Celebrity


Written by Ms Cele





Credit: Cele Zone
Source:Yu Thandar Tin

သင်္ဘောကြီးပေါ်မှာ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းဖြစ်သူနဲ့ ပြန်တွေ့ရလို့ ဝမ်းသာပျော်ရွှင်နေတဲ့ ယုသန္တာတင်

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် ပရိသတ်အခိုင်အမာ ရရှိလာတဲ့ မင်းသမီးချော ယုသန္တာတင် ကတော့ ထူးခြားတဲ့ သရုပ်ဆောင် စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာတင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပါ ။ သူမရဲ့ သရုပ်ဆောင်မှု ဇာတ်ကားတော်တော်များများကလည်း ပရိသတ်တွေအကြိုက် တွေ့ခဲ့ရတဲ့ ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်နော်။

သူမကတော့ ခရီးတွေ ထွက်ရတာ ဝါသနာပါသူလေးဖြစ်ရာ ခရီးစဉ်တစ်လျှောက် အမှတ်တရ ပုံရိပ်တွေကိုလည်းဖော်ပြခဲ့ တာလည်းတွေ့ရပါတယ်။အခုလည်း အရမ်းမိုက်တဲ့ ဇိမ်ခံသင်္ဘောကြီးစီးရင်း အပန်းဖြေခရီးထွက်နေတာဖြစ်ပြီး ခရီးစဉ်လေးမှာ မထင်မှတ်ပဲနှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းရီရီနဲ့ ပြန်လည်တွေ့ဆုံခဲ့လို့ အတိုင်းမသိပျော်ရွှင်နေကြောင်းကို ပုံလေးနဲ့တကွ ခုလိုစာလေးရေးကာ ဝေမျှထားတာဖြစ်ပါတယ်။

“နှစ်ပေါင်းများစွာ ကွဲကွာနေသော နှစ်ယောက်..မချိန်းဘဲ လာတွေ့….ပျော်ကြသည်ပေါ့နော်..”စာလေးပဲဖြစ်ရာ ပျော်ရွှင်နေတဲ့ ယုတို့ သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း ကိုယ်ပါအပျော်တွေ ကူးစက်မိတာ အမှန်ပါပဲနော် ။ယုတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်ဝေမျှပေးလိုက်ပါတယ်။

Credit: Cele Zone
Source:Yu Thandar Tin

About the author

Ms Cele

Leave a Comment