Celebrity

သူ႕အေပၚနားလည္မႈအျပည့္ေပးၿပီး ခ်စ္တတ္တဲ့ ခ်စ္သူဟာ အခုဆိုရင္ဇနီးေလးျဖစ္ေနၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးလာတဲ့ နကၡတ္

Written by Ms Cele

သူ႕အေပၚနားလည္မႈအျပည့္ေပးၿပီး ခ်စ္တတ္တဲ့ ခ်စ္သူဟာ အခုဆိုရင္ဇနီးေလးျဖစ္ေနၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးလာတဲ့ နကၡတ္

ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသားေခ်ာ နကၡတ္ကေတာ့ ဒီေန႔မွာ သူ႔ရဲ့ခ်စ္သူေလးဟာ သူရဲ့ ဇနီးမယားျဖစ္တဲ့အေၾကာင္း သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန ပရိသတ္ေတြကို အသိေပးေျပာၾကားလာခဲ့ပါတယ္။ နကၡတ္ကေတာ့ သူ႔ရဲ့ခ်စ္သူနဲ႔ လြန္ခဲ့တဲ့ (၄)ႏွစ္ကတည္းက လူႀကီးစုံရာနဲ႔ ေစ့စပ္ေၾကာင္းလမ္းကာ မဂၤလာဆြမ္းေကၽြး လက္မွတ္ေရးထိုးပြဲေလးျပဳလုပ္ခဲ့တာပါတဲ့။

ဇနီးျဖစ္သူက သူ႔အေပၚမွာ နားလည္မႈ အျပည့္အဝေပးနိုင္တဲ့ ပါရမီျဖည့္ဖက္ေကာင္း တစ္ေယာက္ျဖစ္ၿပီး မဂၤလာ ဧည္ခံပြဲကိုျပဳလုပ္ဖို႔ အစီစဥ္ရွိခဲ့ေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရႊ႕ထားဆိုင္းခဲ့ရတဲ့ အေၾကာင္းကိုလည္း အခုလိုပဲေဖာ္ျပထားခဲ့ပါေသးတယ္။ ” ကၽြန္ေတာ့္ ရဲ့ ဇနီးေလးနဲ႔ သူမရဲ့ မိဘေတြဟာ က်ေနာ့္ရဲ့ အႏုပညာ အလုပ္ကို နားလည္ ေပးၿပီး က်ေနာ္ အႏုပညာ ေလာကမွာေနရာေလး တစ္ေနရာ ရၿပီး ကိုယ္ျဖစ္ခ်င္တဲ့ အေနအထား ေရာက္မွ မဂၤလာ ဧည့္ခံပြဲ လုပ္ဖို႔ သေဘာတူေပးခဲ့ၾကပါတယ္။သူမ နဲ႔ ကၽြန္ေတာ္ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္ၿပီး သစၥာရွိရွိနဲ႔ ေနဖို႔ က အဓိက ပဲဆိုၿပီး ကၽြန္ေတာ္အလုပ္ေတြ ကို ပိုႀကိဳးစား ျဖစ္ခဲ့ပါတယ္။

သူမ ကၽြန္ေတာ္အေပၚမွာ နားလည္ေပးမႈ အနစ္နာခံ ေပးမႈေတြ ကေတာ့ေျပာျပလို႔ေတာင္ ကုန္မွာ မဟုတ္ပါဘူး။သူမ ေၾကာင့္ က်ေနာ့ အလုပ္ ထိခိုက္မွာ စိုးလို႔ သူမ်ားေတြကို ဇနီးလို႔ မေျပာခိုင္းဘဲ ခ်စ္သူ လို႔ပဲသူမ က ေျပာခိုင္းခဲ့တယ္။ကၽြန္ေတာ္တို႔ႏွစ္ေယာက္ရဲ့မဂၤလာ ပြဲလုပ္ဖို႔ထက္ ကၽြန္ေတာ္ရဲ့ အႏုပညာအလုပ္ေတြ ေအာင္ျမင္ဖို႔အတြက္ဘဲ အျမဲ ေတြးေပးေနတဲ့ သူမ။ကၽြန္ေတာ္ ဇာတ္လမ္းတြဲ ေလးေတြ ခပ္စိပ္စိပ္ရိုက္လာရၿပီး ပရိသတ္ ရဲ့ အသိအမွတ္ျပဳ ေလး ရလာတဲ့ အေပၚမွာ သူမက အျမဲျပဳံးေပ်ာ္ေနတတ္တယ္။သူမက ကၽြန္ေတာ့္ကို အျမဲေျပာတယ္ “ကၽြန္ေတာ့္ ကို ဒီ့ထက္ပိုၿပီး ေကာင္းမြန္တဲ့ အႏုပညာဖန္တီးမႈ ေတြ ထပ္လုပ္ၿပီး မွ မဂၤလာ ပြဲစီစဥ္ၾကမယ္တဲ့။

