Celebrity


Written by Ms Cele






crd : MM Load

သူ့အကြောင်းကို ဘာမှမသိဘဲ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်နေသူတွေကို ထိရောက်စွာ ပြန်လည်တုံ့ပြန်လိုက်တဲ့ ဒီဇိုင်နာ မျိုးမင်းစိုး

ပရိသတ်ကြီးရေ…..ဒီဇိုင်နာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည် အောင်မြင်နေပြီး နိုင်ငံကျော် အနုပညာရှင်တွေ အားကိုး အားထားရတဲ့ ဒီဇိုင်နာမျိုးမင်းစိုးကို သိကြမယ် ထင်ပါတယ်။ သူက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြုလုပ် ကျင်းပပေးခဲ့တဲ့ Mask ချုပ်ပြိုင်ပွဲမှာလည်း ဆုရရှိခဲ့တဲ့ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ပါတယ်။မျိုးမင်းစိုးက ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အရေးတော်ပုံကြီးအောင်မြင်ရေးမှာ ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့သူပါ။အခု လိုယုံကြည်ရာကို ရဲရဲဝံ့ဝံ့ရပ်တည်နေပေမယ့် နိုင်ငံရေးနဲ့ပုဂ္ဂိုလ်ရေးရောထွေးကာ ဝေဖန်တိုက်ခိုက်လာတဲ့သူတစ်ချို့ကြောင့် မျိုးမင်းစိုးကသူ့ရဲ့ Facebookစာမျက်နှာမှာ ရေးသားလာခဲ့ပါတယ်။

“အခုလိုနိင်ငံရေး မတည်မငြိမ်ဖြစ်နေတာကို အခွင့်အရေးယူပြီးကျန်တော့်ရဲ့personal အကြောင်းကို သေချာမစုံစမ်းမလေ့လာမသိပါပဲ….နိင်ငံရေးကိုအခွင့်အရေးယူပြီးပုဂ္ဂိုလ်ရေးရာတိုက်ခိုက်မှူမျိုးစုံနဲ့နာမည်ပျက်အောင်လုပ်ကြံ့ပြီး…အကောင့်အတုမျိုးစုံကနေSpeak out ဘာမှမလုပ်ပါဘူးဆိုပီးချောက်တွန်းပုတ်ခတ်တိုက်ခိုက်ပီးလူတွေအမုန်းပွါးစေအောင်နိင်ငံရေးနှင့်ပုဂ္ဂိုလ်ရေးရောထွေးလုပ်ကြံပြီးထင်ရာမြင်ရာပြောချင်ရာပြောနေတာတွေတွေ့နေရလို့ပါ…..ရေးနေတဲ့သူကိုယ်တိုင်ကကြဘာမှမလုပ်ကြပါပဲနဲ့..လေနဲ့ပဲသူများရဲ့ဘဝတွေကိုချောက်တွန်းပီးခုတ်ရာတစ်ခြားရှရာတခြားပြောချင်ရာဇွတ်ပြောပြီးဘေးထိုင်ဘုပြောပြီးကျန်တော့်ကိုအဖမ်းခံစေချင်တဲ့ဒလန်အချို့ကသပ်သပ်ရှိနေတယ်……သတင်းလွှင့်တဲ့သူကဘယ်သူဘယ်ဝါဘာ အလုပ်လုပ်တယ်ဘယ်မှာနေတာလည်းဆိုတာလည်းသိပါတယ်..ဒါပေမဲ့ပြောချင်ရာပြောဆိုခွင့်ဆဲဆိုခွင့်ရနေတဲ့အချိန်မီု့ကျန်တော်မျက်ကွယ်ပြုကာသူတို့ကိုအပစ်မမြင်ပဲကြိုးစားပီးနေခဲ့ပါတယ်….

