Celebrity

သူ႕ရဲ႕အိမ္မက္တစ္ခုကို အေကာင္အထည္ေဖာ္ႏိုင္ေတာ့မွာျဖစ္လို႕ ၀မ္းသာေပ်ာ္ရႊင္ေနတဲ့ ဥကၠာမင္းေမာင္

Written by Ms Cele

သူ႕ရဲ႕အိမ္မက္တစ္ခုကို အေကာင္အထည္ ေဖာ္ႏိုင္ေတာ့မွာျဖစ္လို႕ ၀မ္းသာေပ်ာ္ရႊင္ေနတဲ့ ဥကၠာမင္းေမာင္

ပရိသတ္ႀကီးေရ.. အႏုပညာ ေလာကမွာ ပရိသတ္ အခိုင္အမာနဲ႔ ေအာင္ျမင္မႈေတြ မ်ားစြာ ရရွိထားတဲ့ သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ ကေတာ့ ဇာတ္ကားေတြလည္း ရိုက္ကူးထား တာျဖစ္ၿပီး လက္ရွိမွာေတာ့ New York မွာ အေျခခ်ေနထိုင္ေနတာပဲ ျဖစ္ပါတယ္..။အႏုပညာ အလုပ္ေတြရပ္နား ထားေပမယ့္လည္း ပရိသတ္ေတြ ဆက္လက္ အားေပး ခ်စ္ခင္ေနၾကတဲ့ ဥကၠာမင္းေမာင္ ကေတာ့ ဝါသနာပါတဲ့ အိပ္မက္ေတြထဲက တစ္ခုအေကာင္အထည္ ေဖာ္ဖို႔အတြက္ လမ္းသစ္တစ္ခုကို ေလၽွာက္လွမ္းေန တဲ့အေၾကာင္း ေျပာျပလာတာ ျဖစ္ပါတယ္..။

ဥကၠာမင္းေမာင္ ကေတာ့ Music နဲ႔ ပတ္သတ္ရင္ အေကာင္းဆုံးေက်ာင္းေတြ ထဲကတခုျဖစ္တဲ့ New York က သူ အရမ္းတက္ခ်င္တဲ့ SAE institute မွာ Audio Engineering degree တက္ဖို႔ ေက်ာင္းဝင္ခြင့္ရၿပီး အစစအရာရာ အဆင္ေျပစြာနဲ႔ စတက္လို႔ရၿပီျဖစ္တဲ့အေၾကာင္း ေျပာျပလာတာပါ..။မေသခင္မွာ ျဖစ္ခ်င္တာေတြနဲ႔ ဝါသနာ ပါတာေတြကို အကုန္ဖန္တီးယူသြားနိုင္တဲ့ လူတစ္ေယာက္ျဖစ္ခ်င္သလို ဝါသနာပါတာကို ေလ့လာ သင္ယူရမွာေၾကာင့္ အရမ္း စိတ္လႈပ္ရွားတဲ့အေၾကာင္းကိုလည္း ေျပာျပထား ပါေသးတယ္..။

“New York က Music နဲ႔ပတ္သတ္ရင္ အေကာင္းဆုံး ေက်ာင္းေတြထဲကတခု ျဖစ္တဲ့ SAE institute မွာ Audio Engineering degree တက္ဖို႔ ေက်ာင္းဝင္ခြင့္ရၿပီး အစစအရာရာ အဆင္ေျပစြာနဲ႔ စတက္လို႔ရပါၿပီ.. ကမၻာ့နိုင္ငံေပါင္းမ်ားစြာမွာလည္း ဒီေက်ာင္းရွိပါတယ္.. အရမ္းတက္ခ်င္ေနခဲ့ေသာ ေက်ာင္း တခ်ိန္က ႀကိဳးစား ခဲ့ေပမယ့္ အေၾကာင္းေၾကာင္းေပါင္းမ်ားစြာနဲ႔ အဆင္မေျပခဲ့ဘူး.. ဒီလိုနဲ႔ပဲ ႏွစ္ေတြၾကာ.. အခုက်ေတာ့လဲ ေခ်ာေခ်ာေမာေမာပဲ အဆင္ေျပသြားတယ္.. ကိုယ့္အလုပ္ခ်ိန္ေတြ နဲ႔လဲ လြတ္တယ္..

ဟိုးအရင္ green card မရခင္ international student အေနနဲ႔ကၽြန္ေတာ္လည္း ေက်ာင္း လခက အျပည့္ေပးရတာ မတတ္နိုင္ဘူးေလ.. အဲ့အခ်ိန္ မိဘက ပိုက္ဆံထုတ္ေပးခဲ့တာဆိုေတာ့လဲ သူတို႔တက္ေစခ်င္ခဲ့တဲ့ Business management major ပဲတက္ခဲ့ၿပီးဘြဲ႕ရခဲ့တာ.. ကို ယ္ ဝါသနာပါတာကို မတက္ ခဲ့ရဘူး.. US citizen နဲ႔ permanant resident ေတြအတြက္ကေက်ာင္းလခက international student အေနနဲ႔ယွဥ္ရင္ အမ်ားႀကီး သက္သာသလို financial aid လည္း ေလၽွာက္လို႔ရတယ္..