အခုမွ နာမည္ေလး နည္းနည္း ရကာစ မိန္းမယူလိုက္ရင္ အလုပ္ အတြက္ အေႏွာင့္အယွက္ ျဖစ္မွာ စိုးတယ္ ဆိုၿပီး ေျပာလာေတာ့”ကၽြန္ေတာ္လည္း လက္ခံလိုက္ၿပီး ဆက္ပီးႀကိဳးစားတာေပါ့။ အိမ္မက္နဲ႔ လက္ေတြ႕ ဆိုတာ တစ္ခါတစ္ေလ ထပ္တူ က်ခ်င္ မွ က်တတ္တာမ်ိဳးဗ်။ ဒီလိုနဲ႔ (၂၀၁၉) မွာ ” ကၽြန္ေတာ္ အမုန္းဆုံး ကၽြန္ေတာ္”ဇာတ္လမ္းတြဲ ေလး ရိုက္ခြင့္ရေတာ့ ဒီဇာတ္လမ္းတြဲ ေလး ရိုက္ၿပီးရင္ မဂၤလာ ပြဲ က်င္းပမယ္ ဆိုၿပီး သေဘာတူခဲ့ၾကတယ္။ (၂၀၂၀) ေဖေဖာ္ဝါရီ လမွာ “ကၽြန္ေတာ္ အမုန္းဆုံး ကၽြန္ေတာ္”ဇာတ္လမ္းတြဲ ေလး တီဗီက ျပၿပီးေတာ့ (၅) လပိုင္းမွာ မဂၤလာ ပြဲ လုပ္ဖို႔ စီစဥ္ခဲ့ၾကေပမယ့္ ကိုဗစ္ ပထမလွိုင္းေၾကာင့္ ဘာပြဲမွ လုပ္ခြင့္မရွိသလို အႏုပညာ အလုပ္ေတြလဲ လုံးဝရပ္သြားတယ္။

ကိုဗစ္ေတြ ျဖစ္ေတာ့ Social media ကအလုပ္ပိုျဖစ္လာ ခဲ့တယ္။ကၽြန္ေတာ္က TitTok ကတာေတြ Video ဖန္တီးတာေတြ မကၽြမ္းက်င္ေတာ့ လေပါင္းမ်ားစြာ အလုပ္ မရွိဘဲ နားေန ခဲ့ရတယ္။တစ္ရက္မွာေတာ့ Online live sale ေတြကလဲ ေခတ္စားလာျပန္ေတာ့ ငါ ဒီ ေလာက္ေတာ့ မလုပ္တက္ လဲ ႀကိဳးစားၾကည့္မယ္ဆိုၿပီး Live saleေလး (၂)ခု လုပ္ၾကည့္တာ ေအာင္မေလး ဇာတ္လမ္းတြဲက ဇာတ္ေကာင္ေတြကို ပုံေဖာ္ရိုက္ကူးရတာေတြထက္ Live sale က ကၽြန္ေတာ္ အတြက္ပိုခက္ခဲၿပီး ေခၽြးေတြေတာင္ျပန္ပါတယ္။ကၽြန္ေတာ္သခ်ာသိလိုက္ရတာတစ္ခုက ကၽြန္ေတာ္ဟာ သ႐ုပ္ေဆာင္ အလုပ္ကလြဲၿပီး က်န္တာေတြနဲ႔ မလိုက္ဖက္ဘူးဆိုတာဘဲ။