ကျန်တော့်ရဲ့သမိုင်းကြောင်းကို သေချာပြန်ကြည့်ရင်သိနိင်ပါတယ်…ကျန်တော်ကို သက်သက်ကြီးရည်ရွယ်ချက်ရှိရှိနဲ့နဲ့တိုက်ခ်ုက်ရအောင်…ကျန်တော့်ကလည်း သူဠေးတစ်ယောက်လည်းမဟုတ်ပါဘူး..ကျန်တော့်အမေသင်ပေးတဲ့စက်ချုပ်ပညာနဲ့အသက်မွေးဝမ်းကြောင်းပြုပြီးလှူတန်းသင်တန်းပြနေတဲ့စက်ချုပ်သမားတစ်ယောက်ပါ…….။“ကိုယ်ရဲ့နေရာ… ကိုယ်ရဲ့တာဝန်… ကိုယ့်ရဲ့ခံယူချက်..ကိုယ့်ရဲ့လုပ်ဆောင်ချက်ကိုယ့်ရဲ့သမိုင်းကိုမိမိကိုယ်သာလျင်မိမိအသိဆုံးမို့…လိပ်ပြာလုံရဲ့လားဆိုတော့…..အရမ်းလိပ်ပြာလုံတာပေါ့…..လူပီသတဲ့ လုပ်သင့်လုပ်အပ်တဲ့လုပ်ရပ်တွေကို အဓိကနဲ့သာမညခွဲခြားသိမြင်ပီး လုပ်နိင်သမျှလုပ်ခွင့်ရခဲ့တဲ့အချိန်တွေမှာ ထိထိမိမိလုပ်ခဲ့ပီးပြီလေ..ဒီလိုအချန်ဒီလိုကာလမှာ(အဖြု)(အမဲ )(မိတ်ဆွေ )(ရန်သူ)ကွဲပြားတဲ့ကာလမို့အားလုံ းရင်ထဲမှာအရာအားလုံးမှတ်ထားပါတယ်….

သေချာတာတစ်ခုကတော့ ကျန်တော့်ရဲ့ designer လုပ်သက်(၁၄နစ်)အတွင်းမှာယနေ့အချိန်ထိ မည်သူတစ်ဦး တယောက်ရဲ့ဩဇာအာဏာလွှမ်းမိုးမှူကိုမခံပဲကျန်တော့်ရဲ့ ရွေးချယ်မှူဆုံးဖြတ်ချက်နဲ့သာယနေ့အချိန် ထိရပ်တည်လာတာဖြစ်တဲ့အတွက် ကျန်တော်အမြဲလိပ်ပြာလုံနေပါတယ်….Fb သုံးခဲ့တဲ့ကာလတလျောက်လုံးလည်းသူများကို တိုက်ခိုက်ပုတ်ခတ်ပြီးဆဲဆို စောင်းမြောင်းပြောဆိုချင်းတွေမလုပ်ခဲ့ဘူးဆိုတာFb ကသူငယ်ချင်းတွေသိမှပါ…အခုလိုအချိန်မှာ လူတွေအားလုံးအလုပ်အကိုင်တွေ အဆင်မပြေစီးပွါးရေးတွေအဆင်မပြေဖြစ်နေချိန်မှာဒီလိုအကြောင်းတွေလည်းမရေးချင်ပါဘူး…ချစ်ခင်ရတဲ့မိတ်ဆွေ သူငယ်ချင်းတွေ..ကျန်တော့်အမေတို့ကလည်းပြန်မရေးဖို့ပြောကြပေမဲ့တချို့မသိသေးတဲ့သူတွေတမျိုးထင်မှာစ်ုးလို့ရေးလိုက်မိတာပါ….သေချာတာတစ်ခုကတော့…ကျန်တော်လည်းပြည်သူထဲက သမာအာဇီဝကျကျလုပ်ကိုင် ရှာဖွေစားသောက်နေရတဲ့ ပြည်သူတစ်ယောက်ပေမို့ပြည်သူနဲ့တစ်သွေးထဲ တစ်သားထဲရှိနေခဲ့တာရက်ပေါင်း(၁၀၀)ကျော်နေပါပြီဆို တာလေးပြောပါရစေ………”ဆိုပြီး ပွင့်ပွင့်လင်းလင်းရေးသားလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

crd : MM Load

About the author

Ms Cele

Leave a Comment