Celebrity
Written by Ms Cele
Credit
သူ့ကြောင့် ဘယ်သူမှ မျက်ရည်ပေါက်ကြီးငယ်မကျစေရကြောင်းကို ပရိသတ်တွေသိအောင်ပြောပြလာတဲ့ အောင်မင်းခန့်
သရုပ်ဆောင်အောင်မင်းခန့် ကတော့ ဇာတ်ကားတွေမှာပါဝင် သရုပ်ဆောင်ရင်း ကျရာဇာတ်ကောင်မှာအကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့်ပရိတ့သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိ ထားတဲ့မင်းသားချောပဲဖြစ်ပါတယ်၊ အောင်မင်းခန့် ကတော့ အခက်အခဲဖြစ်နေတဲ့ပြည်သူများကိုလဲလိုအပ်တဲ့ ဆေးဝါးတွေးလိုက်လံလှူဒါန်းပေးနေတာပဲဖြစ်ပါတယ်နော်။ အောင်မင်းခန့်ကတော့တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်ပြီးလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာလဲအားတက်သရောပါဝင်ခဲ့ပါတယ်၊အခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင်အောင်မင်းခန့်ကအောင်မြင်ဆိုတာသူတစ်ပါးကိူကူညီတာလဲအောင်မြင်မှုတစ်ခုပါဆိုတဲ့အကြောင်းကိုအခုလိုပြောကြားလာပါတယ်နော်။
အောင်မင်းခန့်ကအောင်မြင်မှု၊ အများသိကြတဲ့အောင်မြင်မှုဆိုတာငွေကြေးချမ်းသာခြင်းတို ့ဘွဲ့ထူးဂုဏ်ထူးရခြင်းတို့အမည်နာမကျော်ဇော်ခြင်း စသည်ဖြင့်အမျိုးမျိုးရှိတယ်၊ အဲ့လိုမျိုးတွေကိုရအောင်လဲနေမနားညမအားကြိုးစားရင်းနဲ့ အောင်မြင်မှုရတဲ့သူရှိသလို မရရှိတဲ့သူတွေလဲရှိတယ်။ကျနော်ဒီကနေ့လို အချိန်မျိုးမှာတခြားသောအောင်မြင်မှုတမျိုးကိုသိလာရတယ်၊ အဲ့တာကကိုယ်ကြောင့်သူတပါး ဒုက္ခမရောက်ရတဲ့အောင်မြင်မှုမျိုးပါ၊ကျနော်ရန်သူအမျိုးမျိုးကိုတွန်းလှန်နိုင်တဲ့ အင်အားရှိချင်မှရှိမယ်။
သတ္တဝါတဦးတကောင် တယောက်ကို ကယ်တင်နိုင်တဲ့လက်တစုံ ရှိနေရမယ်၊ ကျနော်အောင်မြင်မှုကြီးကြီးမားမားမရရင် နေပါစေ၊ကျနော်ကြောင့်ဘယ်သူမှမျက်ရည်တစက်မကျစေဘူးအဲ့ တာလဲအောင်မြင်မှုတပါးပါပဲမြင်တယ်။မိမိကိုယ်လိုချင်တဲ့အောင်မြင်မှုမျိုးကို မရရှိနိုင်ခဲ့ရင်တောင်မှကိုယ်ကြောင့် သူတပါးဆင်းရဲဒုက္ခမရောက်တဲ့ အောင်မြင်မှူမျိုးကိုပိုင်ဆိုင်နိုင်ပါစေ၊ သစ်ပင်ကောင်းလို့ ငှက်တသောင်းနားနိုင်တဲ့ အခြေနေမျိုးမရှိရင်တောင် လူတယောက်ကိုဖေးကူဖို့လက်တစုံရှိအောင် ကြိုးစားမယ်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန့်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Credit
About the author
Ms Cele
Leave a Comment