Celebrity

သူ႕ရဲ႕ ေခၽြးနဲစာေလးေတြနဲ႕ ေဆြမ်ိဳးေတြကို ရဟန္းခံရွင္ျပဳ အလႉပြဲေလး ျပဳလုပ္ေပးခဲ့တဲ့ ေနဆန္း

Written by Ms Cele

သူ႕ရဲ႕ ေခၽြးနဲစာေလးေတြနဲ႕ ေဆြမ်ိဳးေတြကို ရဟန္းခံရွင္ျပဳ အလႉပြဲေလး ျပဳလုပ္ေပးခဲ့တဲ့ ေနဆန္း

ပရိသတ္ႀကီးေရ ေနဆန္း ကေတာ့ ဟာသဗီဒီယို ဇာတ္လမ္းတိုေလးေတြကို ရိုက္ကူးတင္ဆက္ ရာကေန ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို ရရွိလာတဲ့ ပရိသတ္အခ်စ္ေတာ္ တစ္ေယာက္ပါ။ ေနဆန္းကလည္း လက္ရွိမွာ ေၾကာ္ျငာေတြကို ရိုက္ကူးေနရၿပီး ပရိသတ္ေတြရဲ့အားေပးခ်စ္ခင္မႈကို ပိုလို႔ေတာင္မွရရွိေနပါေသးတယ္။

ေနဆန္းကေတာ့ အႏုပညာ အလုပ္ေတြကို လုပ္ကိုင္ရာကေန ရရွိလာတဲ့ ေငြေလးေတြကို စုၿပီး အလႉ အတန္းေတြကို အလ်ဥ္းသင့္ရင္ သင့္သလို ျပဳလုပ္ေနခဲ့ပါေသးတယ္။ လတ္တေလာ မွာလည္း အႏုပညာေၾကးရွာေဖြရရွိတဲ့ ေခၽြးနဲစာေလးေတြကို ရဟန္းခံရွင္ျပဳအလႉပြဲေလး က်င္းပျဖစ္ခဲ့တဲ့ၿပီး သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန “ဒီေန႔ ကိုယ့္ရဲ့ေခၽြးနည္းစာေလးနဲ႔ အလႉေလးတစ္ခုျပဳလုပ္ျဖစ္ခဲ့ပါတယ္။ ကိုယ့္ရဲ့ေဆြမ်ိဳးေတြကို ဥပသပၸဒကံေဆာင္ရဟန္းေဘာင္သို႔ (၂ )ပါး ရွင္သာမေဏအျဖစ္ (၂ )ပါး တို႔ကို ျမတ္ဗုဒၶရဲ့သာသ‌နာေတာ္ကို သြတ္သြင္းလႉဒါန္းခဲ့ပါတယ္” ဆိုၿပီး မၽွေဝေဖာ္ျပလာခဲ့တာပါ။

အခုလို အလႉေလး လႉဒါန္းနိုင္ေအာင္ သူ႔ကို အားေပးၾကတဲ့ ေက်းဇူးရွင္ ပရိတ္သတ္ တစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီကို ေက်းဇူးအထူးတင္ ရွိေၾကာင္းလည္း ေဖာ္ျပထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ေနဆန္းက ဒီေန႔မွာျပဳလုပ္တဲ့ သူ႔ရဲ့အလႉေလးကို ပရိသတ္ ေတြလည္း ေကာင္းမႈ အစုစုအညီအမၽွ ရရွိဖို႔ကိုလည္း ကုသိုလ္မၽွေဝထားပါတယ္။

Source:Nay Sann
Credit:CeleZone

သူ့ရဲ့ ချွေးနဲစာလေးတွေနဲ့ ဆွေမျိုးတွေကို ရဟန်းခံရှင်ပြု အလှူပွဲလေး ပြုလုပ်ပေးခဲ့တဲ့ နေဆန်း

ပရိသတ်ကြီးရေ နေဆန်း ကတော့ ဟာသဗီဒီယို ဇာတ်လမ်းတိုလေးတွေကို ရိုက်ကူးတင်ဆက် ရာကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိလာတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပါ။ နေဆန်းကလည်း လက်ရှိမှာ ကြော်ငြာတွေကို ရိုက်ကူးနေရပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ပိုလို့တောင်မှရရှိနေပါသေးတယ်။

နေဆန်းကတော့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ရာကနေ ရရှိလာတဲ့ ငွေလေးတွေကို စုပြီး အလှူ အတန်းတွေကို အလျဉ်းသင့်ရင် သင့်သလို ပြုလုပ်နေခဲ့ပါသေးတယ်။ လတ်တလော မှာလည်း အနုပညာကြေးရှာဖွေရရှိတဲ့ ချွေးနဲစာလေးတွေကို ရဟန်းခံရှင်ပြုအလှူပွဲလေး ကျင်းပဖြစ်ခဲ့တဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ဒီနေ့ ကိုယ့်ရဲ့ချွေးနည်းစာလေးနဲ့ အလှူလေးတစ်ခုပြုလုပ်ဖြစ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ဆွေမျိုးတွေကို ဥပသပ္ပဒကံဆောင်ရဟန်းဘောင်သို့ (၂ )ပါး ရှင်သာမဏေအဖြစ် (၂ )ပါး တို့ကို မြတ်ဗုဒ္ဓရဲ့သာသ‌နာတော်ကို သွတ်သွင်းလှူဒါန်းခဲ့ပါတယ်” ဆိုပြီး မျှဝေဖော်ပြလာခဲ့တာပါ။

အခုလို အလှူလေး လှူဒါန်းနိုင်အောင် သူ့ကို အားပေးကြတဲ့ ကျေးဇူးရှင် ပရိတ်သတ် တစ်ဦးချင်းတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင် ရှိကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ နေဆန်းက ဒီနေ့မှာပြုလုပ်တဲ့ သူ့ရဲ့အလှူလေးကို ပရိသတ် တွေလည်း ကောင်းမှု အစုစုအညီအမျှ ရရှိဖို့ကိုလည်း ကုသိုလ်မျှဝေထားပါတယ်။

Source:Nay Sann
Credit:CeleZone

About the author

Ms Cele

Leave a Comment