ဒီလိုနဲ႔ဘဲ ကိုဗစ္ေတြေၾကာင့္ လူ (၃၀) ေလာက္နဲ႔ မဂၤလာပြဲ က်င္းပလို႔ရတယ္ ဆိုေတာ့ (၂၀၂၁) ေဖေဖာ္ဝါရီ လထဲမွာ သူမေမြးေန႔ ရွိေတာ့ အဲ့လထဲက တစ္ရက္ရက္မွာ ပြဲစီစဥ္ၾကမယ္ ဆိုၿပီး စိတ္ကူးခဲ့တဲ့ စိတ္ကူး ကလည္း အေၾကာင္းေၾကာင္းေၾကာင့္ျဖစ္ မလာခဲ့ရျပန္ပါဘူး။(၂၀၂၁)မွာ ကၽြန္ေတာ့္ဘဝအတြက္ အဆိုးဆုံးအရာကေတာ့ မတ္လေလာက္မွာ ကၽြန္ေတာ္အေဖ ေဆး႐ုံတင္ရၿပီး ရက္အနည္းငယ္အၾကာမွာ ကင္ဆာေနာက္ဆုံးအဆင့္နဲ႔ကၽြန္ေတာ္တို႔ကို ဘယ္ေန႔ ခြဲသြားေတာ့မလဲဆိုတဲ့ အျဖစ္ဆိုးႀကီး တစ္ခုပါပဲ။ကၽြန္ေတာ္က အဲ့အခ်ိန္မွာ ကိစၥတစ္ခုနဲ႔ နယ္ဘက္ကို ေရာက္ေနေတာ့ (၄)လပိုင္း ကုန္ခါနီး ေလာက္မွ အေဖ့ ကို ေဆး႐ုံမွာ ေသခ်ာ ျပဳစုေစာင့္ေရွာက္ခြင့္ရခဲ့တယ္။(၅)လပိုင္း (၁၃) ရက္ေန႔မွာေတာ့ ကၽြန္ေတာ္ရဲ့အေဖကို ဆုံးရႈံးခဲ့ရတယ္။

အဓိကေျပာခ်င္တာကေတာ့ ကၽြန္ေတာ့္မွာ အမ်ားမ်က္စိဆံပင္ေမႊးစူးေလာက္တဲ့ အထိ ႀကီးက်ယ္ျမင့္ျမတ္ခမ္းနားတဲ့ ေအာင္ျမင္မႈေတြ ခ်မ္းသာမႈေတြလည္း မရွိပါဘူး။ႀကိဳးစားေန တဲ့လူေတြထဲကလူတစ္ေယာက္ပါပဲ။ကၽြန္ေတာ့္ပုံေတြေအာက္မွ ဆဲဆိုေနတဲ့ သူေတြကိုလည္းအျမဲေမတၱာပို႔ေပးပါတယ္ခင္ဗ်ာ။ဒီအခ်ိန္မွာ အားလုံးအတြက္ သူရဲေကာင္း မျဖစ္ခ်င္ေနပါ။ကၽြန္ေတာ့္ရဲ့ကိုယ္ပိုင္ဘဝေလးမွာ က်န္ေနေသးတဲ့။အေမရယ္ ကၽြန္ေတာ့္ဇနီးနဲ႔ ကၽြန္ေတာ့္အစ္မနဲ႔ ညီမအတြက္ မားမားမတ္မတ္ ရပ္တည္နိုင္တဲ့သူ ျဖစ္ဖို႔ အတြက္ က်ေနာ္ ႀကိဳးစားေနစဲပါ။

အခုဒီပုံေလးေတြက သူမဟာ ကၽြန္ေတာ္ရဲ့ ခ်စ္သူ မဟုတ္ဘဲသူမဟာ ကၽြန္ေတာ့္ရဲ့ ဇနီးျဖစ္ေၾကာင္ အသိေပးတဲ့ ပုံေလးေတြပါခင္ဗ်ာ။မဂၤလာ ဧည့္ခံပြဲက်င္းပမည့္ အခ်ိန္က်ရင္လည္း အားလုံးကိုထပ္မံ အသိေပးပါမယ္ခင္ဗ်ာ။ “ဆိုၿပီး ခ်စ္ဇနီးေလးနဲ႔လက္မွတ္ေရးထိုးတုန္းက ရိုက္ကူးခဲ့တဲ့ ပုံေလးေတြကိုလည္း မၽွေဝေဖာ္ျပခဲ့ပါတယ္။ပရိသတ္ေတြရဲ့အခ်စ္ေတာ္ သ႐ုပ္ေဆာင္ နကၡတ္ကေတာ့ မၾကာခင္မွာ ရင္ေသြးေလးကို ပိုင္ဆိုင္ၿပီး ေဖေဖတစ္ေယာက္လည္း ျဖစ္လာေတာ့မွာပါတဲ့ေနာ္။

Source – နကၡတ္
Credit:Cele Zone

သူ့အပေါ်နားလည်မှုအပြည့်ပေးပြီး ချစ်တတ်တဲ့ ချစ်သူဟာ အခုဆိုရင်ဇနီးလေးဖြစ်နေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ နက္ခတ်

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော နက္ခတ်ကတော့ ဒီနေ့မှာ သူ့ရဲ့ချစ်သူလေးဟာ သူရဲ့ ဇနီးမယားဖြစ်တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ နက္ခတ်ကတော့ သူ့ရဲ့ချစ်သူနဲ့ လွန်ခဲ့တဲ့ (၄)နှစ်ကတည်းက လူကြီးစုံရာနဲ့ စေ့စပ်ကြောင်းလမ်းကာ မင်္ဂလာဆွမ်းကျွေး လက်မှတ်ရေးထိုးပွဲလေးပြုလုပ်ခဲ့တာပါတဲ့။

ဇနီးဖြစ်သူက သူ့အပေါ်မှာ နားလည်မှု အပြည့်အဝပေးနိုင်တဲ့ ပါရမီဖြည့်ဖက်ကောင်း တစ်ယောက်ဖြစ်ပြီး မင်္ဂလာ ဧည်ခံပွဲကိုပြုလုပ်ဖို့ အစီစဉ်ရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ထားဆိုင်းခဲ့ရတဲ့ အကြောင်းကိုလည်း အခုလိုပဲဖော်ပြထားခဲ့ပါသေးတယ်။ ” ကျွန်တော့် ရဲ့ ဇနီးလေးနဲ့ သူမရဲ့ မိဘတွေဟာ ကျနော့်ရဲ့ အနုပညာ အလုပ်ကို နားလည် ပေးပြီး ကျနော် အနုပညာ လောကမှာနေရာလေး တစ်နေရာ ရပြီး ကိုယ်ဖြစ်ချင်တဲ့ အနေအထား ရောက်မှ မင်္ဂလာ ဧည့်ခံပွဲ လုပ်ဖို့ သဘောတူပေးခဲ့ကြပါတယ်။သူမ နဲ့ ကျွန်တော် တစ်ယောက်နဲ့ တစ်ယောက် နားလည်ပြီး သစ္စာရှိရှိနဲ့ နေဖို့ က အဓိက ပဲဆိုပြီး ကျွန်တော်အလုပ်တွေ ကို ပိုကြိုးစား ဖြစ်ခဲ့ပါတယ်။

သူမ ကျွန်တော်အပေါ်မှာ နားလည်ပေးမှု အနစ်နာခံ ပေးမှုတွေ ကတော့ပြောပြလို့တောင် ကုန်မှာ မဟုတ်ပါဘူး။သူမ ကြောင့် ကျနော့ အလုပ် ထိခိုက်မှာ စိုးလို့ သူများတွေကို ဇနီးလို့ မပြောခိုင်းဘဲ ချစ်သူ လို့ပဲသူမ က ပြောခိုင်းခဲ့တယ်။ကျွန်တော်တို့နှစ်ယောက်ရဲ့မင်္ဂလာ ပွဲလုပ်ဖို့ထက် ကျွန်တော်ရဲ့ အနုပညာအလုပ်တွေ အောင်မြင်ဖို့အတွက်ဘဲ အမြဲ တွေးပေးနေတဲ့ သူမ။ကျွန်တော် ဇာတ်လမ်းတွဲ လေးတွေ ခပ်စိပ်စိပ်ရိုက်လာရပြီး ပရိသတ် ရဲ့ အသိအမှတ်ပြု လေး ရလာတဲ့ အပေါ်မှာ သူမက အမြဲပြုံးပျော်နေတတ်တယ်။သူမက ကျွန်တော့်ကို အမြဲပြောတယ် “ကျွန်တော့် ကို ဒီ့ထက်ပိုပြီး ကောင်းမွန်တဲ့ အနုပညာဖန်တီးမှု တွေ ထပ်လုပ်ပြီး မှ မင်္ဂလာ ပွဲစီစဉ်ကြမယ်တဲ့။

အခုမှ နာမည်လေး နည်းနည်း ရကာစ မိန်းမယူလိုက်ရင် အလုပ် အတွက် အနှောင့်အယှက် ဖြစ်မှာ စိုးတယ် ဆိုပြီး ပြောလာတော့”ကျွန်တော်လည်း လက်ခံလိုက်ပြီး ဆက်ပီးကြိုးစားတာပေါ့။ အိမ်မက်နဲ့ လက်တွေ့ ဆိုတာ တစ်ခါတစ်လေ ထပ်တူ ကျချင် မှ ကျတတ်တာမျိုးဗျ။ ဒီလိုနဲ့ (၂၀၁၉) မှာ ” ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဇာတ်လမ်းတွဲ လေး ရိုက်ခွင့်ရတော့ ဒီဇာတ်လမ်းတွဲ လေး ရိုက်ပြီးရင် မင်္ဂလာ ပွဲ ကျင်းပမယ် ဆိုပြီး သဘောတူခဲ့ကြတယ်။ (၂၀၂၀) ဖေဖော်ဝါရီ လမှာ “ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဇာတ်လမ်းတွဲ လေး တီဗီက ပြပြီးတော့ (၅) လပိုင်းမှာ မင်္ဂလာ ပွဲ လုပ်ဖို့ စီစဉ်ခဲ့ကြပေမယ့် ကိုဗစ် ပထမလှိုင်းကြောင့် ဘာပွဲမှ လုပ်ခွင့်မရှိသလို အနုပညာ အလုပ်တွေလဲ လုံးဝရပ်သွားတယ်။

ကိုဗစ်တွေ ဖြစ်တော့ Social media ကအလုပ်ပိုဖြစ်လာ ခဲ့တယ်။ကျွန်တော်က TitTok ကတာတွေ Video ဖန်တီးတာတွေ မကျွမ်းကျင်တော့ လပေါင်းများစွာ အလုပ် မရှိဘဲ နားနေ ခဲ့ရတယ်။တစ်ရက်မှာတော့ Online live sale တွေကလဲ ခေတ်စားလာပြန်တော့ ငါ ဒီ လောက်တော့ မလုပ်တက် လဲ ကြိုးစားကြည့်မယ်ဆိုပြီး Live saleလေး (၂)ခု လုပ်ကြည့်တာ အောင်မလေး ဇာတ်လမ်းတွဲက ဇာတ်ကောင်တွေကို ပုံဖော်ရိုက်ကူးရတာတွေထက် Live sale က ကျွန်တော် အတွက်ပိုခက်ခဲပြီး ချွေးတွေတောင်ပြန်ပါတယ်။ကျွန်တော်သချာသိလိုက်ရတာတစ်ခုက ကျွန်တော်ဟာ သရုပ်ဆောင် အလုပ်ကလွဲပြီး ကျန်တာတွေနဲ့ မလိုက်ဖက်ဘူးဆိုတာဘဲ။

ဒီလိုနဲ့ဘဲ ကိုဗစ်တွေကြောင့် လူ (၃၀) လောက်နဲ့ မင်္ဂလာပွဲ ကျင်းပလို့ရတယ် ဆိုတော့ (၂၀၂၁) ဖေဖော်ဝါရီ လထဲမှာ သူမမွေးနေ့ ရှိတော့ အဲ့လထဲက တစ်ရက်ရက်မှာ ပွဲစီစဉ်ကြမယ် ဆိုပြီး စိတ်ကူးခဲ့တဲ့ စိတ်ကူး ကလည်း အကြောင်းကြောင်းကြောင့်ဖြစ် မလာခဲ့ရပြန်ပါဘူး။(၂၀၂၁)မှာ ကျွန်တော့်ဘဝအတွက် အဆိုးဆုံးအရာကတော့ မတ်လလောက်မှာ ကျွန်တော်အဖေ ဆေးရုံတင်ရပြီး ရက်အနည်းငယ်အကြာမှာ ကင်ဆာနောက်ဆုံးအဆင့်နဲ့ကျွန်တော်တို့ကို ဘယ်နေ့ ခွဲသွားတော့မလဲဆိုတဲ့ အဖြစ်ဆိုးကြီး တစ်ခုပါပဲ။ကျွန်တော်က အဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့ နယ်ဘက်ကို ရောက်နေတော့ (၄)လပိုင်း ကုန်ခါနီး လောက်မှ အဖေ့ ကို ဆေးရုံမှာ သေချာ ပြုစုစောင့်ရှောက်ခွင့်ရခဲ့တယ်။(၅)လပိုင်း (၁၃) ရက်နေ့မှာတော့ ကျွန်တော်ရဲ့အဖေကို ဆုံးရှုံးခဲ့ရတယ်။

အဓိကပြောချင်တာကတော့ ကျွန်တော့်မှာ အများမျက်စိဆံပင်မွှေးစူးလောက်တဲ့ အထိ ကြီးကျယ်မြင့်မြတ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ချမ်းသာမှုတွေလည်း မရှိပါဘူး။ကြိုးစားနေ တဲ့လူတွေထဲကလူတစ်ယောက်ပါပဲ။ကျွန်တော့်ပုံတွေအောက်မှ ဆဲဆိုနေတဲ့ သူတွေကိုလည်းအမြဲမေတ္တာပို့ပေးပါတယ်ခင်ဗျာ။ဒီအချိန်မှာ အားလုံးအတွက် သူရဲကောင်း မဖြစ်ချင်နေပါ။ကျွန်တော့်ရဲ့ကိုယ်ပိုင်ဘဝလေးမှာ ကျန်နေသေးတဲ့။အမေရယ် ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်အစ်မနဲ့ ညီမအတွက် မားမားမတ်မတ် ရပ်တည်နိုင်တဲ့သူ ဖြစ်ဖို့ အတွက် ကျနော် ကြိုးစားနေစဲပါ။

အခုဒီပုံလေးတွေက သူမဟာ ကျွန်တော်ရဲ့ ချစ်သူ မဟုတ်ဘဲသူမဟာ ကျွန်တော့်ရဲ့ ဇနီးဖြစ်ကြောင် အသိပေးတဲ့ ပုံလေးတွေပါခင်ဗျာ။မင်္ဂလာ ဧည့်ခံပွဲကျင်းပမည့် အချိန်ကျရင်လည်း အားလုံးကိုထပ်မံ အသိပေးပါမယ်ခင်ဗျာ။ “ဆိုပြီး ချစ်ဇနီးလေးနဲ့လက်မှတ်ရေးထိုးတုန်းက ရိုက်ကူးခဲ့တဲ့ ပုံလေးတွေကိုလည်း မျှဝေဖော်ပြခဲ့ပါတယ်။ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် နက္ခတ်ကတော့ မကြာခင်မှာ ရင်သွေးလေးကို ပိုင်ဆိုင်ပြီး ဖေဖေတစ်ယောက်လည်း ဖြစ်လာတော့မှာပါတဲ့နော်။

Source – နက္ခတ်
Credit:Cele Zone

About the author

Ms Cele

Leave a Comment