အခုေတာ့ ကိုယ္ဝါသနာပါ တာေလးကို ေလ့လာ သင္ယူရမွာဆိုေတာ့ အရမ္း excited ျဖစ္တယ္..DJ တစ္ေယာက္လည္း ျဖစ္ခ်င္တယ္.. ဘဝ မွာ မေသခင္ ကိုယ္ျဖစ္ခ်င္တာေတြ ကိုယ္ဝါသနာ ပါတာေတြကို အကုန္ ဖန္တီးယူသြားတဲ့ လူတစ္ေယာက္လည္း ျဖစ္ခဲ့ခ်င္ေသးတယ္.. အိပ္မက္ေတြ ထဲက အိမ္မက္တခု အေကာင္ အထည္ေဖာ္ဖို႔ အတြက္ လမ္းသစ္ေလးတခု စေလၽွာက္ျခင္း နိဒါန္းေပါ့…” ဆိုၿပီး ဥကၠာမင္းေမာင္က ေျပာျပထားတာပါ..။

Source: Okkar Min Maung’s Fb Acc
Credit

သူ့ရဲ့အိမ်မက်တစ်ခုကို အကောင်အထည် ဖော်နိုင်တော့မှာဖြစ်လို့ ဝမ်းသာပျော်ရွှင်နေတဲ့ ဥက္ကာမင်းမောင်

ပရိသတ်ကြီးရေ.. အနုပညာ လောကမှာ ပရိသတ် အခိုင်အမာနဲ့ အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင် ကတော့ ဇာတ်ကားတွေလည်း ရိုက်ကူးထား တာဖြစ်ပြီး လက်ရှိမှာတော့ New York မှာ အခြေချနေထိုင်နေတာပဲ ဖြစ်ပါတယ်..။အနုပညာ အလုပ်တွေရပ်နား ထားပေမယ့်လည်း ပရိသတ်တွေ ဆက်လက် အားပေး ချစ်ခင်နေကြတဲ့ ဥက္ကာမင်းမောင် ကတော့ ဝါသနာပါတဲ့ အိပ်မက်တွေထဲက တစ်ခုအကောင်အထည် ဖော်ဖို့အတွက် လမ်းသစ်တစ်ခုကို လျှောက်လှမ်းနေ တဲ့အကြောင်း ပြောပြလာတာ ဖြစ်ပါတယ်..။

ဥက္ကာမင်းမောင် ကတော့ Music နဲ့ ပတ်သတ်ရင် အကောင်းဆုံးကျောင်းတွေ ထဲကတခုဖြစ်တဲ့ New York က သူ အရမ်းတက်ချင်တဲ့ SAE institute မှာ Audio Engineering degree တက်ဖို့ ကျောင်းဝင်ခွင့်ရပြီး အစစအရာရာ အဆင်ပြေစွာနဲ့ စတက်လို့ရပြီဖြစ်တဲ့အကြောင်း ပြောပြလာတာပါ..။မသေခင်မှာ ဖြစ်ချင်တာတွေနဲ့ ဝါသနာ ပါတာတွေကို အကုန်ဖန်တီးယူသွားနိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်သလို ဝါသနာပါတာကို လေ့လာ သင်ယူရမှာကြောင့် အရမ်း စိတ်လှုပ်ရှားတဲ့အကြောင်းကိုလည်း ပြောပြထား ပါသေးတယ်..။

“New York က Music နဲ့ပတ်သတ်ရင် အကောင်းဆုံး ကျောင်းတွေထဲကတခု ဖြစ်တဲ့ SAE institute မှာ Audio Engineering degree တက်ဖို့ ကျောင်းဝင်ခွင့်ရပြီး အစစအရာရာ အဆင်ပြေစွာနဲ့ စတက်လို့ရပါပြီ.. ကမ္ဘာ့နိုင်ငံပေါင်းများစွာမှာလည်း ဒီကျောင်းရှိပါတယ်.. အရမ်းတက်ချင်နေခဲ့သော ကျောင်း တချိန်က ကြိုးစား ခဲ့ပေမယ့် အကြောင်းကြောင်းပေါင်းများစွာနဲ့ အဆင်မပြေခဲ့ဘူး.. ဒီလိုနဲ့ပဲ နှစ်တွေကြာ.. အခုကျတော့လဲ ချောချောမောမောပဲ အဆင်ပြေသွားတယ်.. ကိုယ့်အလုပ်ချိန်တွေ နဲ့လဲ လွတ်တယ်..

ဟိုးအရင် green card မရခင် international student အနေနဲ့ကျွန်တော်လည်း ကျောင်း လခက အပြည့်ပေးရတာ မတတ်နိုင်ဘူးလေ.. အဲ့အချိန် မိဘက ပိုက်ဆံထုတ်ပေးခဲ့တာဆိုတော့လဲ သူတို့တက်စေချင်ခဲ့တဲ့ Business management major ပဲတက်ခဲ့ပြီးဘွဲ့ရခဲ့တာ.. ကို ယ် ဝါသနာပါတာကို မတက် ခဲ့ရဘူး.. US citizen နဲ့ permanant resident တွေအတွက်ကကျောင်းလခက international student အနေနဲ့ယှဉ်ရင် အများကြီး သက်သာသလို financial aid လည်း လျှောက်လို့ရတယ်..

အခုတော့ ကိုယ်ဝါသနာပါ တာလေးကို လေ့လာ သင်ယူရမှာဆိုတော့ အရမ်း excited ဖြစ်တယ်..DJ တစ်ယောက်လည်း ဖြစ်ချင်တယ်.. ဘဝ မှာ မသေခင် ကိုယ်ဖြစ်ချင်တာတွေ ကိုယ်ဝါသနာ ပါတာတွေကို အကုန် ဖန်တီးယူသွားတဲ့ လူတစ်ယောက်လည်း ဖြစ်ခဲ့ချင်သေးတယ်.. အိပ်မက်တွေ ထဲက အိမ်မက်တခု အကောင် အထည်ဖော်ဖို့ အတွက် လမ်းသစ်လေးတခု စလျှောက်ခြင်း နိဒါန်းပေါ့…” ဆိုပြီး ဥက္ကာမင်းမောင်က ပြောပြထားတာပါ..။

Source: Okkar Min Maung’s Fb Acc
Credit

About the author

Ms Cele

Leave a Comment