်း” အဖွဲ့ ဝင်စီးဆိုတာ သတင်း အမှားကြီးပါ ….ကိုကျော်တို့ မိသားစုလေးခမျာ တောတောင်ထဲမှာ လှေလေးနဲ့ခက်ခက်ခဲခဲ ယခုပုံပါအတိုင်း သွားလာနေရတာပါ ….အနီးကပ်ရှိ‌နေသူတွေက ကူညီတာကို အားနာပြီး လက်မခံဘဲ တောထဲကရတဲ့မှိုလေးတွေ ဒီနေ့ ရွာထဲကို သွားရောင်းပြီး လှေနဲ့ ပြန်လာတဲ့ ပုံလေးပါ။

သူများကို အကူအညီတောင်းရမှာ အလွန်အားနာတတ်တဲ့ ကိုကျော်ဟာ သူစီးနေကျ ကားလေးကိုလည်းရ တဲ့‌ဈေးနဲ့ လွန်ခဲ့သောနှစ်လက အရှုံးခံရောင်းလိုက်ရပါတယ်။ အဲဒီနေ့ကဆို သူသံယောဇဉ်ဖြစ်တဲ့ကားလေးရောင်းလိုက်ရတော့ အတော်လေးစိတ်မကောင်းဖြစ်နေတာပါ။ လွတ်‌မြောက်နယ်‌မြေမှာလည်း မိသားစုအတွက် ကုန်ကျစရိတ်တွေရှိတယ်လေ။တော်လှန်‌ရေးမှာ အနစ်နာခံတဲ့ အနုပညာရှင်တွေကို မှတ်ထားပေးကြပါ။ထို့အတူ တော်လှန်‌ရေးမှာအဲယားကွန်းအခန်းထဲကနေ သာကူးခွထိုင်ဖို့ချောင်းနေတဲ့ အနုပညာရှင်တွေကိုလည်း မှတ်ထားပေးကြပါ။ “လို့ ရေးသားထားပါတယ်နော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment